အတူလက်တွဲ လျှောက်ကြပါစို့

in #myanmar6 years ago

images.png

မတူညီတဲ့အသားရောင်တွေကြားထဲက
လည်ပတ်စီးဆင်းနေတဲ့ငါ့ရဲ့သွေးတွေဟာလည်း
ရဲရဲနီစွေးပါတယ်ကွယ်။
ရွှေလင်းဗန်း နဲ့ ရွှေဇွန်းမကိုက်ခဲ့လည်း
ငါတို့တွေရဲ့ မိခင်ကမွေးပေးလိုက်ကြတာ
အေးမြတဲ့မေတ္တာတွေစီးဆင်းခဲ့ကြတာပါကွယ်။
တော်မဝင် ဂုဏ်မတင့်တဲ့ အမျိုးပေမဲ့
ကြီးပြင်းတဲ့ကာလတစ်လျှောက်
မင်းလျှောက်ခဲ့တဲ့လမ်းဟာရဲတိုက်ကြီးရဲ့
အရှေ့က ပန်းခင်းတဲ့လမ်းဆိုလည်း
ငါ့အမေ ခင်းပေးတဲ့မေတ္တာလမ်းတွေဟာ
မင်းပန်းခင်းလမ်းလိုပဲ မွှေးမြခြင်းအတိနဲ့
ကြီးပြင်းလာကြချင်း အတူတူပါကွယ်။
တစ်ကယ်တော့လေ ငါတို့ရဲ့ ခမ်းနားတဲ့
ချစ်ခြင်းတွေထပ်တဲ့ပွဲမှာအသဲတစ်ခုလုံး
မင်းအပေါ်ပုံလို့ နှလုံးသားတွေ
ရှေ့ဆက်ပြီး မင်းအတွက်ပဲခုန်နေမယ်ဆိုတာ
ငါ့ရင်လွှာကြားက သစ္စာစကားတွေမင်းအပေါ်
အပ်နှင်းရင်း အသားရောင်ခြင်းခြားနားတာဟာ
ငါတို့ကမ္ဘာထဲကမောင်းထုတ်လို့
ရွှေရောင်အတိလွှမ်းတဲ့မေတ္တာပန်းခင်းကြီးထဲ
လျှောက်ကြပါစို့ အချစ်ရယ်။
black-and-white-wolf-images-wallpaper.jpg

@steemitarrman

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51