Thinking My mind
ပထမဆုံး msc ရတဲ့ပို့ဒ်လေးမို့လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါ။ အမှားပါရင်လဲထောက်ပြကြပါ။
ညီလေးရေ ၊သဘာဝတရားက ၊အလှအပတွေနဲ့မို့ ၊ပကာသနတွေ ၊ဘေးဖယ်ထားပါ။
ညီလေးရေ ၊အနန္တဂိုဏ်းဝင် ၊ကျေးဇူးရှင် မိနဲ့ဖကို ၊လိမ္မာနှလုံး ၊ချိုသာစကားလုံးဖြင့် ၊ကိုယ်နှုတ်နှလုံး ၊စောင့်ထိန်းနိုင်စေ။
ညီလေးရေ ၊ပြောဆိုဆုံးမ ၊မိနဲ့ဖနှုတ်က ၊မလွဲဧကန် ၊အမှန်ဖြစ်မည် ၊လိုက်နာစည်းကမ်း ၊ဆုံးမစကားကို ၊တစ်သက်လုံးပင် ၊စွဲအောင်မှတ်ပေါ့။
ညီလေးရေ ၊တစ်ခါတစ်ရံ ဒေသထွက်မူ ၊သဘာဝအလှတရားကို ၊ကာလာမပြောင်းအောင် ၊မာန်မာနတွေ ၊ဒေါသတွေကို ၊ရင်ဝယ်ဖယ်ရှား ၊စောင့်ထိန်းနိုင်စေ။
ညီလေးရေ ၊ဘဝဆိုတာ ၊ဘနဲ့ဝမို့် ၊အလွန်တိုတောင်း ၊ဒီချိန်ခါဝယ် ၊တရား ဥပုဒ်စောင့်ထိန်းနိုင်စေ။
ညီလေးရေ ၊သံသရာမှာမကျင်လည်အောင် ၊ဗုဒ္ဓဟောကြား မြတ်တရားကို ၊ကိုယ်နှုတ်နှလုံး စိတ်ခန္ဓာတွင် ၊စွဲစွဲမြဲမြဲရှိပါလေ။
ညီလေးရေ ၊လူကြီးသူမသြဝါဒပေး ၊သူတို့တွေ့ကြုံဘဝခုံဝယ် ၊ကျင်လဲဖြတ်သန်း ဘဝခရီးလမ်းမှာ ၊ကျော်ဖြတ်ပုံတွေ နားထောင်လေ။
ညီလေးရေ ၊ငယ်စဉ်ပညာ ၊သင်စဉ်ခါဝယ် ၊ဆရာစကား ၊ဆိုဆုံးမကို ၊နားတွင်အမြဲ ၊ကြားနားမြဲစေ။
ညီလေးရေ ၊မာန်မာတွေဖြုံးလွှမ်း ၊ပကာသနတွေနဲ့ ၊မေတ္တာဆိုတာ ၊ရှာ၍မတွေ့ ၊သည်ကမ္ဘာငယ်ကို ၊လမ်းမှား၍တောင် ၊မရောက်စေနဲ့။
ညီလေးရေ ၊သာယာလှပ ၊ဒို့ကမ္ဘာဝယ် ၊ပညာထွန်းကား ၊မိတ်ဆွေများမယ် ၊မာန်မာနကင်း ၊မေတ္တာများမယ် ၊ဒေါသကင်းစင် ၊သောကကင်းဝေး ၊လောကငြိမ်းချမ်း ၊ဒို့ကမ္ဘာသို့ အစဉ်အမြဲ ၊ပြောင်းရွှေ့လာစေချင်။
ညီလေးရေ ၊လူကြီးပြောစကား ၊ဆိုဆုံးမစကား ၊ရင်မှာအမြဲထား ၊အမှားကင်းစင် ၊အမှန်ဖြစ်အောင် ၊တွေးတောဆင်ခြင် နိုင်လိမ့်မည်။
ညီလေးရေ သဘာဝလောကတရားကြီးဟာဖြစ်ပေါ်လာကတည်းက အလှတရားတွေနဲ့ပြည့်စုံ သာယာနေပါတယ်။ လူလောကမှာ ပကာသနတွေ မာန်မာနတွေ ကိုစွန့်ပစ်နိုင်မှာသာ သာယာလှပတဲ့လောက သဘာဝပတ်ဝန်းကျင်ကိုပိုင်ဆိုင်ရလိမ့်မယ်။
