ချစ်မြတ်နိုးခြင်း မှ တစ်ဆင့်

in #myanmar7 years ago (edited)

photo-1432889490240-84df33d47091.jpg

ညစ်ပတ်ပေရေနေတဲ့ နေရာတစ်ခုဟာလည်း သန့်ရှင်းသာယာတဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ လူသူကင်းမဲ့ တိတ်ဆိတ်လျက်ရှိတဲ့ ကမ်းခြေတစ်ခုဟာလည်း စည်စည်ကားကား သာယာလှတဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။အဲဒီအတွက် ညစ်ပတ်ပေရေနေသော နေရာ ကို ချစ်မြတ်နိုးဖို့ လိုအပ်သလို ခြောက်သွေ့ တိတ်ဆိတ်တဲ့ ကမ်းခြေကို လည်း ချစ်မြတ်နိုးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ညစ်ပတ်နေတဲ့ နေရာက သန့်ရှင်းလာ ဖို့ အလာအလာရှိသလို ခြောက်သွေ့တိတ်ဆိတ်တဲ့ ကမ်းခြေ ကလည်း စည်ကားလာဖို့ အလာအလာ ရှိပါ တယ်။

ထို့အတူ သက်ရှိ သတ္တဝါတွေ ပိုမိုကောင်းမွန်စွာ ရှင်သန်နေထိုင်ဖို့ရာ ချစ် မြတ်နိုးခြင်းခံရဖို့ လိုအပ်ပါတယ်။ ပင်လယ်လိပ်မကြီးများဟာ သူတို့ရဲ့ ဥများကို သဲ သောင်ပြင်မှာ ဖွက်၍ ဥထားခဲ့ပြီး ပင်လယ်ထဲသို့ အစာရှာ ထွက်ခွာ သွားလေ့ရှိ ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ပင်လယ်လိပ်မကြီးများဟာ သေဆုံး သွား ခဲ့မယ်ဆိုရင် သဲသောင်ပြင်ထဲမှ လိပ်ဥများဟာ အကောင်ပေါက်မလာ တော့ပဲ ပုပ်သိုး သွားပါတော့တယ်။ မိခင်ဖြစ်တဲ့ လိပ်မကြီးထံမှ မေတ္တာဓါတ်ကို မရရှိတော့ပဲ ဆက် လက်ရှင်သန်နိုင်စွမ်း မရှိတော့တာကြောင့် သေဆုံးသွားရခြင်းဖြစ်တယ်လို့ မှတ်သား ဖူးပါတယ်။သူတို့ ဟာ မေတ္တာတရားနဲ့ ချစ်ခြင်း ကို ရရှိဖို့ လိုအပ်ခဲ့ပါ တယ်။

ချစ်ခြင်းမေတ္တာကို နှစ်သက်မှုမရှိတဲ့ သူရယ်လို့ လောကမှာ ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။ အယုတ် အ လတ် အမြတ် မရွေး | အသက်အရွယ် မရွေး | လူနဲ့တကွ အခြား သတ္တဝါများပါ ချစ်ခြင်းမေတ္တာ တရားကို နှစ် သက်ကြပါတယ်။မေတ္တာတရားဟာ လူအချင်းချင်း ကူးလူးဆက်သွယ်ဖို့ရာ အတွက် အကောင်းဆုံး ပေါင်းကူး တံတားတစ်ခု ဖြစ်ပါတယ်။မေတ္တာတရားကို လူတိုင်း နှစ်သက်မြတ်နိုးကြတာက သေချာနေပါပြီ။ အဲဒီ အတွက် ကျွန်တော် တို့ ကိုယ်အမူအရာ စိတ်အမူအရာ များထဲမှာ မေတ္တာတရားကို ဖော်ညွှန်းနေတဲ့ အမူအရာတွေဘယ်လောက်မျှ အားကောင်းမှု ရှိနေလဲဆိုတာ ဆန်း စစ်ကြည့်သင့်ပါတယ်။

photo-1500395235658-f87dff62cbf3.jpg

မေတ္တာတရားကို ဖော်ညွှန်းနေတဲ့ အမူအရာ လို့ ဆိုရာမှာ ပထမဆုံး ပြေးမြင် မိတာက နှစ်လိုဖွယ်ရှိတဲ့ အပြုံးပါ။ဖော်ရွေနှစ်လိုဖွယ် အပြုံးရှိတဲ့ သူများဟာ လူချစ် လူခင်များလေ့ရှိပါတယ်။အပြုံးနဲ့ ပတ်သက်ပြီး နှစ် သက်မိတဲ့ အဆိုအမိန့် တစ်ခု ရှိပါတယ်။``ပြုံးပြ နှုတ်ဆက်လိုက်တဲ့ သူဟာသူကိုယ်တိုင်ဘာမှ လျော့ပါးမသွားပဲ အပြုံးနဲ့ နှုတ်ဆက်ခံလိုက်ရသူကို အဖိုးမဖြတ်နိုင်အောင် ရရှိသွားစေတယ် ´´ ဆိုတဲ့ အ ဆိုအမိန့်ပါ။အခြားသူတစ်ပါးကို အဖိုးဖြတ်မရတဲ့ တစ်စုံတစ်ခု ရရှိသွားစေတဲ့ နှစ် လိုဖွယ်အပြုံး ပိုင်ရှင်ကို လူတွေ ချစ်မြတ်နိုး ကြမှာ မလွဲပါဘူး။

