A person 'journey who visited to Panandin Village at High School of northern Myanmar (part-12)

in #myanmar7 years ago

IMG_9366.JPG

ခုဆိုရင် ခရီးလည်းသွားခဲ့တာ အတော်ခရီးပေါက်လုနီးပါပဲ ဒါမယ့် အိမ်မက်ထဲက လမ်းခရီးလိုတော့ ဘယ်ချောမွေ့နိုင်မလဲပေါ့ ။တစ်ခါတစ်လေ လက်တွေ့နဲ့ တွေးထားတဲ့အတိုင်းက …အတော်လေးကို တလွဲတွေပါပဲ။ ကြားဖူးနားဝရှိခဲ့တဲ့သတင်းတွေကလည်း …ကိုယ်တွေကိုတိုင်ကြုံလိုက်ရမှ အဖြစ်အပျက်အဆန်းလေးများက တကယ်အံ့ သြမဆုံးဖြစ်ရတော့တာကို…။ လူသူအရောက်အပေါက်နည်းတဲ့ တောတောင်ထဲမှာခရီးသွားရတာများ နေ့ခင်းဆို သိပ်ကိစ္စမရှိသေးဘူး… နေစောင်းလို့ညနေခင်းရောက်လာရင်တော့ တစ်ဖြည်းဖြည်းနဲ့ ကြောက်စရာကောင်းလောက်အောင် တောကြီးရဲ့မာယာတွေက …ကျနော်ရှေ့က ရေးထားခဲ့တဲ့အဖြစ်အပျက်လေးတွေက သိတဲ့အတိုင်းပါပဲ။
ကြိုတင်မျော်လင့်ထားလို့မရတဲ့ အဖြစ်အပျက်လေးတွေနဲ့၊ တောင်ကွေ့ ပေါင်းများစွာရဲ့ အချို့အကွေ့ တွေရဲ့ အဖြစ်ပျက် ၊တစ်တောင်နဲ့တစ်တောင်ကြားမှာရှိကြတဲ့ နယ်ပိုင်ပုဂ္ဂိုလ်တိုရဲ့တုန့်ပြန်မူ့တွေဟာ …အတော်လေးကို မထင်မှတ်စရာလည်းဖြစ်လို့ ဒီကြားထဲ…ကိုယ့်အဖွဲ့တွေထဲက ကျန်းမာရေးများတစ်ယောက်ယောက်ဖောက်လာရင် …အကူအညီမဲ့နေချိန်လိုမျိုးမှာပေါ့ အရမ်းကိုဒုက္ခလှလှနဲ့ရင်ဆိုင်ရတော့တာပေါ့ …ခုဆိုရင်လည်းကြည့်လေ ကျနော်တို့လို ဘုအသိဘမသိကောင်တွေပဲဆို ဒီလမ်းခရီးမှာ ဝရင်းဂါရွာမပြောနဲ့ မချမ်းဘောတောင်အတက်ကတောင် စထွက်လာနိုင်မှာဟုတ်ဘူးရယ်…။ဒါမယ့် ကျနော်တွေ့ ကြုံလာခဲ့တဲ့ဟာလေးတွေကို ပြန်လည်သတိထားမိတော့… လောကလူသားတွေဟာ အသိဥာဏ်နက်နဲတယ်…အဖျင်းဆုံးဆိုတောင်…အဆင်ပြေနိုင်တဲ့ အဖြေကို ရှာဖွေနိုင်ကျတယ်ဆိုတာကိုပေါ့။ အဲ့အထဲမှာ ကျနော်တို့ထိပ်က ပါလာတော့တာပေါ့ ခုကြည့်လေ…ဒီလမ်းခရီးကို ကျနော်တို့ မမြင်ဖူး၊မသိဖူး၊မကြားဖူးတာတွေ…သွားမယ့်ခရီးမှာ အဆင်ပြေဖို့ လုပ်ကြတော့တဲ့အခါမှာ ကျနော်တစ်ယောက်တည်းနဲ့ လုံးဝလုံးဝ ဖြစ်လာနိုင်မှာဟုတ်ဘူး…။ပြောချင်တာတော့… ဒီလမ်းခရီးမှာလိုက်ပါရတော့မယ့် အဖွဲ့ ဝင်တွေဟာ…ပထမ စည်းလုံးရမှာဆိုတဲ့ အသိလေး ရလာတာပါပဲ။
ကိုယ်တွေသာ တစ်ခါမှမကြုံဘူးလို့ ဒီလိုအတွေးရလာတာပါ ။ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမဲ့သူတွေကတော့ သူတို့လုပ်ငန်းသူတို့မို့ အထူးအဆန်း မဟုတ်တော့ဘူးလို့ ပြောလို့ရမယ်…ဒါမယ့်ကျနော်ပြောချင်တာတော့…သူတို့လုပ်ရမယ့်လုပ်ငန်းပါပဲလို့ပြောပီး ကိုယ်တွေကလည်း နမော်နမဲ့လုပ်ချင်ရာလုပ်မယ်ဆိုရင်လည်း ခု…ဒီနေရာရောက်တဲ့အထိလောက်အဆင်ပြေနိုင်မယ် မထင်မိပါဘူး…။ဆိုင်ကယ်လိုက်စီးရင်း တစ်ချို့ဗွက်အရမ်းနစ်တဲ့ နေရာတွေဆိုရင် တစ်ခါတစ်လေတောင်မှ …ကိုယ်တွေက ဆင်းမပေးမိဘူးဆိုရင် …သူမောင်းရတာခက်ခဲလာမယ်… ကြာလာရင် ဆိုင်ကယ်မောင်းတဲ့ ကောင်လေးရဲ့ စိတ်နဲ့ နောက်ကလိုက်စီးနေတဲ့သူရဲ့ စိတ်က အသိအသာကြီး (types)ကွာလာပီဆိုရင်လည်း…ဒီခရီးမှာ အသေအချာကို ခက်ခဲတော့မယ်ဆို့တဲ့ အသိလေးတွေကအစ တင်ကြိုပီး ကိုယ်တွေအဖွဲ့ ဘက်ကနေစပီး ဘယ်လိုပဲဖြစ်ဖြစ် စိတ်ရှည် သည်းခံရမယ်ဆိုတဲ့အသိလေးထားဖို့လည်း ရခဲ့ပါတယ်။
အဲ့လိုကိုယ့်ဘက်ကလည်း လိုက်လျောညီထွေ နေခဲ့ကျတော့ အစားဒုက္ခ၊အအိပ်ဒုက္ခ၊အသွားဒုက္ခတွေမှ ကိုယ်တွေလည်း အဆင်ပြေသက်သာလာခဲ့တာကိုပြန်တွေးမိတော့…အချင်းချင်းကူညီရမယ်ဆိုတဲ့ ဖြူစင်တဲ့စိတ်ကလေးရှိရမယ်ဆိုတာ သတိထားမိပြန်တာပေါ့…။

