ဘက်တီးရီးယားများ၏ သက်ရှိဘ၀ နှင့် လုပ်ဆောင်ချက်များအကြောင်း ( Life and Function of Bacteria )

in #myanmar7 years ago

ဘက်တီးရီးယားများ၏ သက်ရှိဘ၀ နှင့် လုပ်ဆောင်ချက်များအကြောင်း ( Life and Function of Bacteria )
bacteria (3).jpg

ဘက်တီးရီးယားများသည် အလွန်သေးငယ်သော သက်ရှိလေးများဖြစ်သည်။၎င်းတို့ကို သာမန်မျက်စိဖြင့် ကြည်လျှင် မမြင်နိုင်ပါ။ချဲ့အားကောင်းသော အဏုကြည့်မှန်ဘီလူး (microscope) အောက်တွင် ကြည့်မှသာလျှင် မြင်နိုင်ပါတယ်။ဘက်တီးရီးယားများသည် အလွန်သေးငယ်သည်ဟု ဆိုရသော်လည်း ဗိုင်းရပ်စ် (Virus) ထက်တော့ အရွယ်အစား ကြီးပါတယ်။ဘက်တီးရီးယားများကို လေ့လာတဲ့ဘာသာရပ်ကို Microbiology ၏ ဘာသာရပ်ခွဲဖြစ်တဲ့ Bacteriology ဟု ခေါ်ပါတယ်။ဘက်တီးရီးယားသည် ကမ္ဘာပေါ်မှာလွန်ခဲ့သော နှစ်သန်းပေါင်းများစွာထဲက ရှင်သန်ခဲ့ကြသော သတ္တ၀ါငယ်လေးများဖြစ်ပါတယ်။ဘက်တီးရီးယားများသည် prokaryotic microorganisms များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ပုံမှန်အားဖြင့် ဘက်တီးရီးယားများ၏ အလျားသည် မိုက်ခရိုမီတာမျှသာ ရှည်လျား ပါတယ်။ဘက်တီးရီးယား အကောင် ၁၀၀၀၀ ခန့် တန်းစီလိုက်ရင် ၁ မီလီမီတာရှိပြီးတော့ ပုံစံအားဖြင့်အရေအတွက်များစွာရှိပါတယ်။
bacteria (2).jpg
ဘက်တီးရီးယားဆဲလ်တွေကို ဆဲလ်အမြှေးပါး ( cell-membrane or plasma membrane) ဖြင့် ၀န်းရံထားပါတယ်။
‌ဘက်တီးရီးယားတွေ၏ ပုံစံတွေဟာဆိုရင် ကော်မာပုံ (comma-shape) ၊ စက်လုံးပုံ (spherical-shape) ၊တုတ်ချောင်းပုံစံ (rod-shape) နှင့် စပရိန်ပုံ (spiral-shape)ံများရှိတတ်ကြပါတယ်။၎င်းတို့ရဲ့ ပုံသဏ္ဍန်ကို ဆဲလ်နံရံက ပုံဖော်ပေးပါတယ်။ဘက်တီးရီးယားအများစုဟာ ကမ္ဘာမြေကြီးပေါ်မှာ များသောအားဖြင့် ရှင်သန် နေထိုင်တတ်ကြပြီး အချို့ကတော့ ရေထဲ ၊ အက်ဆစ်ဓာတ်ရှိသော ရေပူစမ်းတွေနှင့် ရေဒီယိုသတ္တုကြွ အညစ်အကြေးတွေနှင့် ကမ္ဘာမြေကြီး၏ မြေမှုန့်များထဲမှာ ရှင်သန်နေထိုင်ကြပါတယ်။အချို့ကလည်း အပင်နှင့် သတ္တ၀ါ တွေမှာ ကပ်ပါးကောင်များအဖြစ်လဲ နေထိုင်ကြပါတယ်။ပုံမှန်အားဖြင့် ဘက်တီးရီးယားများသည် မြေမှုန့် တစ်ဂရမ် နှင့် တစ် မီလီလီတာခန့်ရှိသော ရေထဲတွင် ဘက်တီးယား သန်းပေါင်း ၄၀ ခန့်ပါဝင်နိုင်ပါသည်။ဘက်တီးရီးယားတွေဟာဆိုရင် အပင်နှင့် သတ္တ၀ါတွေကို ရောဂါတွေ ဖြစ်ပွားစေနိုင်သလို ၄င်းရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားတွေကို ပြန်သတ်ပေးတဲ့ ပဋိဇီဝ ဘက်တီးရီးယားများလည်းရှိပါတယ်။ပဋိဇီဝဘက်တီးရီးယားတွေဟာ သတ္တ၀ါတွေရဲ့ ရောဂါကို ကူညီနိုင်ဖို့ ပဋိဇီဝ တွေကို ထုတ်လုပ်ပေးတာမဟုတ်ပါဘူး။ ဘက်တီးရီးယားအချင်းချင်း ယှဉ်ပြိုင်တဲ့အခါမှာ အခြားဘက်တီးရီးယားတွေကို အနိုင်ယူဖို့အတွက် ပဋိဇီဝကို ထုတ်လုပ်ကြခြင်းဖြစ်ပါတယ်။အပင်တွေမှာဆိုရင် အပင်၏ အစာကြော နှင့် ရေကြောထဲသို့ ၀င်ရောက်လာတဲ့ ဘက်တီးရီးယားတွေကြောင့် အပင်တွေကို သေဆုံးနိုင်ပါတယ်။

