အတိတ်ဆီက အရိပ်
ဟိုး အတိတ်ဆိုတာ ခပ်ပျပျလေး ဝေးဝေးမှာ ကျန်ခဲ့ပေမဲ့ ငါ့အတွက်တော့ မေ့စရာရယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။ အမှတ်တရတွေ များစွာရှိခဲ့ကျတဲ့ ငါတို့ရဲ့ အတိတ်ဆိုတာထက် အမြဲတမ်းမက်ခွင့်ရတဲ့ အိမ်မက်ခါးခါးဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငါ့အတွက်တော့ နင်ဟာ အမြဲတမ်း ချိုမြိန်တဲ့ လတစ်စင်းပါချစ်သူ။ ငါတို့ မက်ချင်တဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝက တစ်လမ်းဆီဆိုတာ သိခဲ့ရင် ငါ နောက်ပြန်လှည့်ပေးခဲ့ပါတယ်။ အခုတော့ ဘဝတွေက ပြောင်းလဲခြင်း သီအိုရီရဲ့အောက်မှာ တစ် အပေါင်း တစ်တော့ မဟုတ်ခဲ့ကျဘူး။ ဇာတ်ကွက်လေးတစ်ခုလောက်တောင် မေ့မထားနိုင်တဲ့ ငါက နင့်ကို အခုထိ တမ်းတနေဆဲပါ။ နင်ကတော့ လှည့်ထွက်သွားသူတွေရဲ့ ထုံးစံအတိုင်း တော်ရာမှာ ပျော်နေရောပေါ့ဟာ။
ကတ္တီပါနှင်းစက်တွေနဲ့ ဖြန့်ကျဲထားတဲ့ ဒီလို ဆောင်းရက်တွေဆို နင့်ကို ပိုသတိရတယ်။ နှင်းစက်တွေ ရွှဲစိုနေတဲ့ မြတ်ပင်စိမ်းစိမ်းလေးတွေပေါ်မှာ ယှက်တိုက်ပြေးဆော့ကျရင်း ပျော်ခဲ့ကျဘူးတာ နင် မှတ်မိလား။ လင်းနစ်ရဲ့ ဒီဇင်ဘာည တေးသံဟာ ငါ့ အတွက် အခုအချိန်ထိ ဆောင်းညကို အသက်သွင်းနေတဲ့ နောက်ခံတေးတစ်ပုဒ်ပေါ့ ချစ်သူ။ တိုက်ဆိုင်မှုတွေ များတဲ့ နင်နဲ့ငါရဲ့ အတိတ်ဟာ ဘယ်လိုပုံဖော်လိုက် ပုံဖော်လိုက် လှပခြင်းမရှိတာတော့ သေချာပါတယ်။ ငါ ကြားဖူးတဲ့ စကားတစ်စုလို။ အတိတ်ကို ပြန်သတိရနေခြင်းဟာ အုတ်ဂူ အဟောင်းတစ်ခုကို ပြန်ဖွင့်တာနဲ့တူတယ်တဲ့။ အထဲမှာ ပုတ်အဲ့နေတဲ့ မသတီစရာ မြင်ကွင်းက လွဲရင် ဘာတွေ့ရမှာလဲ။ ဒါပေမဲ့ ငါက နင်နဲ့ ပတ်သက်ပြီး အကောင်းအဆိုးကို ခံယူတက်သူပါ။
မြင်နေကျ လမ်းမထက်က ပန်းပွင့်ကြွေတစ်ချို့ကြောင့် နှစ်တွေအတော်ကြာသွားတဲ့ ဇာတ်သိမ်းပိုင်းတစ်ချို့ ငါ့ ရင်ထဲ ပြန်ဝင်လာခဲ့တယ်။ ဒိုင်ယာလော့အချို့ကို အသက်သွင်းကြည့်ဖို့ ကြိုးစားရင်း ငါတို့လမ်းခွဲကျမယ်ဆိုတဲ့စကားကို လေပြေလေးအဖြစ်တောင် ငါ ပြောမထွက်ခဲ့သူပါဟာ။ မုန်းလိုက်တော့ဆိုတဲ့ စကားသံက ခါးသက်ပေမဲ့ တုန်ရီနေတာက သူနဲ့ ဆန့်ကျင်ဘက်ရလာဒ်လို့ ငါ မျှော်လင့်နေသေးတယ်။ ဒီဇာတ်လမ်းမှာ နင်လည်း အမုန်းမရှိသလို ငါလည်း အဆုံးမရှိ ချစ်ခြင်းတွေရှိတယ်။ အရမ်းချစ်ကျပြီး ဘာလို့ လမ်းခွဲကျပါလိမ့်နော်လို့ ပြောတဲ့သူတွေကို ငါ သနားတယ်။ အချစ်ထက် အရေးကြီးတဲ့ အရာတွေအတွက် စတေးလိုက်ရတဲ့ နုလုံးသားတွေ ဘယ်နှစ်စုံလောက်ရှိခဲ့ပြီလည်းဆိုတာ သူတို့ မေ့လျော့ထားကျလို့ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရမှ အချစ်လို့မည်တာ မဟုတ်ဘူးလေ။ ပေါင်းစပ်ဆုံစည်းခွင့် မရပေမဲ့လည်း ကိုယ့်ချစ်သူကို သေသည်အထိ တစ်မြေ့မြေ့နဲ့ ချစ်သွားတာလည်း အချစ်စစ်ဆိုတာကို ပိုပြီး ဂုဏ်ရှိစေပါတယ်။
နင့်ကြောင့် ချစ်တက်သွားသွားတဲ့ အရာအားလုံးထဲက ဇာတ်သိမ်းမလှတဲ့ ငါတို့ အကြောင်းလေးကို မေ့လျော့ရင်း ပိုပြီးတန်ဖိုးထားချစ်နေပါ့မယ် ချစ်သူ။ ဆောင်းညတွေမှာ အိမ်မက်ရှည်ကြီးမက်ရင်း နင် ပြန်လာမလားလို့ ငါ မမျှော်တော့ပါဘူး။ ဒါပေမဲ့ ရွက်ခြောက်သံတွေ ကြားလိုက်တိုင်း နင့်ခြေသံလို့ ထင်နေတဲ့ စိတ်ကိုတော့ ငါလေ သက္ကရာဇ် တော်တော်များများကို ကျော်ဖြတ်နင်းလျှောက်ရအုံးမှာပါဟာ....
@suhlaing
msc 175
Posted using Partiko Android
ဒီဇင်ဘာည အဖြူရောင်မြူနှင်ကြားမှာ
ဒီလိုအချိန်လေး.....
လင်းနစ် အသံနဲ့တူလားတော့သိဘူး 😁
အသံကောင်းတာ ဘထွေးရေ နောက်တစ်ပိုဒ်လောက်
ညီမရဲ့ပိုစ့်ကို C2 myanmar curator team မှ ရွေးချယ်ပေးလိုက်ပါတယ်။
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
thanks
ဆောင်းညရဲ့ အလွမ်းမိုင်တိုင်တွေလား 😄
Posted using Partiko Android
လွမ်းရက်ညရှည်တွေပါအေ
Posted using Partiko Android
အရေးအသားက မိုက်တယ်ဗျာ။ ထိတယ်ဟေ့.....
ကျေးဇူး ကိုမဟော်ရေ
မော်ဒန်တွေလည်း ရတာပဲလားဟ
မော်ဒန်နဲ့ စခဲ့ဘဲ ဦးဇင်းရေ
Posted using Partiko Android
အယ်လဲ့ လန်းတေ စုရာ မယ်ကြည်လဲ ချစ်ပါရစေ😁
Posted using Partiko Android
အချစ်ရှိတာအကောင်းဆုံးပေါ့မယ်ကြည်ရေ ချစ်ပါရှင့်
Posted using Partiko Android
အချစ်အကြောင်းလေးတွေရေးချင်သေးတယ်ဗျာ
ဒါပေမဲ့စိတ်နဲ့လူနဲ့မကပ်သေးဘူးဗျာ
ကပ်တဲ့နေ့ ထရေးပါ ဦးယုရေ
စောင့်မနေနဲ့ လွမ်းလည်း လွမ်းတယ် ချမ်းလည်း ချမ်းတယ် ဆာလည်း ဆာတယ် စောစောအိပ်လို့ စောစောထလို့ စောစော မေ့လိုက်ကြပါစို့ ☺
တီးတောင် တီးတောင်
ရင်တွေတောင်ခုန်တယ်
အယ်လယ့်