ညီလေးရေ မိဘတွေဆိုတာက အမေဆို ညီလေးကိုအသက်နဲ့ရင်ပြီးမွေးရ အဖေဆိုရင် ညီလေးတို့မိသားစုအတွက် ရှာကျွေးရ ဒီလိုကျေးဇူးတရားတွေက မြင့်မိုရ်တောင်ထက်တောင်မြင့်မားလှတဲ့ အနန္တဂိုဏ်ဝင် ကျေးဇူးရှင်မိဘနစ်ပါးကို လိမ်လိမ်မာမာ နဲ့ ချိုသာတဲ့စကားလုံးတွေနဲ့သာ ပြောကြရမယ်လေ။ ဒါမှ ကျေးဇူးမဆပ်ရသေးပင်မဲ့ ကျေးဇူးမကန်းရာကျမယ်လေ။
ညီလေးရေ မိဘနစ်ပါးက ပြောဆိုဆုံးမတာတွေကိုလဲနာခံရမယ်လေ။ မိဘဆိုတာ သူတို့ဘဝနဲ့နှိုင်းပြီး ညီလေးတို့ကိုဆုံးမတာကွဲ့။ အဲ့တော့သူတို့ဆုံးမတာက အမှန်တရာတွေကြီးပဲလေ။ ညီးလေးက မိဘစကားကိုမြေဝယ်မကျ နားထောင်ရမယ်နော်။
ညီလေးရေ လူတိုင်းဟာ စိတ်မသက်သာရာဖြစ်လို့ရှိရင်ဒေသထွက်တတ်ကြတယ်လေ။ အဲ့လိုဒေသထွက်ရင် သဘာဝတရားကအမှောင်ကျသွားလိမ့်မယ်။ အဲ့တော့ ဒေါသတွေ မာန်မာနတွေကို ဖယ်ရှားနိုင်ရမယ်နော်။
ညီလေးရေ အကိုတို့ရရှိတဲ့ ဘဝဆိုတာကအလွန်တိုတောင်းလှတယ်။ အဲ့လိုတိုတောင်းတဲ့အချိန်မှာတောင် အကိုတို့က ဗုဒ္ဓသာသနာတော်နဲ့တွေ့ကြုံနေရတာ အလွန်ပင်ကံကောင်းလှတယ်။ အဲ့တော် တရားဘယဝနာ ကျင့်ကြံရမယ်နော်။
ညီလေးရေသံသရာဆိုတဲ့ သုံးဆယ်တစ်ပုံမှာ မကျင်လည်အောာင် ဗုဒ္ဓဘုရာရှင် ဟောကြားခဲ့တဲ့ မြတ်တရားတွေကို ညီလေးတို့က ကိုယ်နှုတ်နှလုံး စိတ်ခန္ဓာမှာ စွဲစွဲမြဲမြဲ မှတ်သားပြီး ကျင့်ကြံကမယ်နော်။
ညီလေးရေ ကိုယ့်ထက်ကြီးတဲ့သူတွေ အဖိုးအဖွားတွေ လူကြီးသူမတွေ သြဝါဒပေးဆုံးမတာတွေကို နားထောင်ရမယ်နော်။ သူတို့က ညီလေးတို့ထက် ဘဝကို အရင်ဖြတ်သန်းခဲ့ရတာလေ အဲ့တော့ သူတို့ဖြတ်ကျော်ခဲ့ရတဲ့ဘဝမှာ ဘာတွေကကောင်းလဲ ဘာတွေက မကောင်းတာတွေလဲ ဘာတွေကိုတော့ ပြုလုပ်သင့်လဲ ဘာတွေကိုတော့ရှောင်ရှားသင့်လဲ ဒါမှညီလေးတို့ ဘဝမှာ အမှားနည်းနေလိမ့်မယ်လေ။
ညီလေးရေ ငယ်ရွယ်နုနယ်ပညာရှာချိန်ဝယ်မှာ ဆရာ ဆရာမတွေ ပြောဆိုဆုံးမစကားတွေကိုလဲနားထောင်ရမယ်နော်။ ဆရာဆရာမတွေဆိုတာကလဲ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေပဲလေ။
ညီလေးရေ မာန်မာနတွေ ပကာသနတွေ ဖြုံးလွှမ်းနေတဲ့ ကမ္ဘာဆိုတာက အရောင်အသွေးတွေမကောင်းဘူးကွဲ့ သစ်ကောက်ဝါးကောက်တွေသာမြင်ကတာ ကိုယ့်ထက်သာမနာလိုသူတွေပေါတယ်ကွဲ့ မေတ္တာတရားဆိုတာဘယ်ဆီနေမှန်းတောင်မသိရှာဘူးလေ။ အဲ့လိုကမ္ဘာငယ်လေးကို မရောက်အောင်ရှောင်ရှားရမယ်နော်။
