ဘယ်တော့မှ ပြန်မရနိုင်တဲ့အရာများ
ဘယ်တော့မှ ပြန်မရနိုင်တဲ့ အရာ(၃)ခုက
(၁) ကုန်ဆုံးသွားတဲ့ အချိန်
(၂) ပြောခဲ့တဲ့ ကတိစကား
(၃) ကောင်းမွန်တဲ့အခွင့်အရေး တို့ ပဲဖြစ်ပါတယ်။
ရရှိခွင့် ကြုံတုန်းမှာ အမိအရ ကောင်းမွန်အောင်
အသုံးချသင့်ပါတယ်။
တန်ဖိုးအကြီးဆုံးအရာ(၃)ခုက
(၁) နားလည်မှု့ အချစ်
(၂) မိမိကိုယ်ကို ယုံကြည်မူ
(၃) ရိုးသားမှု့ တို့ ပဲဖြစ်တယ်။
လက်မလွှတ်လိုက်မိဖို့ အရေးတကြီး လိုအပ်ပါတယ်။
မသေချာသေးတဲ့ အရာ (၃)ခုက
(၁) အိပ်မက်
(၂) စိတ်ကူး အနာဂတ်
(၃) ကံကြမ္မာ တို့ ပဲဖြစ်တယ်။
လက်ခံနားလည်တတ်ဖို့  ကြိုးစားသင့်ပါတယ်။
အကောင်းဆုံးဖန်တီးနိုင်တဲ့အရာ(၃)ခုက
(၁) အလုပ် ကြိုးစားခြင်း
(၂) ပင်ကိုယ် စွမ်းရည်
(၃) ကူညီစာနာမှု့ တို့ ပဲဖြစ်တယ်။
အကောင်းဆုံး ပြုစု ပျိုးထောင်ပေးသင့်ပါတယ်။
တစ်ကြိမ်ဆုံးရူံးပြီးတဲ့အခါ ပြန်လည်တည်ဆောက်ဖို့  ခက်ခဲတဲ့အရာ(၃)ခုက
(၁) ရိုသေလေးစားမှု့
(၂) ယုံကြည်စိတ်ချမူ
(၃) ခင်မင်ရင်းနှီးမူ့ တို့ ပဲဖြစ်တယ်။
မဆုံးရှူံး ရအောင် ကိုယ့်ကိုယ်ကို တည်ဆောက်ထားသင့်ပါတယ်။