အခြားသူများ ရဲ့ မျှော်လင့်ချက်များ နဲ့ မှတ်ချက် သဘောထားများsteemCreated with Sketch.

in #myanmar7 years ago (edited)

IMG_20170815_085049.JPG
download (11).jpg
ငါးမိနစ် ခန့် အချိန် အားလပ်နေတယ် ဆိုပါစို့ ။ သူငယ်ချင်း တစ်ယောက်ကို ဖြစ်စေ ညီအစ်ကို မောင်နှစ်မ တစ်ယောက်ကို ဖြစ်စေ တစ်ယောက်ယောက် ကို အာရုံပြုကြည့်ပါ။ သူ့ရဲ့အပြုအမူ တွေကို ပြန် လည် ပုံဖော်ကြည့်ပါ။ သူပြောတဲ့ စကားတွေကို ပြန်လည် ကြားယောင်ကြည့်ပါ။သူ ဘာတွေးနေမလဲ တွေး ကြည့်ပါ။ သူ့ရဲ့ ကိုယ်အပေါ်ထား တဲ့ သံယောဇဉ်တွေကို ပြန်လည် ခံစားမိနိုင်ပါတယ်။ ကိုယ်ဆီမှ သူ့ရဲ့ မျှော်လင့်ချက်တွေကို မြင့်တွေ့လာရနိုင်ပါတယ်။ ကိုယ့်အပေါ် သူ့ရဲ့ စေတနာများကို လည်း မြင်တွေ့လာရ နိုင်ပါတယ်။

နောက်ထပ် ကျွန်တော်တို့ ထပ်မံ မြင်တွေ့ရနိုင်တဲ့ အရာကတော့ ပိုမို အရေးပါတယ် လို့ ပြောနိုင်ပါ တယ်။ အဲဒါကတော့ သူ့ရဲ့ ကိုယ်အပေါ်ထားရှိနေတဲ့ မျှော်လင့်ချက် အတိုင်းအတာ တစ်ခုနဲ့ ကျွန်တော်တို့ ထံမှ သူ့အတွက် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာကို ခန့်မှန်းကြည့်နိုင်ပါပြီ။ထိုအရာက ကျွန်တော် တို့ ကိုယ်တိုင်ရဲ့ အားနည်းချက် ချို့ယွင်းချက် များ နဲ့ မကျေပွန် များကို သိမြင်လာစေပါတယ်။ထိုသို့ သိရှိခြင်းက ကျွန်တော်တို့အနေနဲ့ ပိုမို ဖြည့်ဆည်းပေးနိုင်တဲ့ လူတစ်ယောက် အဖြစ် ရှိလာစေဖို့ အထောက်အကူ ပြုမှာပါ။ ၎င်းဟာ အခြားသူများရဲ့ မိမိအပေါ် မျှော်လင့်ချက်များ မှတ်ချက် သဘောထားများကို ဖမ်းယူ နားထောင်ပြီး မိမိ ကိုယ်မိမိ ရှုမြင် သုံးသပ်ရတာ ဖြစ်ပါတယ်။
images (54).jpg
လူတစ်ယောက်ဟာ နိမ့်ပါးတဲ့ အနေအထားတစ်ခုမှာ ရှိနေခဲ့သည် ဆိုပါစို့ ။ သူ့ရဲ့ ကောင်းမွန်လာနိုင် တဲ့ အလားအလာ တစ်ခုကို သူ့ပတ်ဝန်းကျင်မှ လူတစ်ဦး က တွေ့မြင်ခဲ့ပြီး အကောင်းမြင် သဘောထား မှတ်ချက်တစ်ခု ပေးလိုက်တဲ့ အချိန်မှာ သူဟာ မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်မိခဲ့ပါတယ်။ထိုသို့ သုံးသပ်မိ သည့် အခါ မိမိကိုယ်တိုင်ရဲ့ အားစိုက်ထုတ်မှုဟာ အလွန် နိမ့်ပါးနေကြောင်း သိမြင်ခဲ့ပါတယ်။ထို့နောက်မှာ တော့ ၎င်းအကောင်းမြင် မှတ်ချက် သဘောထားကို အားပြုပြီး ကြိုးစား လုပ်ဆောင်တဲ့ အချိန်မှာတော့ သူဘဝ ဟာ တိုးတက်မြင့်မားလာခဲ့ပါတယ်။၎င်းအဖြစ်အပျက်ကို ပုံဖော်ထားတဲ့ ပုံပြင် တစ်ပုဒ် ကို ဖတ်ရှု ကြည့်လိုက် ပါဦး။

