You are viewing a single comment's thread from:

RE: လှေကား (Stair-3)

in #myanmar9 years ago

ဟီး ... ဆရာ ။ သမီးလည်း ကလေးငယ် တစ်ဖက်နဲ့ ရေးရတာမို့ အပိုင်းဆက်လိုဖြစ်နေပြီး စောင့်မျှော်ဖတ်ရှုရသလို ဖြစ်စေသွားခဲ့ရင် တောင်းပန်ပါတယ်ဆရာ။အထပ်မြင့်အဆောက်အဦးကို လက်တွေ့အနေနဲ့ မဆောက်ဖူးပါဘူးဆရာ။ငါးနှစ်တာအတောတွင်း သန်လျင်နဲ့မှော်ဘီနည်းပညာတက္ကသိုလ်မှာ သင်ယူလေ့လာခဲ့ရတဲ့ Building Services,Drawing,Transporting Engineering,Environmental Engineering,R.C,Workshop အစရှိတဲ့ဘာသာရပ်တွေကို အခြေခံပြီး သမီးနားလည်သလို ရေးသားထားတဲ့အတွက် အစီစဉ်ကျနမှုမရှိခဲ့ရင်လည်း နားလည်ပေးစေလိုပါတယ် ဆရာ။သမီးက လက်ရှိမှာတော့ အင်/ယာ ပညာရှင်အဆင့်မရှိသေးပါဘူးဆရာ။တည်ဆောက်ရေး -၃ လက်အောက်မှာရှိတဲ့ တံတားအထူးအဖွဲ့(၁၀)မှာ အလုပ်ဝင်လုပ်နေတဲ့ အလုပ်သင် အင်/ယာ အဆင့်ဘဲ ရှိပါသေးတယ်ဆရာ။အလုပ်ဝင်နေတဲ့ ၃ နှစ်တာအတွင်း သမီးလက်တွေ့သင်ယူရင်း လုပ်ကိုင်ခွင့်ရခဲ့တဲ့ တံတားတွေကတော့ ကရင်ပြည်နယ်မှာရှိခဲ့ တာပေါင်တံတား,မိဇိုင်းတံတား မြိတ်မြို့မှာရှိတဲ့ ထင်းမယ်တံတားတည်ဆောက်ခြင်းနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တံတားများကို ပြန်လည် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေလောက်ဘဲရှိပါသေးတယ်ဆရာ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.105
BTC 64599.23
ETH 1911.76
USDT 1.00
SBD 0.37