bacteria (1).jpg

သတ္တ၀ါတွေရဲ့ အူထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားများဟာဆိုရင် ဗိုက်တာမင် ဓာတ်ကို ထုတ်လုပ်ပေးတဲ့အတွက်ကြောင့် ၄င်း ဘက်တီးရီးယားများသည် သတ္တ၀ါအတွက်အလွန်ပင်အရေးပါလှပါတယ်။အူထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက အခြားဘက်တီးရီးယားတွေ ဆက်လက်ပေါက်ပွားတာမျိုးမဖြစ်စေရန်အတွက် ၄င်းဘက်တီးရီးယားများက တားဆီးပေးနိုင်စွမ်းရှိပါတယ်။ဒါ့အပြင့် အပင်နှင့် သတ္တ၀ါ တွေမှာရှိတဲ့ Mitochondria သည် Alpha-Proteobacteria မျိုးနွယ် နှင့် Chloroplast ( သတ္တ၀ါတွင်မရှိဘဲ အပင်တွင်သာရှိပါသည်။) များသည် Cyanobacteria ကပြောင်းလာခဲ့သော ဘက်တီးရီးယားများသာဖြစ်ခဲ့ကြပါတယ်။ကျွနုပ်တို့ နေစဉ် ရှုရှိုက်နေတဲ့ အောက်ဆီဂျင် ကို အင်္ဂါနုပ်လို့ခေါ်တဲ့ (Mitochondria) ထဲမှာ လောင်မြိုက်စေပါတယ်။လူသားတွေ နေ့စဉ်လူပ်ရှားသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ၄င်း Mitochondria များမှ ထုတ်ယူသုံးစွဲနေရခြင်းဖြစ်ပါတယ်။အပင်တွေမှာလည်း သတ္တ၀ါတွေမှာရှိတဲ့ (Mitochondria) တွေရှိရုံသာမက Chloroplasts ( စိမ်းရောင်ခြယ်ပစ္စည်းတစ်မျိုး) များလည်းပါဝင်ပါတယ်။Chloroplasts တွေဟာဆိုရင် နေ၏ အလင်းရောင်စုပ်ယူပြီး အပင်ဆဲလ် (cells) အတွက် လိုအပ်သော စွမ်းအင်ကို သိမ်းထားကြပြီးနောက် သကြားဓာတ် (sugar) နှင့် ကဆီဓာတ် (starch) အဖြစ် အစာချက်လုပ်ကြပါတယ်။ဘက်တီးရီးများသည် အပင်နှင် သတ္တဝါတွေ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား များ ကောင်းကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားများ ရှိယုံသာမက စက်ရုံ ဒိန်ခဲ ၊ ဒိန်ချဉ် နှင့် ကစော်ဖောက်ခြင်း လုပ်ငန်းတို့မှာလည်း များစွာ အရေးပါသည်။
bacteria (4).jpg
‌ဘက်တီးရီးယားတွေ၏ ကြီးထွားမှု့ပုံစံ ၊ မျိုးပွားခြင်း ( ဆဲလ်ကွဲပြားခြင်းနည်းဖြင့် ) သည် ဆဲလ်များစွာရှိသော (multicellular) သက်ရှိတွေနှင့် လုံးဝမတူပါ။ဘက်တီးရီးယားသည် တိကျတဲ့ အရွယ်အစားရောက်သည့်အထိ ကြီးထွားပြီးလျှင် (Binary fission ) ဟုခေါ်သော နှစ်ခုကွဲထွက်သွားပြီး လိင်မဲ့နည်းဖြင့် မျိုးပွားကြသော သက်ရှိငယ်လေးများဖြစ်ကြပါတယ်။သင့်တော်တဲ့ အခြေအနေအောက်မှာဆိုရင် ဘက်တီးရီးယားများသည် လျှင်လျှင်မြန်မြန် ကြီးထွားလာနိုင်ပြီးတော့ ကိုးမိနစ် (သို့မဟုန် ) ရှစ်မိနစ် ခန့်မှာတော့ ၄င်းတို့၏ အရေအတွက်ဟာဆိုရင် နှစ်ဆခန့်ပွားများလာနိုင်ပါတယ်။ဘက်တီးရီးယားများသည် ၄င်းတို့၏ DNA ပုံစံတူတစ်ခုကို ကူးယူပြီး ဆဲလ်တစ်ခုကနေ တစ်ခုအဖြစ်ကွဲထွက်သွားတဲ့အခါ DNA ပုံစံတူ ဘက်တီးရီးယားဆဲလ် အသစ်နှစ်ခုဖြစ်လာပါတယ်။
Thanks you ( Original By; steemloverr )
Photocredit >>>>> Google image

Sort:  

Good knowledge.

Thanks you sir

good artical

ကျေးဇူးပါ

ဟား အရန်းဗဟုသုတ ရစေပါတယ် တားတို့ကိုလည်းသင်ပေးပါအုံးကွီး ဘက်တီးရီးယားရယ် နော်

ကျနော် မသင်တတ်ပါ

စောင့် ဖတ် နေပါ၏

ဟုတ်ကျေးဇူးပါ အကို

nice post bro

ကျေးဇူးပါ အကို

Very good khowledge

ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 69212.15
ETH 2511.68
USDT 1.00
SBD 2.57