နောက်တစ်ချက်က မိမိတို့ကိုယ်တိုင်ကလည်း ချစ်တတ် မြတ်နိုးတတ်တဲ့ သူတွေအဖြစ် ရှိနေသလား ဆိုတာ သတိပြုသင့်ပါတယ်။ ချစ်ခင် မြတ်နိုးခြင်း အရာ တစ်ခု ဖြစ်ပေါ်လာဖို့နီးစပ်တဲ့ အကြောင်းတစ်ခု ရှိပါ တယ်။အဲဒီအရာကတော့ ကိုယ် ချင်းစာတရား ရှိခြင်းပါပဲ။ကိုယ်ချင်းစာတရားရှိခြင်းက လက်ရှိထက် ပိုမို နေပျော် ဖွယ်ကောင်းတဲ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ကျွန် တော် ဖတ်ဖူးတဲ့ နှစ်လို ဖွယ် ပုံပြင် လေးတစ်ပုဒ် ရှိပါတယ်။

ကလေးငယ်လေးတစ်ယောက်ဟာ ခွေးကလေးတစ်ကောင်ဝယ်ယူရန် အိမ်မွေး တိရိတ္ဆန်အရောင်းဆိုင် တစ်ခုသို့သွားခဲ့ပါတယ်။အဲဒီအထဲမှာ ခွေးကလေး လေးကောင် ဟာ အတူရှိနေပြီးတစ်ကောင်ကို ဒေါ်လာ ၅၀ လို့ ဈေးနှုန်း တပ်ထားပါတယ်။ အခန်းထောင့်မှာတော့ တစ်ကောင်တည်း သီခြားဖြစ်နေတဲ့ ခွေးကလေး တစ် ကောင် ရှိနေပါတယ်။ကလေးငယ်လေးက သူတို့ဟာ အုပ်စုတစ်ခုထဲ ဖြစ်ပြီး ရောင်းရန် ဖြစ် တယ်ဆိုလျှင် ဘာ့အတွက် ထောင့်မှာ တစ်ကောင်တည်း ထီးထီး ဖြစ်နေတာလဲ လို့ မေးမြန်းလိုက်ပါတယ်။ ပိုင်ရှင်က `` သူတို့ဟာ တစ်အုပ်စုထဲ တော့ ဖြစ်ပါတယ် | ဒါပေမဲ့ အဲဒီခွေးကလေးဟာ ချို့ယွင်းချက် တစ်ခု ရှိနေတဲ့ အတွက် ရောင်း ဖို့တော့ မဟုတ်ပါဘူး ´´ လို့ ပြန်ပြောလိုက်ပါတယ်။

photo-1468327704108-d11286640592.jpg

ကလေးငယ်လေးက ဘာချွှတ်ယွင်းချက် ရှိနေတာလဲ လို့ မေးလိုက်ပါတယ်။ ဆိုင်ပိုင်ရှင်က ခွေးကလေးဟာ ပေါင်ရင်း ထိပ်ပိုင်း အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်တဲ hip socket ပါမလာပဲ မွေးဖွားလာခဲ့တာကြောင့် ခြေတစ်ဖက် ကို ဆုံးရှုံးခဲ့ပါတယ် လို့ ပြောလိုက်ပါတယ်။ကလေးငယ်လေးကသင်ဟာအဲဒီခွေးကလေးအတွက် ဘာလုပ်ပေး ဖို့ ရှိလဲ လို့ ပြန်မေးလိုက်ပါတယ်။ဆိုင်ပိုင်ရှင်ရဲ့ တုံ့ပြန်ချက်ကတော့ ညင်ညင်သာသာ သေ ဆုံးခွင့် ပြုလိုက်ဖို့သာဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။

အဲဒီနောက်မှာ ကလေးငယ်လေးက " ကလေးနဲ့ ခဏ ကစားခွင့်ရမလား ´´လို့ ခွင့်တောင်း လိုက်ပြီး ဆိုင်ပိုင်ရှင်က`` ရတာပေါ့´´ လို့ ပြန်ပြောလိုက်ပါတယ်။ ကလေးငယ်လေးကခွေးကလေးကိုကောက်ချီလိုက်တဲ့အခါမှာတော့ ကလေးငယ်လေး ရဲ့နားရွက်ကို လျှာနဲ့လျှက်နေပါတော့တယ်။ ကလေးငယ်လေးက ချက်ချင်းပဲ ဒီခွေး ကလေးဟာသူဝယ်ယူလိုတဲ့ခွေးကလေးဖြစ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ပိုင်ရှင် ကတော့ ရောင်းဖို့မဟုတ်ကြောင်းကိုသာ ပြောခဲ့ပါတယ်။ ကလေးငယ်လေးကလည်း သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ပါ ဘူး။