ညီလေးရေ သာယာလှပတဲ့ အကိုတို့ရဲ့ကမ္ဘာကတော့ ပညာတတ်တွေလဲပေါများတယ် တွေးခေါ်နိုင်တဲ့သူတွေလဲပေါများတာပေါ့ မိတ်ဆွေတွေလဲပေါများတယ် မာန်မာနတွေကင်းစင်ပြီး မေတ္တာတရားကိုအလေးထားတဲ့သူတွေလေ ဒေါသကင်းစင်ပြီး သောကတွေငြိမ်းချမ်းတဲ့ အကိုတို့ကမ္ဘာကနေ ညီလေးကိုအစဉ်အမြဲ ကြိုဆိုနေပါတယ်။
ညှီလေးရေ လူကြီးသူမတွေပြောတဲ့စကား ဆိုဆုံးမစကားတွေကို နားထောင်တဲ့သူတွေဟာ အမှားတွေကင်းစင်ပြီး အမှန်တရားကိုတွေးတောနိုင်တဲ့သူတွေဖြစ်လာလိမ့်မယ်။
ဒါမှသာညီလေးက မိမိကိုယ်မိမိတိုးတတ်အောင်လုပ်ဆောင်နိုင်မယ်။ မိမိမိသားစု ၊မိမိဆွေမျိုး ၊မိမိပတ်ဝန်းကျင် ၊မိမိတိုင်းပြည်ကို တိုးတတ်အောင်လုပ်ဆောင်နိုင်မဲ့ လူရည်ချွန်တစ်ရောက်ဖြစ်လာနိုင်လိမ့်မယ်။

@smileking
MSC NO-255
First Impression အနေနဲ့ဆိုရင် ကောင်းပါတယ်ညီရေ။စာလုံးပေါင်းအမှားလေးတွေ တတ်နိုင်သမျှနည်းအောင်ပြင်စေချင်ပါတယ်။Author Nameလေးမှာလည်း "e"ကျန်ခဲ့ပါတယ်လို့။MSC proယူမယ်ဆိုရင် မြန်မာTag ရှေ့ဆုံးကနေထားပေးပါ။ကျန်တဲ့အချိန်တွေတော့ မတောင်းဆိုပါဘူး ထားရင်တော့အကောင်းဆုံးပေါ့။Welcome to MSC and G4 ညီရေ
Hote အကိုကြိုးစားပါ့မယ်
ပထမဆုံးပိုစ် အားပေးပါတယ် ကွန့်မန့်လေးတွေက
လိုအပ်တာလေးတွေထောက်ပြထားတာပါ
ဆက်ကြိုးစားကြတာပ
ဟုကဲ့
ကြိုဆိုပါတယ် ညီ .. MSC မှာ စည်းလုံးခြင်း စည်းကမ်းလိုက်နာခြင်းက အရမ်းအရေးကြီးပါတယ် နောက်ထပ် အရေးကြီးဆုံးက လုံးဝ Copy မလုပ်ဖို့ပါ ..စည်းကမ်းတွေကတော့ နားလည်ပြီးသားဖြစ်မှာပါ ... အတူ ချီတက်ကြပါစို့ ...
Tag မှာ myanmar ကို ထိပ်ဆုံးက ထည့်ပေးပါနော်။
Hote sister.
Hote sister
တူတူပါပဲ့broရေ MSC proစရတဲ့Postချင်း .အားပေးနေပါတယ်bro
Hote kal par bro
author name လေး ပြင်လိုက်ပါအုံး bro
ဟု အမှားထောက်ပြတဲ့အတွက်ကျေးဇူးပါ
Welocme ညီလေးရေ။ဂျီဖိုးမှလှိုက်လှဲစွာကြိုဆိုပါတယ်ဗျာ။
ဟုကဲ့
လှိုက်လှဲစွာကြိုဆိုပါတယ်ဗျာ။
ဟုကဲ့
လူရည်ချွန်လေးဖြစ်ပါစေကွယ်
ဟုကဲ့
ကြိုဆိုပါတယ် ညီရေ
ဟုကဲ့