ပညာရေး

in #myanmar8 years ago (edited)

အနာဂါတ်၏ သူရဲကောင်းလေးများဖြစ်လာကြမည့် ရင်သွေးရတနာလေးများအား ထူးချွန်ထက်မြက်ကြသည့် ပညာတတ်လူရည်ချွန် လူရည်မွန်လေးများ ဖြစ်စေခြင်ကြသည်မှာ ကျမအပါအဝင် မိဘတိုင်း၏စေတနာပင် ဖြစ်ပေသည်။ယခုခေတ်အချိန်အခါကဲ့သို့ ခေတ်မီတိုးတက်လာသော ခေတ်ရေစီး
ကြောင်းနှင့်အညီ ပွင့်လင်းမြင်သာပြီး အမြော်အမြင်ကောင်းများ အခြေခံထားသော အတွေးအခေါ်များ ပိုင်ဆိုင်လာကြသည့်အလျောက် မိဘများအနေနှင့် မိမိတတ်နိုင်သည့် အနေအထားအတွင်းမှ သားသမီးများ၏ပညာရေးနှင့် ပါတ်သက်ပြီး အတတ်နိုင်ဆုံး အကောင်းမွန်ဆုံး အခြေအနေတစ်ရပ်ကိုသာ ဖန်တီးပံ့ပိုးပေးလာကြသည်ကိုလည်း ဝမ်းမြောက်ဖွယ် တွေမြင်လာရပါသည်။

သားသမီးများ၏ ဘဝတစ်သက်တာလုံး မကြောင့်မကြနှင့် ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ရန်အတွက် အမွေတကာ့အမွေထဲတွင် ပညာအမွေကိုသာ အရအမိပေးလိုကြသည်မှာလည်း ကျမတို့မိဘတိုင်း၏ ဆန္ဒပင်ဖြစ်သည်။ထို့အတွက်ကြောင့် 'က' 'ခ' လေးမှ အစပြုပြီး 'A B C D' '၁ ၂ ၃ ၄' အစရှိသည်ဖြင့် အက္ခရာလေးများ ကိန်းဂဏန်းငယ်လေးများအား တစ်လုံးစ နှစ်လုံးစ စတင်ပြီး မှတ်သားနိုင်သည့် အရွယ်လေးမှစ၍ ရင်သွေးလေးများအား မူကြိုတန်မူကြို မူလတန်းတန်သည်မူလတန်း အဆင့်ဆင့်တက်ရောက်စေပြီး ပညာသင်ကြားခြင်းဖြင့်သာ ငယ်ရွယ်နုပျိုချိန်များလေးအား အကျိုးရှိစွာကုန်ဆုံးစေကြလာသည်ကို တွေ့မြင်ကြရပါသည်။

မိမိ၏ရင်သွေးလေးများအား ပညာသင်ချိန်တွင် ပညာကိုသာ တစိုက်မတ်မတ် သင်ယူခွင့်ရနိုင်ရန်အလို့ငှာ ငွေကြေးတတ်နိုင်သည့် မိဘများအနေနှင့် ပြည့်စုံစွာပံ့ပိုးပေးကြသလို ငွေကြေးမပြည့်စုံသည့်မိဘများသည်လည်း မိမိ၏ိသားသမီး ပညာတတ်ကြီးဖြစ်စေရန်အတွက် အစစအရာရာတွင် ခြွေတာစုဆောင်းပြီး အတတ်နိုင်ဆုံး ပံ့ပိုးပေးနေကြသည်ကို ကျမတို့ပါတ်ဝန်းကျင်တွင် များစွာတွေ့မြင်လာရသည်မှာ နောင်တစ်ချိန်တွင် ပညာတတ်လူရည်ချွန်လေးများ ပေါ်ထွန်းလာမည့် ကျမတို့နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာကောင်းသော အခြေအနေတစ်ရပ်လည်း ဖြစ်နေပါသည်။ပညာရေးအပေါ်သို့ ရင်းနှီးမြှုပ်နှံမှုများ များပြားလာသည်မှာလည်း များစွာပီတိဖြစ်ဖွယ်ကောင်းလှပါသည်။

