အချစ်များစွာ
အပိုင်း ၉
ရွှန်းလဲ့တစ်ယောက် သူမသူငယ်ချင်း နန္ဒာဝင့်သူကို သူမစိတ်နာသွားခဲ့ရတဲ့ ပိုင်မင်းသစ္စာအတွက် ဘယ်လိုလက်စားချေရမလဲလို့ တိုင်ပင်ဖို့ ဖုန်းဆက်ခဲ့ပေမယ့် နန္ဒာဝင့်သူဆိုတဲ့ပိုင်မင်းသစ္စာရဲ့ မိန်းကလေးက သူမသူငယ်ချင်းဖြစ်နေခဲ့တဲ့အတွက် စကားလမ်းကြောင်းကိုလွှဲဖို့ စတင်ခဲ့ရတော့တယ်……
" နင် ဘာဖြစ်သွားတာလဲ … လည်ချောင်း ဂျွတ်ထိုးသွားတာလားဟ… ငါကြားဖူးတာတော့ အစာမစားဘဲ ဂျွတ်ထိုးနေရင် တစ်ယောက်ယောက်က သတိရနေတာတဲ့… ဟီး ခုနင့်ကိုဘယ်ကောင်လေးသတိရနေတာလဲမသိဘူးနော် ခ်ခ်……"
ရွှန်းလဲ့တစ်ယောက် ဝမ်းနည်းစရာကောင်းတဲ့ ဒေါသထွက်စရာကောင်းတဲ့သူမအကြောင်းတွေကိုပြောပြနေရင်း ရယ်စရာအသွင်ကိုစကားလမ်းကြောင်းလွှဲခဲ့ပါတယ်...
ရွှန်းလဲ့တစ်ယောက် ဝမ်းနည်းစရာကနေ ရယ်စရာအဖြစ်စကားလမ်းကြောင်းလွှဲသွားမှန်း နန္ဒာဝင့်သူ ရိပ်မိပါတယ်...
" ရွှန်းလဲ့ ပိုင်မင်းသစ္စာရဲ့ချစ်သူ နန္ဒာဝင့်သူဆိုတာငါပါပဲဟာ… နင် ပြောမယ့်စကားကိုသာဆက်ပြောပါဟာနော်…"
နန္ဒာဝင့်သူတစ်ယောက် သူမသူငယ်ချင်းရွှန်းလဲ့ကို အကြံဥာဏ်တွေပေးနိုင်ဖို့နဲ့ ပိုင်မင်းသစ္စာအကြောင်းသေသေချာချာသိရဖို့အတွက် သူမကိုယ်သူမ ပိုင်မင်းသစ္စာရဲ့ချစ်သူဆိုတာဝန်ခံခဲ့ပါတယ်...
" အင်းပါ ဒါဆိုလည်းငါဆက်ပြောမယ်နော် နင်စိတ်တော့မဆိုးနဲ့ ..."
" အေးပါ "
ရွှန်းလဲ့ လည်း ပိုင်မင်းသစ္စာရဲ့အကြောင်းကိုအစအဆုံးပြောပြခဲ့ပါတယ်...နောက်ပြီး ပိုင်မင်းသစ္စာကို နည်းနည်းလောက်တော့ စိတ်ဒဏ်ရာဖြစ်အောင်လုပ်ချင်တယ်ဆိုတဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်...
နန္ဒာဝင့်သူလည်း ပိုင်မင်းသစ္စာရဲ့ အကြောင်းကိုအားလုံးသိလိုက်ရတော့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်...သူမ သူငယ်ချင်းကို အွန်လိုင်းပေါ်မှာကြိုက်ပြီး မလေးမစားနဲ့ တခြားသူတစ်ယောက်ကို အစားထိုးခဲ့တဲ့အကြောင်းတွေကြောင့် နန္ဒာဝင့်သူလည်း သူမသူငယ်ချင်းရွှန်းလဲ့ကို ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်...နန္ဒာဝင့်သူတစ်ယောက် ပိုင်မင်းသစ္စာကို သူမသူငယ်ချင်းရွှန်းလဲ့အတွက်ပညာပြန်ပေးဖို့ စတင်ခဲ့တော့တယ်…
ဇာတ်သိမ်းပိုင်းမျှော်