IMG_9841.JPG

နောက်ပီး…တောအကြောင်း တောင်အကြောင်းဆို ဘာတစ်ခုမှမသိတဲ့… ကျနော်လိုကောင်က တောမှောက်တော့မယ်ဖြစ်တော့ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်ဒုက္ခရောက်နေတာကို မကြည့်ရက် မမြင်ရက်နဲ့ ကျနော်ဘယ်လိုဖြစ်နေတဲ့အပေါ် တွေ့ ကြုံဖူးတဲ့ ဆီမွန်ခမျှာ စိတ်ထဲမကောင်းဖြစ်လွန်းလို့ …သူကိုယ်တိုင်ကိုယ်ချင်းစာမိလို့ ကျနော့ကို အကောင်းတိုင်းပြန်ဖြစ်လာအောင် ကုသပေးခဲ့တာ…အဲ့ဒါလေးတွေက…ကျနော့ရဲ့စိတ်လေးကိုပုံသွင်းခံလိုက်ရတဲ့ တစ်ယောက်နဲ့တစ်ယောက်ထားရှိရမယ့်ကိုယ်ချင်းစာစိတ် ဆိုတဲ့အသိလေးပေါ့…အရမ်းကျေးဇူးတင်ပါတယ် ဆီမွန်ရေ…။

