စာဖတ်

in #written7 years ago

" အချစ်ကဘဝမဟုတ်ဘူးလေထိုကြာင့်မချစ်နဲ့ဘဝကချင်ပေါင်ရွက်ဆိုရင် ခဉ်ရည်ကြိုသောက်ဖြစ်မယ်ဘဝနဲ့ ပင်​​ပေါင်​ကစားပွဲ အ​တော်​တူတယ်
ကိုယ်​မှန်​ရင်​လည်း ကိုယ်​ အမှတ်​ရတယ်
ကိုယ်​နဲ့ယှဉ်​ပြိုင်​​နေတဲ့သူက မှားရင်​လည်း
ကိုယ်​အမှတ်​ရတယ်​ "
image
တစ်​​နေ့တွင်​ ကျွန်​မက ​လောကဓံနှင့်​သက်​ဆိုင်​သည့်​ သာဓကများအ​ကြောင်းကို တပည့်​ကြီးတစ်​​ယောက်​အား ​ပြောပြ​နေမိသည်​။ကံ​ကောင်း​အောင်​ ကြိုးစားသူသည်​ ပထမဦးစွာ မိမိကိုယ်​ကို ​ကောင်းစွာ​ဆောက်​တည်​သင့်​သည့်​အ​ကြောင်းကို ကျွန်​မ ​ပြောပါသည်​။ကံအလှည့်​မသင့်​​သေးသည့်​အချိန်​ဖြစ်​လျှင်​ ​ကောင်းကျိုးချမ်းသာကို ချက်​ချင်းမရနိုင်​။သို့ ​သော်​ မိမိကိုယ်​ကို ​ကောင်းစွာ​ဆောက်​တည်​ထား​သောသူသည်​ ​ကောင်းသည့်​အလုပ်​များကို ကြိုးစားလုပ်​​ဆောင်​​နေမည်​ဖြစ်​​သော​ကြောင့်​ ကံအလှည့်​သင့်​သည့်​အချိန်​တွင်​ ​ကောင်းသည့်​အလုပ်​များ အထုပ်​အပိုးနှင့်​ အကျိုး​ပေးလိမ့်​မည်​ဆိုသည့်​ သ​ဘောမျိုးကို ကျွန်​မ ​ပြောပါသည်​။ ထိုအချိန်​တွင်​ ကျွန်​မတပည့်​ကြီးက " ဆရာမ၊ပင်​​ပေါင်​ကစားနည်းကို သိသလား "ဟု ​ကောက်​ကာငင်​ကာ ​မေးပါသည်​။အားကစားတွင်​ အလွန်​ညံလှသည့်​ ကျွန်​မက "မသိဘူး "ဟု ​ဖြေရပါသည်​။ကျွန်​မ၏ တပည့်​ကြီးက ​ပြောပါသည်​။ " ပင်​​ပေါင်​ကစားပွဲမှာ အမှတ်​​ရေတွက်​တာ သိပ်​စိတ်​ဝင်​စားစရာ ​ကောင်းတယ်​၊ဘဝနဲ့ ပင်​​ပေါင်​ကစားပွဲနဲ့ အ​တော်​တူတယ်​။ကိုယ်​က ပင်​​ပေါင်​​ဘောလုံးက​လေးကို တစ်​ဖက်​ကိုရိုက်​ပြီး ​ပေးလိုက်​တဲ့အခါမှာ စည်းဝိုင်းထဲကို ကျရဲ့သားနဲ့ တစ်​ဖက်​ကဖမ်းပြီး ပြန်​မရိုက်​လိုက်​နိုင်​ရင်​ အဲဒီတစ်​ဖက်​လူသာ အမှတ်​မရတာမဟုတ်​ဘူး။တစ်​ဖက်​လူရဲ့အမှားအတွက်​ မှန်​​နေတဲ့သူက အမှတ်​ရတယ်​။ဆိုကြပါစို့ ။သူက ပင်​​ပေါင်​​ဘောလုံးက​လေးကို ရိုက်​လိုက်​တဲ့အခါမှာ ပိုက်​ကိုထိပြီး သူ့ဘက်​ကိုပြန်​ကျရင်​ သူသာ အမှတ်​မရတာ မဟုတ်​ဘူး။ကိုယ်​က သူ့အမှားအတွက်​ အမှတ်​ရတယ်​။သူရိုက်​လိုက်​တဲ့ ပင်​​ပေါင်​​ဘောလုံးက​လေးက ပိုက်​ကို​ကျော်​လာပါရဲ့၊ကိုယ်​ဘက်​က စည်းဝိုင်းထဲကို မကျဘဲ အပြင်​ဘက်​ကျသွားရင်​လည်း သူ အမှတ်​မရဘူး။ကိုယ်​က​တော့ သူ့အမှားအတွက်​ အမှတ်​ရ​နေတတ်​တယ်​။ ဘဝဆိုတာလည်း ဒီလိုပါပဲ။ကိုယ့်​ဘက်​​က မှန်​​အောင်​သာ ကြိုးစား​နေရမှာပဲ။ကိုယ်​မှန်​ရင်​လည်း ကိုယ်​အမှတ်​ရတယ်​။ကိုယ်​နဲ့ယှဉ်​ပြိုင်​​နေတဲ့သူ မှားရင်​လည်း ကိုယ်​အမှတ်​ရတာပဲ။အဲဒီ​တော့ ဘာပဲဖြစ်​ဖြစ်​ ကိုယ့်​ဘက်​က မမှား​အောင်​ ကြိုးစားရမှာပဲ။ကိုယ်​မှားရင်​လည်း တစ်​ဖက်​ကအလိုလို အမှတ်​ရသွားမှာ။အဲဒီ​တော့ ကိုယ့်​ဘက်​ကိုသာ မမှား​အောင်​ ဂရုစိုက်​ရလိမ့်​ " ဟု တပည့်​ကြီးက ​ပြောပါသည်​။ ကျွန်​မသည်​ ကျွန်​မ​ပြော​နေ​သောစကားကိုပင်​ ​မေ့သွားမိသည့်​အထိ သက်​ငယ်​စကားကို အ​လေးအမြတ်​ထားကာ စဉ်းစားမိပါသည်​။ဟုတ်​​ပေသားပဲ။ ​ဆောက်​တည်​ထား၍ အမှတ်​များရသလို ​မ​ဆောက်​တည်​သည့်​ ကိုယ်​နှင့်​သက်​တူရွယ်​တူ အဆင့်​တူများကြားတွင်​လည်း(သူတို့ ​ကြောင့်​)ကိုယ်​က အမှတ်​များရလာနိုင်​ပါသည်​။အမယ်​...ဒီလိုဆို​တော့ ​လောကကြီးဟာ အ​တော်​တရားမျှတတာပါပဲကလားဟု ​တွေးမိပါသည်​။ ကိုင်း...ကျွန်​မ ကြားမိ​သော သက်​ငယ်​စကားကို ကျွန်​မ​ရေးသား တင်​ပြပြီးပါပြီ။ဖတ်​မိသည့်​ခဏတွင်​ "ဟုတ်​လိုက်​​လေ " ဟု​တွေးမိ ​ပြောမိသည့်​သူများ များလိမ့်​မည်​ဟု ကျွန်​မ​မျှော်​လင့်​ပါသည်​။မိမိတို့ အမှား​ကြောင့်​ တစ်​ပါးသူများ အမှတ်​ရကာ မိမိ၏သိက္ခာ ကျမသွား​စေဖို့ က​တော့ မိမိ၏တာဝန်​သာ ဖြစ်​ပါ​တော့သည်​။ ​ဒေါက်​တာမတင်​ဝင်း(ပညာ​ရေးတက္ကသိုလ်​) မှတ်​သားမိ​သော စကားများ စာအုပ်​မှ ​ကောက်​နုတ်​ထားပါသည်​။ဘာရယ်ညာရယ်မဟုတ်ကော်ပီကူးတယ်လေ ခ်ခ်။အားလုံးအဆင်ကြေပါစေဗျာ။
@shwelayaung

Sort:  

Nice post i am reblog thank you အရမ်ကြိုက်

ပုဂံကို ချစ်သလိုလိုနဲ့ နည်းမျိုးစုံသုံးပြီး ဖျက်ဆီးခဲ့ကြတာ များလှပါပြီ။ မိမိအကျိုးစီးပွားတွေ အတွက်နဲ့

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57027.00
ETH 2353.59
USDT 1.00
SBD 2.38