သို့ / ဖေဖေ

in #myanmar6 years ago

ဒီနေ့တော့အဖေနေရာရောက်လာမဲ့ ယောကျာ်းကောင်းတွေသိဖို့ဒီပို့လေး ရေးလိုက်ပါတယ် နေညိုရင်လေပြိုတယ်ဆိုတဲ့ လူတွေရဲ့စကားအတိုင်း ညနေတစ်ညနေမှာအောင်အောင်ရဲ့အဖေ ဦးထွန်းလူလေပြို လာခဲ့တယ် မူးလာတဲ့သူတွေရဲ့ထုံးစံအိုင်းရစ်တာပေါ့ အောင်အောင်အမေဒေါ်စံပယ်နဲ့ မခံနိုင်တဲ့အဆုံး စကားများပါလေရော........
ပတ်ဝန်း ကျင်ကရှိနေတော့ အောင်အောင်အဖိုးကဝင်ထိန်းတဲ့အခါဦးထွန်းလူ အိမ်က နေ အပြင်ခဏထွက်သွားပါတယ် အဲဒီအချိန်မှာ အောင်အောင်အဖိုးကသူသမီးဒေါ်စံပယ်ဆုံးမပါတယ် အောင်အောင်တယောက်အဖေနဲ့အမေစကားမျာနေတော့အနားမကပ်ရဲပဲ အဖိုးပြောတဲ့စကားတွေကို ခိုးနားထောင်နေခဲ့တယ်သူဘဝမှာလုံးဝမေ့ပျောက် လို့မရတဲ့စကားလုံးတွေဖြစ်ခဲ့တယ် " ဟဲ့ စံပယ် ယောကျာ်းဆိုတာ မိန်းမကထိန်းသိမ်းပြုပြင်ရတာ ငါလည်းအရင်ကအရက်သောက်တာပဲ နင်တို့အရွယ်ရောက်တော့ ငါ့သားသမီးကို အရက်သမားသား အရက်သမားသမီး လို့ပတ်ဝန်းကျင်က အပြောခံနိုင်လို့ အိမ်မှာသူများမသိအောင်သောက်တယ် နောက်ဆုံး မရ ရအောင်ဖြတ်ပစ်ခဲ့တယ် နင့်မှာသားသမီးတွေကြီးလာပီ နင့်ယောကျာ်းကို နားချတော့တဲ့ " အောင်အောင်အဖေကို ဒေါ်စံပယ် နားချမချတော့ မသိပါ အောင်အောင်တယောက်တော့ တော်တော်လေး နားကျသွားတယ်...........27336979_677116199343991_6777030479619724156_n.jpgအောင်အောင်ဟာသူ့ကိုအရက်သမားသားလို့ခေါ်ရင် စရင် အရမ်းကိုဒေါသထွက်ပါတယ် သူညီလေးတွေကို အရက်သမားသားလို့ သူမျာတွေစရင်လည်း အရမ်းစိတ်ဆိုးတတ်ပါတယ် ဒါကြောင့် အောင်အောင်ဟာသူကြီး လာရင် အရက်မသောက်ဖြစ်အောင်ကြိုးစားမယ် အဖိုးလို့နေမယ်လို့ ဆုံဖြတ်ချက်ချခဲ့တယ် ........
ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုရင် သူကိုယ်တိုင် သူ့အဖေ့ရဲ့အငွေ့အသက်ကိုခံစားနေခဲ့ရတယ် စာတွေဘယ်လောက်ကြိုးစားကြိုးစား ဆုတွေဘယ်လောက်ရနေပါစေ လူကြားထဲမှာသိမ်ငယ်ခဲ့ရတယ် ဒါကြောင့် "ငါ့အလှည့်ကျရင် ငါ့သားသမီးကိုအရက်သမားသား အရက်သမားသမီးလို့ အခေါ်မခံရအောင် ငါ့သားသမီးကို လူတွေအလယ်မှာ ငါ့လိုမသိမ်ငယ်စေရဘူး လို့"ဆိုပီး သူ့ကိုသူထိန်းကျောင်းခဲ့တယ်........ 27545295_677116302677314_4393815704527556204_n.jpgအောင်အောင်ဟာ မိဘကျေးဇူးကိုသိတတ်သောကလေးပီပီ သူ့အဖေကိုလည်းအပြစ်မတင်ခဲ့ဘူး သူ့ရဲ့ခံစားချက်ကို သူရင်ထဲမှာပဲသိမ်းထားခဲ့တယ် ................
ဒါကြောင့် အဖေဆိုတာမိသားစုအတွက်ပိုက်ဆံရှားပေးတဲ့တာဝန်တစ်ခုပဲမဟုတ်ပါ " အဖေဆိုတာ သား သမီးတွေရဲ့ ဒုတိယဘုရားသခင်ပါ"
အဖေနေရာမှာနေနေတဲ့ ဖခင်အားလုံးလည်းဘသားသမီးတွေရဲ့ရင်ထဲကခံစားချက်ကိုသိကြပါစေ..............
တနေ့နေ့ မှာဖခင်နေရာကို မဖြစ်မနေရောက်လာမဲ့ ယောကျာ်းအားလုံးအတွက်......
ဖခင်ကောင်းတွေဖြစ်ပါစေလို့ဆုတောင်းပေးလျက်.....27331940_677116496010628_9040953404219236749_n.jpg
Msc 236
@soeyan

Sort:  

အရက်​​သောက်​တဲ့အ​ဖေရှိလို့သားသမီး​တွေစိတ်​ညစ်​ရတာ​တွေပတ်​ဝန်းကျင်​မှာလည်းအမျာကြီး​တွေ့ဖူးပါတယ်​။

မှန်ပါတယ်ဗျာ

ကောင်းတယ်ဗျာ

ကောင်းပါတယ်ရှင့်

ကျေးဇူးပါ

ဆက်ရေး

ရေးပါ့မယ်

ဟုတ်တယ်။ဖခင်အရက်အလွန်အကျွံ သောက်ရင် မိန်းမဖြစ်သူနဲ့ သားသမီး စိတ်ဆင်းရဲဒုက္ခရောက်ရပါတယ်။

အခြေခံလူတန်းစားတွေမှာအများဆုံးအဖြစ်များလို့ပါ

ဖခင်က မိသားစုအတွက်တော့ တံတိုင်းကြီးပါပဲ။

မှန်ပါတယ်

ကျေးဇူးပါ

စာသားလေးနဲနဲ တန်ဆာဆင်ရင် ပိုဖတ်လို့ကောင်းမှာ

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51