Croatia vs England Review

in #busy8 years ago

***ခရိုအေးရှား
အုပ်စု (D)မှာ နာမည်ကြီး အာဂျင်တီးနားအပါအဝင် နိုင်ဂျီးရီးယားနဲ့ အိုက်စ်လန်တို့ကို ပွဲတိုင်း အနိုင်ကန်ခဲ့သလို ရှုံးထွက်အဆင့်မှာ ဒိန်းမတ်၊ ကွားတားဖိုင်နယ်မှာ အိမ်ရှင် ရုရှားတို့ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အကြိတ်အနယ် ကျော်ဖြတ်ခဲ့ပါတယ်။ ခရိုအေးရှားဟာ ဆီမီးမတိုင်မီ (၅)ပွဲမှာ (၁၀)ဂိုးသွင်းပြီး (၄)ဂိုး ပြန်ပေးခဲ့ရပါတယ်။
***အင်္ဂလန်
အုပ်စု (G) မှာ ဘယ်လ်ဂျီယန်၊ တူနီးရှားနဲ့ ပနားမားတို့နဲ့အတူ ကျရောက်ခဲ့ပြီး နောက်ဆုံးပွဲမှာ ဘယ်လ်ဂျီယန်ကို အနိုင်ရဖို့ အားမထုတ်ခဲ့ပဲ အုပ်စု ဒုတိယ နေရာသာ ရယူခဲ့ပါတယ်။ ဒီလမ်းကြောင်းရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ဆိုနိုင်ပြီး ရှုံးထွက်မှာ ကိုလံဘီယာကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့သလို ကွားတားမှာလည်း ဆွီဒင်ကို သက်တောင့်သက်သာ ကျော်ဖြတ်ခဲ့ပါတယ်။ ဆီမီးရောက် လေးသင်းမှာ အင်္ဂလန်ဟာ ပွဲအချောင်ဆုံး ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆီမီးအဆင့်ထိ တက်လှမ်းခဲ့ရာမှာတော့ အင်္ဂလန်တိုက်စစ်က (၁၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး ခံစစ်ကတော့ (၄)ဂိုး ပြန်လည် ခွင့်ပြုထားရပါတယ်။
ဒီနှစ်သင်း ခံစစ်ပိုင်းဟာ (၄)ဂိုးစီ ပေးထားရာမှာ Open Play နဲ့ ပယ်နယ်တီကနေ (၁)ဂိုးစီ၊ တည်ကန်ဘောတွေကနေ (၂)ဂိုးစီ ပေးထားရပြီး ခံစစ် စွမ်းရည် ထပ်တူ ကျနေပါတယ်။ အမြင့်ဘော လွှမ်းမိုးမှုနဲ့ တိကျတဲ့ ဘောလုံးပေးပို့မှုတွေမှာ အင်္ဂလန်သာပြီး ပျမ်းမျှ တစ်ပွဲစီရဲ့
ဘောလုံးပိုင်ဆိုင်မှုမှာတော့ ခရိုအေးရှားက သာလွန်နေပါတယ်။
ကွင်းလယ်မှာတော့ ရာကီတစ်-မိုဒရစ် စတဲ့ ခရိုအေးရှားရဲ့ ဘာဆာ-ရီးယဲလ် ကွင်းလယ်အတွဲဟာ ထိပ်တန်းအဆင့် ရှိနေပါတယ်။ ဒါ့အပြင် ကိုဗာချစ်လည်း အရန်သင့် ရှိနေပါတယ်။ အင်္ဂလန် ကွင်းလယ်ကတော့ ဟန်ဒါဆန်နဲ့ ဒယ်လီအလီတို့ ကွင်းလယ်ဗဟိုမှာ တည်ကစားပြီး လင်ဂတ်၊ယန်း၊ထရစ်ပီယာတို့က တောင်ပံဘက် အားသန်ပါတယ်။ ကွင်းလယ် နည်းစနစ်ပို်င်းရော ကစားကွက် ဖန်တီးမှု ပိုင်းမှာပါ ခရိုအေးရှားကို ပိုသဘောကျပါတယ်။
ခရိုအေးရှားရဲ့ တိုက်စစ်မှာ ပါရီဆစ်၊ရီဘစ်နဲ့ ဝါရင့်ကြီး မန်ဇူကစ်တို့ ရှိနေပါတယ်။ အင်္ဂလန်မှာတော့ ကိန်းနဲ့ စတာလင်တို့ တွဲဖက် ကစားဖွယ် ရှိနေပြီး ခရိုအေးရှားရဲ့ တိုက်စစ်ဟာ ကွင်းလယ် ကစားကွက်ပေါ် မူတည်ပြီး အင်္ဂလန် တိုက်စစ်ကတော့ ဖြတ်တင်ဘောတွေ နဲ့စတာလင်ရဲ့ လှုပ်ကစားနိုင်စွမ်းအပေါ် မှီခိုနေတဲ့ သဘောမှာ ရှိနေပါတယ်။
လက်ရှိ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားဟာ အာဂျင်တီးနားနဲ့ အိမ်ရှင် ရုရှားကို ပွဲကြပ်တွေ အကြိတ်အနယ် ကစားခဲ့ပြီး ဆီမီးအဆင့် တက်လှမ်းလာတာ ဖြစ်ပါတယ်။ အင်္ဂလန်ကတော့ ဘယ်လ်ဂျီယန်နဲ့ တွေ့ခဲ့တဲ့ ပွဲဟာ သူတို့အတွက် သိပ်အရေးမပါလှသလို ရှုံးထွက် အဆင့်တွေမှာလည်း ပြိုင်ဘက်ကောင်းတွေနဲ့ မတွေ့အောင် ရှောင်နိုင်ခဲ့တာကြောင့် အခု ခရိုအေးရှားနဲ့ ပွဲဟာ သူတို့အတွက် တကယ့် ပြိုင်ဘက်နဲ့စတင် တွေ့ခဲ့တာလို့တောင် ဆိုရမှာပါ။
ဆီမီး မကန်မီမှာပဲ ခရိုအေးရှားအသင်းရဲ့ လက်ထောက်နည်းပြ အထုတ်ခံထားရသလို အားထားရတဲ့ နောက်ခံလူ ဗာဆယ်ဟိုလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအခြေအနေကြောင့် (၁၉၆၆) နောက်ပိုင်း အင်္ဂလန် ဖိုင်နယ် တက်ဖို့ အခွင့်အရေး ပိုများနေတယ်လို့ပဲ အရဲစွန့် ခန်းမှန်းချင်ပါတယ်။
images (15).jpeg
photo credit - http://bit.ly/2rY79py

Sort:  

This post has received a 2.09 % upvote from @drotto thanks to: @sanhtun.

Congratulations! This post has been upvoted from the communal account, @minnowsupport, by SanHtun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 5.99% upvote from @dailyupvotes courtesy of @sanhtun!

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 64119.87
ETH 1794.71
USDT 1.00
SBD 0.39