အဲဒီအတွက် ဆိုင်ပိုင်ရှင် က သဘောတူလိုက်ပါတယ်။ ကလေးငယ်လေးက သူ့အိတ်ထဲမှ ၂ဒေါ်လာကို ဆွဲထုတ်လိုက်ပြီး ကျန် ၄၈ ဒေါ်လာကို သူ့မိခင်ဆီမှ တောင်းယူရန် ပြေးထွက်သွားခဲ့ပါတယ်။သူ တံခါးဝကို ရောက်သွားတဲ့အချိန်မှာ ဆိုင်ပိုင်ရှင်က `` မင်းဟာ အခု ငွေကြေးပမာဏနဲ့ အခြားကောင်းမွန် ပြည့်စုံတဲ့ ခွေး ကလေးတစ်ကောင်ကိုဝယ်ယူနိုင်တဲ့ အခြေအနေမှာဘာ့ကြောင့် အဲဒီခွေးကလေးကိုပဲ ငွေအပြည့်အဝ ပေးပြီး ဝယ်ရတာလဲ ဆိုတာ ငါ နားမလည်ဘူး ´´လို့ အော်ပြောခဲ့ ပါတယ်။

photo-1472851294608-062f824d29cc.jpg

ကလေးငယ်လေးက ဘာစကားတစ်လုံမှ ပြန်မပြောခဲ့ပါဘူး။သူရဲ့ ဘယ်ခြေကို မလိုက်ပြီး ခြေတုတစ်ခု တပ်ဆင်ထားတာကို ပြလိုက်ပါတယ်။အဲဒီမှာ ဆိုင်ပိုင်ရှင်က `` ငါနားလည်ပါပြီ။ ဒီခွေးကလေးကိုပဲယူဖို့ ဆက်လှုပ် ရှားလိုက်ပါတော့။´´လို့ ပြော လိုက်ပါတယ်။ ဒါဟာ စာနာ နားလည်မှုနဲ့ အတူ မျှဝခံစားခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရား ရှိ ခြင်းရဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။ကိုယ်ချင်းစာတရားက သနားကြင်နာခြင်းနဲ့ချစ်ခြင်းမေတ္တာတို့ကို ဖြစ်ပေါ်လာစေခဲ့ပြီး ပိုမိုနေပျော်ဖွယ်အသိုင်း အဝိုင်း တစ်ခုဆီသို့ တွန်းပို့ခဲ့ပါတယ်။

ပြည့်စုံကောင်းမွန်တဲ့အရာများကသာ ချစ်မြတ်နိုးဖွယ် အရာများ မဟုတ်ပါ။ မပြည့်စုံမှု များနဲ့ ချို့ယွင်း ချက် ရှိနေတဲ့ အရာများကလည်း ချစ်မြတ်နိုးဖွယ်ရာများ ဖြစ်ပါတယ်။ မပြည့်စုံတဲ့အရာများမှာလည်း သူ့တို့ရဲ့ အလားအလာများ ဆက်လက် ရှင်သန်ခွင့်များ ရှိနေပါသေးတယ်။ စာနာနားလည်မှုထားပြီး ချစ်မြတ်နိုးရမှာပါ။ စာနာ နားလည်မှုနဲ့အတူ ဖေးမကူညီမှုများ ချစ်မြတ်နိုးခြင်းများရှိနေတဲ့ ပတ်ဝန်းကျင် အသိုင်း အဝိုင်းဟာ ပိုမိုနေပျော်ဖွယ် ကောင်းတဲ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာမှာပါ။

Af0sF2OS5S5gatqrKzVP_Silhoutte.jpg

photo >> https://unsplash.com

friendly ,
@shweyaungmyanmar

Sort:  

Congratulations @shweyaungmyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

@reported has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

ကျွန်နော်လည်းထိုနေရာမှာ
နေချင်ပါသည်

ဟုတ်ကဲ့ပါ

ဇာတ်​လမ်း​လေးက ​တော်​​တော်​ဖတ်​လို့​ကောင်းတယ်​၊ ​ကျေးဇူးပါ ။

ကျေးဇူးဗျို့

သီတင်းကျွတ်ပီ အချစ်လဲ မရှိဘူး steem လဲ မရှိဘူး :-D

အလို
ကိုချစ်က လူပျို ကြီး လားဗျ

ဟုတ်ပါ့ဗျာ

မျက်နှာပေးပြင်လိုက် အချစ်တွေရလာမယ်။

ဟုတ် တယ်ဗျို့

သုတ ရသတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

ဟုတ်ကဲ့ပါဗျ

ချစ်ခြင်းမေတ္တာတွေ လိုချင်ပါတယ်

ရစေဗျား

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64118.79
ETH 3390.14
USDT 1.00
SBD 2.51