💥💥💥GOODBYE MY FRIEND🍁🍁🍁

in #esteem8 years ago

GOODBYE MY FRIEND

image

အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့
အမှားအမှန်မကွဲပြားလည်း
ငါတို့ လူပီသခဲ့ပါတယ်လေ

နှုတ်ဆက်ခဲ့တယ်နော် သူငယ်ချင်း
အမုန်းတရားလို့ ငါခေါင်းစဉ်မတပ်ချင်ဘူး
အမုန်းမတရားမှုတွေကို ငါတို့ရွံ့ရှာခဲ့ကြ
မသတီခဲ့ကြတာပဲလေ
ထပ်မမုန်းချင်တော့လို့
ငါ.......................

နှုတ်ဆက်ခဲ့တယ်နော် သူငယ်ချင်း
ကိုယ်ပေးဆပ်ခဲ့ အနစ်နာခံခဲ့သလောက်
အသွားအပြန်ရှိစေချင်ခဲ့တဲ့ ငါ့အတ္တ
မြွေစွယ်ကျိုးလို ချိုးနှိမ်ခဲ့ပြီးမှ
အစွဲမကျွတ်နိုင်တဲ့
တစ္ဆေတစ်ကောင်မဖြစ်ချင်တော့လို့
ငါ.......................

နှုတ်ဆက်ခဲ့တယ်နော် သူငယ်ချင်း
မပြီးပြည့်စုံပေမဲ့ စံထားနိုင်ခဲ့ကြတဲ့
ငါတို့ဆက်ဆံရေးမျိုး
ငါတို့ လက်တွဲခဲ့ပုံမျိုး
ငါတို့ရုန်းကန်ခဲ့ပုံမျိုး
ငါတို့ အနစ်နာခံ ကြိုးစားခဲ့ကြပုံမျိုး
အတိတ်တွေ ပင်ကိုအတိုင်းလှပစေချင်လို့
ငါ........................

နှုတ်ဆက်ခဲ့တယ်နော် သူငယ်ချင်း
ဟိုးဝေးဝေးက အတောက်ပဆုံးသော
ကြယ်လေးတွေကို ကြည့်ပြီး
တစ်ယောက်ကို တစ်ယောက်
ဘ၀ကို ဘယ်လိုခရီးဆက်
တစ်ယောက်ကို တစ်ယောက်
ဖေးမလို့ရယ် ပန်းတိုင်ကိုလျှောက်လှမ်း
အကြိမ်ကြိမ် လဲကျဖူးတဲ့ငါတို့
အောင်မြင်မှုတွေ ဖြူစင်ချင်လွန်းလို့
ငါ................................

နှုတ်ဆက်ခဲ့တယ်နော် သူငယ်ချင်း
မျဉ်းနှစ်ကြောင်း ဦးတည်ချက်မတူလို့
တစ်နေရာမှာ တွေ့ ဆုံ ကြုံကြပြီးလို့
ကွဲကြတော့မယ် ဝေးကြတော့မယ်
ဒီဆုံမှတ်က တို့တွေဦးတည်ရာကိုယ်စီနဲ့
ရှေ့ဆက်လျှောက်မဲ့လမ်းမှာ
ငါတို့မျဉ်းတွေ ဖြောင့်ခဲ့ကြတာပဲလေ

ငါ မခွဲချင်ပေမဲ့ မဝေးရက်နိုင်ပေမဲ့
ဘ၀တွေ ဘ၀တွေအတွက်
မင်းအတွက် ငါ................
နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း

Present By

@smallbutterfly

I am Waiting Upvote From

@good-karma

@fruz

@hr1

@esteemapp

image

All Photo From Google.com

                              🌈🌈🌈🌈🌈🌈

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.097
BTC 63963.73
ETH 1844.00
USDT 1.00
SBD 0.39