တောင်းရမ်းသူ တစ်ဦးဟာ ဘူတာရုံတစ်ခုအတွင်းမှာ ဖောင်တိန် တွေနဲ့ အပြည့် ဖြစ်နေတဲ့ ခွက်တစ်လုံး နဲ့အတူထိုင်နေပါတယ်။ ငယ်ရွယ်တဲ့ အမှုဆောင်တစ်ဦးဟာ ဖြတ်လျှောက်သွားစဉ်မှာ သူ့ရဲ့ ခွက်ထဲကို ၁ ဒေါ် လာ ထည့်ပေးခဲ့ပါတယ်။ပြီးတော့ သူဟာ ရထားအတွင်းကို ဝင်ရောက်သွားခဲ့ပါတယ်။တံခါးမမပိတ်ခင် အချိန် အတွင်း သူ့ရဲ့ စိတ်ထဲမှာ တစ်မျိုးတစ်မည် ဖြစ်လာခဲ့တဲ့အတွက် တောင်းရမ်းသူ ဆီသို့ ပြန်သွားခဲ့ပြီး ဖောင် တိန်များကို ဆတ်ကနဲ ဆွဲယူကြည့်ရှုကာ `` ဒါတွေက ဈေးကြီးတဲ့ အရာတွေပဲ ။ မင်းဟာ ရင်းနှီးမြုပ်နှံသူ တစ် ယောက် ဖြစ်ပြီးတော့ ငါ့လို လူတစ်ယောက် ပါပဲ ´´ လို့ ပြောလိုက်ပြီး ထွက်လာခဲ့လိုက်ပါတယ်။

ခြောက်လအကြာမှာ လူငယ်အမှုဆောင်ဟာ ပါတီပွဲ တစ်ခု ကို တက်ရောက်ခဲ့ပါတယ်။ တောင်းရမ်းသူ က လည်း သန့်ရှင်း သပ်ရပ်စွာနဲ့ အဲဒီမှာရှိနေခဲ့ပါတယ်။ တောင်းရမ်းသူက အမှုဆောင် ကို မှတ်မိခဲ့ပြီး သွားရောက်တွေ့ဆုံခဲ့ကာ သင်က ကျွန်ုပ်ကို မမှတ်မိတာ ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်ကတော့ သင့်ကို မှတ်မိ နေပါတယ်´´ လို့ပြောလိုက်ပါတယ်။ပြီးတော့သူက လွန်ခဲ့ တဲ့ ၆ လအကြာက ဖြစ်ကြောင်းစုံကို ပြန်ပြောပြ လိုက်ပါတယ်။ အမှုဆောင်က သင် ကျွန်ုပ်ကို အမှတ်ရစေလိုက်တဲ့ အတွက် အရင်က သင် တောင်းရမ်းနေခဲ့ တာကို ပြန်လည် တွေးမြင်ယောင် မိပါတယ်။ယခုတော့ သန့်သန့်ပြန့်ပြန့် နဲ့ ဘာလာလုပ်တာပါလဲ ´´ လို့ မေး လိုက်ပါတယ်။

တောင်းရမ်းသူ က `` အဲဒီနေ့မှာ သင်ဟာ ကျွန်ုပ်အတွက် ဘာပြု လုပ်ပေးခဲ့တယ် ဆိုတာကို မသိခဲ့တာ ဖြစ် နိုင်ပါတယ်။သင်ဟာ ကျွန်ုပ်ရဲ့ ဘဝမှာ ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာတွေကို ပထမဦးဆုံး ပြန် ပေးခဲ့တဲ့ သူ တစ်ယောက် ပဲ ဖြစ်ပါတယ်။သင်ဟာ ကျွန်ုပ်ရဲ့ ဖောင် တိန်များကို ဆတ်ကနဲ ဆွဲယူကြည့်ရှုခဲ့ပြီး ` ဒါတွေက ဈေးကြီးတဲ့ အရာတွေပဲ ။ မင်းဟာ ရင်းနှီးမြုပ်နှံသူ တစ် ယောက် ဖြစ်ပြီးတော့ ငါ့လို လူတစ်ယောက် ပါပဲ ´ လို့ပြောခဲ့ပါ တယ်။
images (55).jpg
သင်ထွက်ခွာ သွားတဲ့ အခါမှာ ကျွန်ုပ်ဟာ မိမိကိုယ်ကိုယ် ငါဒီမှာ ဘာလုပ် နေခဲ့တာ လဲ။ ဘာ့ကြောင့်ငါ ဟာတောင်းရမ်းနေတာလဲ စသည် ဖြင့် ပြန်တွေးခဲ့ပါတယ်။ကျွန်ုပ် ဘဝကို အထောက်အကူ ဖြစ်စေမဲ့ တစ်စုံ တစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်ုပ်ရဲ့ လွယ် အိတ်ကို ကောက်ယူလိုက်ပြီး အလုပ်လုပ်ဖို့ စတင် လိုက်ပါတယ်။ အခုတော့ ဒီမှာရောက်နေခဲ့ပါပြီ။ ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာတွေ ပြန် ပေးခဲ့တဲ့ သင့်ကို ကျေးဇူးတင်ပါတယ်။အဲဒီအဖြစ်အပျက်က ကျွန်ုပ် ဘဝကို ပြောင်းလဲစေခဲ့ပါတယ် ´´ လို့ ပြောပြလိုက်ပါတယ်။