IMG_9840.JPG

ပီးတော့ကျနော့အတွေးလေးကတော့…ခုဆိုခရီးသွားလာတာလည်း တစ်ဝက်နီးနီးကျလာခဲ့ပီဆိုတော့… ခရီးသွားနဲ့ပက်သက်ပီးဖြစ်လာမဲ့ အခက်ခဲတွေအတွက် ကိုယ့်အဖွဲ့ ဘက်က အစစအရာရာ ပြည့်စုံရမယ်ဆိုတာတွေကြားထဲက… တစ်ခုနောက်ထပ်သတိထားမိတာကတော့… အတော်လေးကိုအရေးကြီးလွန်းတဲ့ ကျန်းမာသန်စွမ်းရမယ်ဆိုတဲ့အသိလေးပေါ့…။အဲ့ဒါကလည်း…ဝရင်းဂါးရွာသစ်အရောက် မောင်အောင်သူရဲ့ နှလုံးရောဂါဖောက်လာတော့မှ သတိထားမိတဲ့အချက်ထဲမှာ အရေးကြီးဆုံးအချက်ပဲပေါ့…။နောက်ဆုံး…အခန်းမသင့်လို့ သူတစ်ခုခုဖြစ်သွားခဲ့လို့ရင်တောင် ကျနော်တို့ခရီးသွားအဖွဲ့ လည်း ပြန်ခေါက်ရမယ့်အထိ ဖြစ်လာနိုင်ဖို့အကြောင်းအရင်းတွေရှိလာတော့ …ရက်ရှည်ခရီးထွက်မဲ့သူတွေအတွက် ကျနော့ရဲ့ ခရီးလမ်းတစ်ဝက်တစ်ပျက်အတွေ့အကြုံအသိလေးတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်။

IMG_9839.JPG

အားလုံးကို ကျေးဇူးတင်ပါတယ်နော…။
အားလုံးလည်း ကိုယ်စိတ်နှလုံးအမြဲရွင်ပြုံးချမ်းသာနိုင်ပါစေလို့ ဆုတောင်းပေးနေရင်း…။

#credit-pixabay.com image
@sheinthu

Sort:  

ဘုတ် × 10000 😀

Thanks infinity....😂😂

နောက်ခါခရီးသွားရင် တံမျက်စီး ကိုစီးသွား မြန်တယ် ဟီး

အရမ်းမိုက်မိုက်
တခါတည်းရောက်မယ့်အတွေး
နောက်တစ်ခါဆိုင်ကယ်စီးတော့ဘူးရယ် လူလည်းပမ်းလို့…😄

အကိုယ့်ခရီးတွေဖတ်ရင်းကျွှန်တော်တို့လည်း ခရီးသွားနေပါတယ် အစစ်မဟုတ်ပေမဲ့ စိတ်ထဲကနေခံစားရင်း ပုံရိပ်ယောင်နဲ့ ကျွှန်တော်တို့ကတော့ စိတ်ကူးခရီးတုပေါ့ဗျာ

ညီတော်မောင်ရေ အဲ့ဒါဥာဏ်ကွန့်တော့ ပိုဆန်းတာပေါ့ကွယ်

ခရီးဆုံးပန်းတိုင်ကို အဆင်ပြေပြေနဲ့ရောက်နိုင်ဖို့ သတိထားရမယ့် အချက်လေးတွေ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

ဟုတ်တယ် ညီတော်မောင်ရေ တကယ်သွားကြည့်ရင် အတော်ဂရုလေးဂရုစိုက်မှကို အဆင်ပြေနိုင်မှာ ပီးတော့ ပမ်းလည်းပမ်းတာပေါ့ကွာ…

ခရီးသွား အတွေ့အကြုံတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ bro ရေ!

ဟုတ်အကိုသန့်စင်ရေကြိုးစားပါမယ်ခမျ

ဆရာ, ကိုယ်ခရီးသွားတာ တောတောင်, စိမ့်ကြီးမြိုင်ကြီးလေ... ထည့် ပါ ဆရာရယ် စိမ်းစိုတဲ့ တော တန်းပုံ တွေ , တောင်တန်းတွေ။ ထည့်ကြည့်လိုက်ပါ, ဆရာ့ post ပိုပြီး ကြွတက်လာလိမ့်မယ်။ ခုထည့်ထားတဲ့ ပုံနဲ့ ဆောင်းပါး မလိုက်ဖက်ပါဘူး

ဟုတ်အကို အပြင်ကအပုံတွေနဲ့အလှဆင်မတက်သေးလို့ ကျနော့အပစ်ပါ ကျနော့အမြင်ကလည်း တုံးမှတုံး…ဟီး…အကိုပြောပြမှ သတိရမိတယ်…ဟုတ်ဟုတ်အကို ကျနော်လုပ်ပါမယ် ခုလိုပြောပြလို့လည်း ဝမ်းသာမဆုံးပါခမျ…ကျေးဇူးပါအကို

ခရီး သက်သက် သွားတာလား
အလုပ်နဲ့ လား bro

ဆရာကျောင်းလေးမို့ တာဝန်ချရာ သွားရတာပေါ့ကွာ နို့မို့ဆို… ဘယ်ရောက်ဖြစ်မလည်း သိတောင်သိဘူးရယ်…😄😄

good experience sharing, thinking of when our country grow...

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61726.97
ETH 2392.47
USDT 1.00
SBD 2.60