ချစ်သော .....
နွေမွန်
ချစ်သောနွေမွန်..
တွေးမိပါတယ်ငါမရှိတော့တဲ့မနက်ဖြန်တွေမှာ
နွေမွန့်ကိုဘယ်သူချော့မလဲလို့
ခုတော့လည်းပြီးဆုံးကြပြီ
စိတ်ဟောင်းလောင်းပွင့်နေတဲ့တံခါးချပ်ထဲ
ခြောင်းမကြည့်ပါနဲ့တော့နွေမွန်
အဲဒါငရဲ..
အဲဒါဟာငရဲသက်သက်ပါကွယ် ။
သံယောဇဉ်ကိုခွေးလေးတစ်ကောင်လိုမွေး
စိတ်ညွတ်ရာတွေဆီမသွားနိုင်အောင်တော့
ကြိုးခိုင်ခိုင်ချည်ထားရမှာပေါ့ ။
အဲဒါနွေမွန့်ကိုငါချစ်နေတဲ့တစ်ဖက်သတ်အချစ်ဆိုတာပါပဲ ။
နွေမွန်..
နင့်မျက်နှာညှိုးနေပါလား
နင့်ချစ်သူအသစ်ကနင့်ကိုပျော်အောင်မထားလို့လား
နင်ကြိုက်တတ်တဲ့သီချင်းတွေဆိုမပြလို့လား
နင့်ကိုညတိုင်းချော့မသိပ်လို့လား
နင်နားထောင်ချင်တဲ့ဒေဝေါပုံပြင်ကို
စိတ်ပါလက်ပါမပြောပြလို့လား
ဟော...
ပြောရင်းနင်မျက်ရည်ကျလာပြန်ပြီ
ကဲ ကဲ မငိုနဲ့တော့မိနွေမွန်
နင့်ချစ်သူကိုယ်စား
ငါ့ကိုယ်စောင့်နတ်ကိုနင့်နဘေးမှာလိုက်စောင့်ရှောက်ခိုင်းထားတယ်
ငါ့ကဗျာတွေထဲမှာပါတဲ့နင့်အကြိုက်တွေကိုသိအောင်
နင့်ချစ်သူကိုငါ့ကဗျာတွေပေးဖတ်ခိုင်းလိုက်မယ် ။
နင်မငိုနဲ့တော့နော်မိနွေမွန်
အချစ်ဆိုတာဘာမှမဟုတ်ပါဘူးနွေမွန်ရယ်
တစ်ချို့သူတွေအတွက်ဆိုအချစ်ဟာ
ကွမ်းစားဆေးသောက်ကျပျောက်သလောက်တောင်တန်ဖိုးမရှိဘူး ။