ပတ်ဝန်းကျင်မှ သူများရဲ့ မှတ်ချက်သဘောထားကို နားထောင်ပြီး မိမိတို့ပုံရိပ်ကို ဖမ်းယူကြည့်ရှုနိုင်ပါ တယ်။သူတို့ရှုမြင်တဲ့ ပုံစံက မိမိတို့ကိုယ်တိုင် တစ်ကြိမ်တစ်ခါမျှ မရှုမြင် ဖူးတဲ့ ရှုထောင့် အမြင်မျိုးလည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။ထိုအမြင်များနှင့်အတူ မှတ်ချက်သဘောထားများက မိမိရဲ့ ကောင်းကွက် အားသာချက် ဖြစ်နိုင်သလို မိမိရဲ့ ဆိုးကွက် အားနည်းချက်များ လည်း ဖြစ်နိုင်ပါတယ်။မည်သို့ပင် ဖြစ်စေ မိမိက အကောင်းမြင် သဘောထားဖြင့် လက်ခံပြီး အကျိုးရှိစွာ အသုံးပြုနိုင်မယ် ဆိုရင် ထိုအရာများက ကျွန်တော်တို့ အတွက် တန်ဖိုး ကြီးတဲ့ လက်ဆောင်များအဖြစ် အသွင်ပြောင်းသွားမှာ ဖြစ်ပါတယ်။
rBVaEVb9cQWAQW3JAALN_c9T9Rs530.jpg
လွန်ခဲ့တဲ့ နှစ်တစ်ရာခန့် အကြာက လူတစ်ဦးဟာ မနက်ခင်း သတင်းစာဖတ်ရင်း နာရေး ကြေငြာမျက်နှာစာမှာ သူ့နာမည်ကို တွေ့လိုက်ရတဲ့အတွက် အံ့သြ ထိတ်လန့်သွားခဲ့ရပါတယ်။ သတင်းစာက အခြားလူတစ်ဦးရဲ့ သေဆုံးခြင်းကို မှားယွင်းစွာ ဖော်ပြခဲ့မိတာပါ။ သူ့ရဲ့ ပထမဦးဆုံး တုံ့ပြန် ခံစားမှုအနေနဲ့ အလွန်ခြောက်ခြားသွားခဲ့ရပါတယ်။ ငါက ဒီမှာ ရှိနေတာလား။အဲဒီမှာရောက် နေတာလား။သူဟာ စိတ်တည်ငြိမ်မှု ပြန်ရသွားတဲ့အခါ ဒုတိယမြောက် အတွေးကတော့ လူတွေ သူ့အကြောင်း ဘာပြောကြလဲဆိုတာ စုံစမ်းကြည့်ဖို့ အတွေးပဲ ဖြစ်ပါတယ်။

သူဟာ နာရေးကြေငြာမျက်နှာစာ မှာ ဖတ်ရှုရသည်ကဒိုင်းနမိုက်ဘုရင်ဟာ သေဆုံးသွားခဲ့ ပါပြီ။ သူ ဟာ သေခြင်းတရား ရဲ့ ကုန်သည် တစ်ယောက် ဖြစ်ပါတယ် ´´ ဟူ၍ ရေးသားထားတာကို တွေ့ရပါ တယ်။သူဟာ သတင်းစာမျက်နှာပေါ်မှာ သူ့အပေါ် မှတ်ချက် သဘောထားကို ကွင်းကွင်း ကွက် သိမြင်သွားခဲ့ရပါတယ်။သူဟာ ဒိုင်းနမိုက်ကို တီထွင်ခဲ့သူဖြစ်ပြီး သေခြင်းတရားရဲ့ ကုန်သည် ဆိုတဲ့ စကားလုံးကို ဖတ် ရှုမိတဲ့အခါမှာ သူ့ကိုယ်သူ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။အဲဒါကတော့လူတွေ ငါ့ကို ဘယ်လို သတိရနေစေချင်လဲ ´´ ဆိုတာပဲ ဖြစ်ပါတယ်။
nobel-death.jpg
သူဟာ သူ့ရဲ့ စိတ်ခံစားချက်ကို ရိပ်မိသိရှိခဲ့ပြီး လူတွေ သူ့ကို သတိရနေစေချင်တဲ့ အခြေ အ နေဟာ ယခုကဲ့သို့ အနေအထား မဟုတ်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေ့မှ စပြီး သူဟာ ငြိမ်း ချမ်းရေးအတွက် စတင်လုပ်ဆောင်ခဲ့ပါတယ်။သူ့ရဲ့ အမည်က အတ်လ်ဖရတ် နိုဘယ် ဖြစ်ပြီး ယနေ့မှာ ကြီးကျယ်ခမ်းနားလှတဲ့ နိုဘယ် ဆုနဲ့ အတူတွဲပြီး သူ့ကို အ မှတ်ရနေပြီ ဖြစ်ပါတယ်။ အတ်လ်ဖရတ် နိုဘယ်ဟာ သူ့ခံစားချက်ကို ရိပ်မိသိရှိပြီး သူ့ရဲ့ တန်ဖိုးကို ပြန် လည် သတ်မှတ် ခဲ့သလို ကျွန်တော်တို့ဟာလည်း သူကို စံအဖြစ်ထားပြီး ကြိုးစားသင့်ပါတယ်။

သင့်ရဲ့ အမွေက ဘာပါလဲ။ လူတွေသင့်ကို ဘယ်လို သတိရနေစေချင်တာလဲ။သင့်ကို လူတွေက ကောင်းမြတ်သောလူ အဖြစ် ပြောဆိုကြလိမ့်မလား။လူတွေက သင့်ကို ချစ်ခင်လေးစားမှု နှင့်အတူ သတိရနေလိမ့်မလား။လူတွေကသင့်ကို အောက့်မေ့ သတိရနေလိမ့်မလား။ထိုမေးခွန်း များဟာ မိမိကိုယ်ကိုယ် လေးနက်စွာ မေးမြန်းသင့်သည့် မေးခွန်းများဖြစ်ပါတယ်။ကျွန်တော်တို့ ဟာ အခြားလူတွေရဲ့ နှလုံးသားထဲတွင် နေရာတစ်ခုပိုင်ဆိုင်နိုင်ရန်အတွက် ကြိုးပမ်းနိုင်တဲ့ အခွင့်အရေး ကိုယ်စီ ရှိကြပါတယ်။ ထိုသို့ ကြိုးပမ်းလုပ်ဆောင်နိုင်ဖို့ရန်အတွက် မိမိရဲ့ လက်ရှိအခြေအနေကို အရင်ဦးစွာ အမှန် ကန်ဆုံး ရှုမြင်နိုင်ရပါမယ်။ထိုသို့ ရှုမြင်လာနိုင်ရန်အတွက် အခြားသူတို့ရဲ့မှတ်ချက် သဘောထားများ ကို သတိပြု နားထောင်တတ်ရန်လည်း လိုအပ်လှပါတယ်။
images (49).jpg

ရေးသားသူ >> @shweyaungmyanmar
photo >> google

Sort:  

please following you for me please visit my profile hope you will my photography
https://steemit.com/@sahajan

ဗဟုသုတရပါ၏

ကျေးဇူးပါ ဗျ

ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါဗျာ

အရမ်းကိုမှ ကောင်းတဲ့အရေးသားပါဗျာ

ကျေးဇူးပါဗျ

thanks for sharing bro. good post.

ဟုတ်ကဲ့
ကျေးဇူးပါဗျာ
အားပေးတဲ့အတွက်

Coin Marketplace

STEEM 0.20
TRX 0.20
JST 0.034
BTC 89515.30
ETH 3067.76
USDT 1.00
SBD 2.92