👗👗👗👪 သက်​​ရောက်​မှူ့  စိတ်​ဒဏ်​ရာ 👪👗👗👗

in #esteem • 8 years ago

****👪 သက်​​ရောက်​မှူ့  စိတ်​ဒဏ်​ရာ 👪****

image

***👪 သက်​​ရောက်​မှူ့  စိတ်​ဒဏ်​ရာ 👪****

မိသားစုတိုင်းလိုလိုမှာ ကြုံတွေ့ ရမယ့်
မိဘနဲ့ သားသမီးများကြား
ဆိုဆုံးမမှု၊ ပြုစု ပျိုးထောင်မှု
နည်းလမ်းများနဲ့ ပတ်သက်ပြီး
နည်းနည်းပြောချင်ပါတယ်

သားသမီးများကို ဆိုဆုံးမတဲ့နေရာမှာ
နည်းမှန် လမ်းမှန်နဲ့ ဆုံးမဖို့  သိပ်အရေးကြီးပါတယ်
အရေးကြီးဆုံးတစ်ချက်က

image

မိဘတွေအနေနဲ့ ကိုယ်ဖြစ်ချင်တာထက် ကိုယ့်သားသမီးဘာဖြစ်ချင်တယ်ဆိုတာ အရင်သိဖို့ ကြိုးစားသင့်တယ်ပြီးမှသာ ဖြစ်သင့်၊မဖြစ်သင့် သင့်တော်၏၊ မသင့်တော်၏ သားသမီးများနဲ့ ချစ်ချစ်ခင်ခင် ညှိနှိုင်းယူသင့်တယ်

image

ဘယ်မိဘမဆို ကိုယ့်သားသမီးကို မချစ်တဲ့မိဘရယ်လို့  ရှိမှာမဟုတ်သလို မိဘကိုမချစ်တဲ့သားသမီးဆိုတာလဲရှိမယ်မထင်ပါဘူးဘာအကြောင်းကြောင်းပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးဘဲရောက်ရောက် မိဘကမိဘပါပဲ

image

ဆိုဆုံးမတဲ့နေရာမှာ မိဘတွေအနေနဲ
လောကကြီးမှာ သားသမီးတွေထက်စောပြီး အရာရာကြို ဖတ်သန်းကျော်ဖြတ်ပြီးလို့  အတွေ့အကြုံတွေ အများကြီးရှိခဲ့တဲ့အတွက်

အရာရာငါတို့ ဘာပြောပြောမှန်တယ် ဆိုတဲ့တစ်ယူသန် အတွေးတွေမရှိစေချင်ဘူးငါတို့ ပြောတာ ပြန်မပြောနဲ့ နားထောင်ရမယ် ငါတို့ လောက် နင်တို့ သိလို့ လား လို့ ပြောမယ့်အစား ဖြည်းဖြည်းချင်း နားလည်အောင် အကောင်းအဆိုးကို ပြောပြသင့်တယ်

ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးတာမျိုးတွေ အထိ ဖြစ်သွားတတ်တယ် ရိုက်နှက်မဆုံးမရဘူးလို့  ဆိုလိုတာ မဟုတ်ပါဘူး ရိုက်နှက်ဆုံးမတာထက် သားသမီးကို နားဝင်အောင် ဆိုဆုံးမတာမျိုး ပိုမို ပြုလုပ်သင့်ပါတယ်

ပထမတစ်ခါ နားဝင်အောင်ပြော၊ ဒုတိယတစ်ခါ သတိပေး၊ တတိယတစ်ခါ ဒဏ်ပေး စသည်ဖြင့် အဆင့်ဆင့် ဆိုဆုံးမတာမျိုးက ထိရောက်စေမယ်ထင်တယ်

သားသမီးကို ရိုက်နှက်ဆုံးမတဲ့အခါမှာလည်း အပြင်းအထန် ကျွဲရိုက်/နွားရိုက်ဆိုတာမျိုး မလုပ်သင့်ပါဘူး

တစ်ပါးသူနဲ့ယှဉ်ပြီးပြောဆိုတာမျိုးတေတွမလုပ်သင့်ပါဘူး သူတောင်ဒီလိုစာတော်တာ နင်ကျအသုံးကိုမကျဘူး

သူများသားသမီးတွေများ ဘယ်လို မိဘကိုသိတတ်ကြတာ နင်တို့ များခုထိ မိဘကျေးဇူးမသိတတ်ဘူးတို့
သူများခြေဖျားတောင်မမှီဘူး မရှက်ဘူးလား

ငါတော့နင့်ကိုမွေးထားရတာရှက်တောင်ရှက်တယ်လို့ ယှဉ်ပြီးပြောဆိုနေမယ့်အစား သူလိုစာတော်အောင် သမီး/သားလေး ကြိုးစားပါလား ၊ ကြိုးစားပြလိုက်စမ်းပါ စသည်ဖြင့်ကျရှုံးသွားသည့်တိုင်အောင် အားမလျော့ဖို့ ရဲရဲဝံ့ဝံ့ ပြန်လည် ကြိုးစားဖြစ်အောင်စိတ်ဓာတ်ခွန်အားပေးတာမျိုး ပြုလုပ်သင့်ပါတယ်

ဒီတခါကျလဲ မရှက်နဲ့ နောက်အောင်အောင်ဖြေ စာမေးပွဲဆိုတာ ဘဝဆုံးဖြတ်ချက်မဟုတ်ဘူး အရာရာကိုရဲရဲဝင့်ဝင့်လုပ်ပါ

သား/သမီး ကို မေမေတို့ ကလေးဖြစ်ရတာ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူချင်တယ် ကြိုးစားပြပါလို့ စကားလုံးတွေနဲ့ စိတ်ဓာတ်ခွန်အားပေးလို့ ရပါရက်နဲ့ ဘာလို့ များကလေးတွေရဲ့ စိတ်တွေကိုဒဏ်ရာတွေပေးပြီး သိမ်ငယ်အောင်ပြောဆိုမှာလဲ

ဘယ်မိဘမှတော့သားသမီးကို မုန်းလို့ ပြောတာမဟုတ်ပေမယ့် သူတို့ြ့ဖစ်စေချင်စိတ် လွန်ကဲမှုကြောင့် ပြောဆိုမှုတွေက သားသမီးတွေရဲ့ နုနယ်သေးတဲ့စိတ်ကို ဒဏ်ရာတွေ သိမ်ငယ်မူတွေ ရစေနိုင်တယ်ဆိုတာတော့ မမေ့ထားစေချင်ဘူး ဒီစိတ်ဒဏ်ရာတွေ သိမ်ငယ်စေမှုတွေကြောင့် လမ်းမှားရောက်ဖို့ တွန်းပို့ သလို ဖြစ်နိုင်တယ် ဘ၀ရပ်တည်မှုမှာ အများကြီး သက်ရောက်မှုရှိနိုင်တယ်ဆိုတာ

မမေ့လျော့စေချင်ဘူး

****👪 သက်​​ရောက်​မှူ့  စိတ်​ဒဏ်​ရာ 👪****
## Present By

@smallbutterfly

I am Waiting Upvote From

@good-karma

@fruz

@hr1

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64612.72
ETH 1870.64
USDT 1.00
SBD 0.38