A person's who visited to Panandin Village at High School of northern Myanmar (part-4)
-ကောင်းမူလုံစေတီကပြန်လာကျတော့ လိုက်ပို့တဲ့အကိုကြီးက "မင်းတို့ မောင်တေဇတည်းခိုခန်း ကြားဖူးလားလို့မေးတော့ -ကျနော်တို့လည်း ပူတာအိုဘက်မှာ သူ့တည်းခိုခန်းရှိတယ်လို့သာ ကြားဖူးတာ မရောက်ဖူးဘူးအကိုရေလို့"ပြောလိုက်တော့ သူကနာရီလေးကြည့်ပီး အချိန်ရသေးတာနဲ့လာသွားစို့ လိုက်ပို့မယ်ဆိုတော့ ကျနော်တို့လည်း ဆိုင်ကယ်လေးတွေ ဆီဖြည့် ခြေထပ်ဆန်ကျတာပေါ့ဆိုပီး ထွက်ခဲ့ကြတယ်။
-သိပ်တော့မကြာလိုက်ပါဘူး မိနစ်(၂၀)လောက်ပေါ့ ရောက်လည်းရောက်တော့ OMG 😲 လို့ပြောရမလားပဲ တကယ်ကိုဆောက်ထားတဲ့ ဒီဇိုင်းလေးတွေကချစ်စရာ၊ယူထားတဲ့နေရာကလည်း ပူတာအိုမှာနာမည်ကြီးတဲ့ မူလာရှီဒီွးရွာနားက မူလာရှီဒီးချောင်းကြီး ဘေးနားမှာဗျ။တကယ်ကိုလည်း ထူးဆန်းတဲ့နေရာလေးပေါ့ဗျ နေရာဒေသနဲ့လိုက်ဖက်တဲ့ ရူခင်းလေးတွေကိုလည်း ခံစားလို့ရအောင် ယူထားတဲ့ပေါ့ အဆင့်မြင့်တည်းခိုးခန်းစတိုင်တွေကလည်း လာပီးခရီးသွားအပန်းဖြေတဲ့ သူများကို မပြန်ချင်လောက်အောင် ဆွဲဆောင်စေနိုင်လောက်ပါတယ် ။
-ကျနော်တို့လည်းလျောက်ပီးစပ်စုကြည့်တာပေါ့ တည်းခိုးခန်းရဲ့ဘေးပတ်လည်ကနေလှမ်းကြည့်ရတာတောင် နေချင်စရာကြီးနော် ဧည်ကြိုတဲ့သူလေးတွေကလည်းအရမ်းကို နွေးထွေးစွာကြိုဆိုတက်ကျတယ်။ပျောစရာကြီးပါပဲဗျာ ။
-ဒီလိုနဲ့ တည်းခိုးခန်းကနေ တောင်ဘက်ကို (၃)မိနစ်လောက်ဆက်မောင်းလိုက်တော့ မူလာရှီဒီးလို့သာပြောရတယ် ကျနော့စိတ်ထဲမှာမြို့ငယ်လေးလိုပါပဲ ဘာလို့လည်းဆိုရင်တော့ တိုက်နယ်ဆေးရုံကြီးရယ် ခုနကတည်းခိုခန်းရယ် ပူတာအိုမြစ်ကြီးနားလမ်းကြီးကို ဆက်သွယ်ပေးထားတဲ့ မူလာရှီဒီးကြိုးတံတားကြီးတို့ဟာ တဆက်တည်းတည်ရှိနေကျလို့ပါပဲ။ခုတော့ တံတားကြီး၂စင်း ဖြစ်နေပါပီ။မြစ်ကြီးနားက ပူတာအိုလာရင် အဲ့တံတာကြီးကပဲသွားကျရတာပေါ့။
-ဝဟင်စီးတဲ့သူတွေ့ကတော့လေယာဉ်ပေါ့။ ပူတာအိုမြစ်ကြီးနားတောင်ကြားလမ်းကနေလည်းသွားတဲ့သူတွေရှိပါတယ် ဒါမယ့်အရမ်းလူပျက်တယ်။တချို့မရောက်ဖူးတဲ့သူတွေကတော့ပြောကျတယ် အဲ့လမ်းကသွားတဲ့သူတွေဆို KIA စစ်သားတွေက ဖမ်းသွားပီဆိုရင်အဖမ်းခံရတဲ့သူဟာ ဘယ်တော့မှာပြန်ပေါ်မလာအောင်ရက်စက်ပစ်ကျတယ်လို့ ပြောတာပေါ့ ။ဒါမယ့်အဲ့လိုမဟုတ်တော့ဘူးဆိုတာ ကျနော်ကိုတိုင် (၂)ညအိပ်(၂)ရက်နဲ့မောင်းခဲ့ဖူးလို့သိခဲ့ရတာ ပါ ။တစ်ခေါက်တောင်မက ဘူး အဲ့ ကုန်းလမ်းကြီးကို ကျနော်ပန်နန်းဒင်မှာတာဝန်ကျခဲ့တဲ့(၂)နှစ်အတောအတွင်းမှာကို ဆိုင်ကယ်တစ်စီးတည်းနဲ့အဲ့လမ်းကို (၃)ခေါက်တောင်သွားခဲ့ဘူးလို့သိခဲ့ရတာပါ လမ်းခရီးတလျောက်မှာ အရမ်းကိုစိတိငြိမ်လွန်းလို့ လူပျက်နေတဲ့အချိန်ကိုယ့်ဆိုင်ကယ်တစ်ခုခုဖြစ်သွားမှာပဲ စိုးရိမ်ရတာပါ ကျန်တာကတော့ အေးဆေးပါပဲ။နာက်မှပူတာအိုမြစ်ကြီးနားလမ်းကြီးအကြောင်း နဲ့ဆွမ်ပရာဘွနမြို့လေးရဲ့ အလှတွေကိုလည်း ရေးပါအုံးမယ်ခမျ။
-ခုတော့ အဲ့နားတဝိုက်မှာရှိတွဲ့ရွာလေးတွေတချို့ကတော့ မောင်တေဇဖောင်ဒေးရှင်းရဲ့ အထောက်ပံ့တွေလည်း ရပါတယ်တဲ့ ။ အဲ့ဒေသမှာတော့ သူ့ ရဲ့ဖောင်ဒေးရှင်းကို မသိသလောက်ဖြစ်နေရတဲ့ရတဲ့ အဓိကအကြောင်းရင်းနောက်တခုကတော့ မောင်တေဇနဲ့တခြားလုပ်ငန်းရှင်ကြီးများပူးပေါင်းပီး ထူးဖောင်ဒေးရှင်းအထက်တန်းကျောင်းလည်းဖွင့်ထားပေးသကိုးဗျ။ ဒေသခံတွေက ဆင်းရဲကျပြန်တော့ အစစ အရာရာ အဆင်ပြေနိုင်ပါစေတော့ဆိုပီး ထောက်ပံ့ပေးခဲ့တဲ့ ဦးတေဇရဲ့စေတနာတွေကိုလည်း ကျနော်တို့ တွေ့ရပီပေါ့ဗျာ။အဲ့ ထူးဖောင်ဒေးရှင်းကျောင်းလေးကတော့ ပူတာအိမြို့ရဲ့ တောင်ဘက်အစွန်မှာဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။
#photo credit- my original and from Facebook
#@sheinthu
ဗဟုသုတတွေ ရတယ်.. ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ ကျေးဇူးပါ ဘရိုမြင့်မြတ်
ဆက်ပါအုံး... စောင့် မျှော်လျက်ပါ။ ကျောက်နဂါး ကြီးကိုလည်း ထည့်ရေးပေးပါအုံး...
ဟုတ်ကဲ့ ကျေကျူးကမ္ဘာဆိုင် အကိုရေ
good post bro. I got something . thanks you.
ခေခေ ကျနော်လည်းပြန်ဝေမျှရလို့ ပျော်ရတယ်ဘရိုရေ့
မြောက်ပိုင်းဒေသဗဟုသုတလေးတွေကြားသိရတဲ့အတွက် ကျေူးဇူးပါခင်ဗျ
ဟုတ်ကဲ့ပါဘရို ကျေးဇူးပါနော်
လာလည်အုံးမှဘာ
လာခက်လေ လိုက်ပို့ပေးမယ် 😁😁
မရောက်ဖူးသေးဘူး
ဗဟုသုတရပါတယ်
ဟုတ်ဟုတ်ဘရို
ရွာနာမည် လေးတွေက ချစ်စရာကောင်းတယ်
ဟုတ်😄😄
Congratulations @sheinthu! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP