သူကသူငါမှမဟုတ်တာ🌺🌺🌺
in #esteem8 years ago
🌈 သူက ငါမှ မဟုတ်​တာ 🌈
တခါတလေတော့  သာမှပေါင်းချင်တဲ့
ဘာတစ်ခုမှ မတုန့် ပြန်လိုက်ပေမဲ့ 
စိတ်ထဲမှာတော့ 
အနိုင်လိုသူကို အရှုံးပေးရင်
 နှလုံးအေးတယ် ဆိုပေမဲ့
တဖက်စွန်းရောက်လွန်းတဲ့သူတွေကို အရှုံးပေးလိုက်ရတာ
ကိုယ့်နှလုံးတွေနာကျင်ရတဲ့အကြောင်း  ကိုယ်သာအသိဆုံးပဲ
ရန်ကိုရန်ခြင်း  မတုန့် ပြန်ချင်လို့ သာ အရှုံးပေးခဲ့ရပေမဲ့
ကိုယ်လည်း လူထဲက လူတစ်ယောက်မို့   စိတ်နာမိခဲ့တယ်
တရားမျှတမှုဆိုတာ
နေရာတိုင်းမရှိနိုင်ဘူး ဆိုပေမဲ့
လူတဖက်သားထိခိုက်နစ်နာသွားစေမဲ့
အနစ်နာခံသင့်လည်း  ခံလိုက်ပါတယ်
လည်ချောင်းဝတင် 
ထိန်းလိုက်ရတဲ့အခိုက်အတန့်  
ကိုယ့်နှလုံးသားတွေကတော့
နာကျင်နေခဲ့သလို 
စိတ်ထဲမှာ​တော့
သူတို့ လိုအပ်ရင် တမျိုး  မလိုအပ်ရင်တမျိုးဆက်ဆံတတ်တဲ့
စိတ်အနောက်ယှက်တွေ ဖြစ်ခဲ့ရသလို 
စိတ်​ထဲမှာ​တော့
သာမှပေါင်းချင်တဲ့  လူတွေနဲ လည်း ဆက်ဆံဖူးခဲ့တယ်
အနိုင်ရမှ 
ကျေနပ်တဲ့သူတွေကိုလည်း ကြုံဖူးခဲ့တယ် 
လိုက်လျောနိုင်မှ ခင်ချင်တဲ့လူတွေကိုလည်း ဆက်ဆံဖူးခဲ့ပြီ
ပတ်သက်ဆက်ဆံမိတာ
ကိုယ့်အပြစ် ၊ ကိုယ့်အမှားလို့ 
နောင်တတွေအကြိမ်ကြိမ်လည်း 
ပိုင်ဆိုင်ခဲ့ဖူးပါပြီ 
 ကိုယ့်ဖက်က ဘာတစ်ခုမှ မတုန့် ပြန်ခဲ့ပါဘူး
သူက  ငါမှ မဟုတ်တာဆိုတဲ့စိတ်နဲ့ 
ဖြေသိမ့်​ခဲ့ရတယ်
အနိုင်လိုသူတွေကိုလည်း  အရှုံးပေးလိုက်ပါတယ်
သာမှ ပေါင်းချင်တဲ့သူတွေကိုလည်း  အပြုံးမပျက်ဆက်ဆံ ပေးခဲ့ပါတယ်
လိုက်လျောနိုင်မှကပ်တဲ့ 
အပေါင်းသင်းတွေကိုလည်း
လိုက်လျောညီထွေအောင် ဆက်ဆံပေးခဲ့ပါတယ်
ကိုယ့်ဖက်က  ခေါင်းငုံ့ ခံခဲ့သမျှ
  " အ " လိုမဟုတ်ဖူး
သူတို့ သင်ပေးတဲ့ ပညာတွေထဲက
" သူတို့ လိုလူမျိုးထဲငါ မပါစေရဘူး " 
" သူတို့ လို စိတ်မျိုး ငါမမွေးသင့်ဘူး " ဆိုတဲ့
ကိုယ်ချင်းစာစိတ်နဲ့   စာနာစိတ်တွေကို 
မွေးဖွားတတ်လာခဲ့လို့ 
ကိုယ့်အပေါ် တဖက်သတ်အနိုင်ယူသွားသူ
အားလုံးကိုမတုန့်  ပြန်ခဲ့ပေမဲ့
 စိတ်ထဲမှာ​တော့
သာမှပေါင်းချင်တဲ့သူတွေကို အပြုံးမပျက်ဆက်ဆံနေပေမဲ့
စိတ်​ထဲမှာ​တော့
လိုအပ်မှ လာပေါင်းတဲ့သူတွေကို 
မမုန်းတီးပေမဲ့
ပေါင်းအပ်တဲ့လူတွေ မဟုတ်ဖူးလို့ 
ဦးဏှောက်ထဲ ထည့်ထားခဲ့ပါတယ်
တစ်ခုလေးပေါ့   ကိုယ့်ဖက်က အကောင်းဆုံးဆက်ဆံပေးခဲ့ပါရက်  အလိမ်အညာတွေနဲ့ လာဆက်ဆံတဲ့အခါ
လှည့်စားမှုတွေ နဲ့ ကြုံရတဲ့အခါ
ဘာတစ်ခုမှတော့ မတုန့် ပြန်လိုက်ပါဘူး
သူတို့ လုပ်ရပ်တွေ လူမသိဘူးထင်တဲ့
အပြုအမူတွေကြောင့်
စိတ်​ထဲမှာ​တော့
🌈 သူက ငါမှ မဟုတ်​တာ 🌈 image
Thank for reading
@smallbutterfly
..
header
I am Wainting Good-Karma Upvote
Coin Marketplace
STEEM 0.04
TRX 0.33
JST 0.098
BTC 64543.68
ETH 1871.77
USDT 1.00
SBD 0.38