လူတွေအကြောင်းတစ်စေ့တစ်စောင်း

in #esteem8 years ago

တချို့တချို့သောသူ

ပေးခဲ့ဖူးတယ်ဆိုပြီး လူအချို့က
မတန်တဆ ပြန်ယူချင်ကြတယ်
ယူခဲ့ဖူးတယ်ဆိုပြီး လူအချို့က
မတန်တဆ ပြန်ပေးချင်ကြတယ်

တစ်လုပ်လောက်
ကျွေးဖူးထားတာလေးကို
တစ်ခုတ်တရ ထည့်ပြောနေတဲ့
လူတွေရှိလိုသလို
တစ်လုပ်စာ စားဖူးထားတာလေးကိုလည်း
တစ်သက်စာ ကျွန်ခံဆပ်နေတဲ့
လူတွေရှိတယ်

ကျေးဇူးခံ ကျေးဇူးစား ဆိုတဲ့
စကားလုံးရဲ့အောက်မှာ
ပြောချင်ပါလျက်
ပြောမထွက်တဲ့ စကားလုံးတွေ

လုပ်ချင်ပါလျက်
လုပ်ခွင့်မသာတဲ့ လုပ်ရပ်တွေ

ရသမျှအကုန်ယူပြီး ကိုယ်အတွက်တစ်ပို့ထည့်ကြည့်တက်တဲ့လူတွေ

ရသမျှအကုန်ယူချင်တဲ့လူတွေ

ကိုယ်အတွက်ပဲ ကြည့်ပြီးသူများအတွက်မကြည့်ချင်တဲ့သူတွေ

***နောင်သံသရာအတွက်မကြည့်ပဲတစ်ခနဏတာသာယာမှူကကိုလိုချင်တဲ့သူတွေ

ထွက်သွားချင်ပါလျက်
သွားခွင့်မသာတဲ့ ခြေလှမ်းတွေ

အားနာပြီး ပါး,ပါသွားတဲ့
အနာဂါတ်တွေရှိတယ်

ကိုယ့်ရဲ့အပေးခံပဲဆိုပြီး
လူတစ်ယောက်ရဲ့
စိတ်နဲ့ကိုယ်ကို
မခြယ်လှယ်သင့်သလို
သူ့ရဲ့အယူခံဆိုပြီးတော့လည်း
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ကို
သူ့လက် ဝ,ကွက်
မအပ်သင့်ဘူး

ကိုယ့်အပေါ်ပြုထားတဲ့
သူ့ကျေးဇူးတရားကို ဦးညွှတ်တတ်တာဟာ
မင်္ဂလာတစ်ပါးပါ
ဒါပေမယ့် ကျေးဇူးရှင်နဲ့ကျေးဇူးခံကြား
အတိုင်းအတာတစ်ခုတော့
ရှိသင့်တာပေါ့

Present By

@smallbutterfly

image

All Photo From Google.com

Sort:  

Boost Your Post. Send 0.100 STEEM or SBD and your post url on memo and we will resteem your post on 5000+ followers. check our account to see the follower count.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 63194.91
ETH 1776.43
USDT 1.00
SBD 0.39