မိဘများအနေနှင့် သားသမီးများအား ပညာတတ်ကြီးဖြစ်စေခြင်သည့်အလျောက် ငယ်ရွယ်စဉ်မူလတန်းစ၍ အထက်တန်း,ထိုမှတစ်ဆင့် မိမိဝါသနာပါရာ သက်မွေးပညာများ ဆက်လက်သင်ယူနိုင်မည့် တက္ကသိုလ်ရောက်သည်အထိ တစ်နှစ်တစ်တန်းပုံမှန်အောင်မြင်ကာ ထူးချွန်သည့်ကျောင်းသား ကျောင်းသူများစာရင်းတွင် ပါဝင်ကြစေလိုသည်မှာလည်း သားသမီးများအား အကောင်းဆုံးကိုသာ ရယူကြစေလိုသော မိဘများ၏ စေတနာအတ္တပင်ဖြစ်ပေသည်။သားသမီးအား အရာရာတိုင်းတွင် ဖြစ်စေခြင်သည့်ဆန္ဒများ များလာသည့်အလျောက် မိဘများ၏စေတနာအတ္တများ၏ဝန်အား သားသမီးများ၏ပခုံးထက်တွင် လေးလံစွာထမ်းပိုးနေကြရသည်ကို မိဘများအနေနှင့်သတိမပြုမိကြသည်မှာ မိဘနှင့်သားသမီးများအကြား ဝမ်းနည်းဖွယ်ကောင်းသော လွဲချော်မှုတစ်ရပ်ပင်ဖြစ်သည်။

မိဘနှင့်သားသမီးကြားရှိ ပညာရေးနှင့်ဆက်နွယ်ပြီး လွဲမှားသော နားလည်မှုများ,သဘောထားများအပါအဝင် ပွင့်လင်းစွာပြောဆိုခွင့်မရှိလိုက်သော သားသမီးတို့၏စိတ်ကူးအိပ်မက်လေးများနှင့် ထိုမှတစ်ဆင့် မိဘများ၏အတ္တကိုလိုက်၍ လွဲမှားသောပညာရေးလမ်းကြောင်းပေါ်သို့ ရောက်သွားရရှာသော သားသမီးများ၏ကြေကွဲစရာကောင်းသော အဖြစ်လေးများသည် ကျမတို့ပါတ်ဝန်းကျင်တွင် တစ်နေ့ထက်တစ်နေ့ ဖြစ်ပွါးလာသည်ကိုလည်း သတိပြုဖွယ်တွေ့မြင်လာရပါသည်။

ထိုဖြစ်ရပ်များထဲတွင် ကျမတို့ပါတ်ဝန်းကျင်၌ တွေ့မြင်ဖူးသော ပထမဆုံးဖြစ်ရပ်တစ်ခုကို ကျမရေးသားဖော်ပြခြင်ပါသည်။ကျမသတ္တမတန်းအရွယ်လောက်တွင် ဖြစ်သည်။
ကျအတို့အိမ်နားတွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော ကျမထက်သုံးနှစ်ကြီးသည့် ကြည်ပြာဆိုသောအစ်မနှင့် ထက်ထက်ခိုင်ဆိုသော အစ်မနှစ်ယောက်လည်း ကျမတက်ရောက်သည့် စာသင်ကျောင်းတွင် ပညာသင်ယူခဲ့ကြပါသည်။သူတို့နှစ်ဦးထဲတွင် မကြည်ပြာသည် စာဂျပိုးလေးဟုခေါ်တွင်ရလောက်အောင်ပင် အနေအေးဆေးပြီး ပညာရေးကိုသားအာရုံထားသူတစ်ဦးဖြစ်သည်။ဒသမတန်းဆိုပေမယ့် ခန္ဓာကိုယ်သေးသေးညှက်ညှက်လေးနှင့် ကျမတို့ထက်ပင်ငယ်ရွယ်သူဟုထင်ရလောက်သော မကြည်ပြာသည် မိဘများ၏ စည်းကမ်းတကျအုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာပြီး ကျောင်းစာမှလွဲ၍တခြားသောအရာများအား စိတ်ဝင်တစားမရှိသောကြောင့် ပညာထူးချွန်သောမိန်းကလေးတစ်ဦးအဖြစ် လူအများ၏ သတ်မှတ်ထားခြင်းကိုခံထားရပြီး ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရန်အတွက် ကြိုးစားနေသူလည်းဖြစ်သည်။

မကြည်ပြာနှင့်အတန်းတူ မထက်ထက်ခိုင်မှာမူ မကြည်ပြာကဲ့သို့ ကျောင်းစာတစ်ခုတည်း အာရုံနှစ်ထားသူတော့ မဟုတ်ပေ။မိဘများ၏ နားလည်ပွင့်လင်းသော အုပ်ထိန်းမှုအောက်တွင် လွတ်လပ်ပေါ့ပါးစွာပညာသင်နေသူဖြစ်သည်။မကြည်ပြာကဲ့သို့ နှစ်စဉ်အတန်းထဲတွင် အဆင့် ၁ ချိတ်နေသူမဟုတ်ပေမယ့် ညံ့သောကျောင်းသူတစ်ဦးတော့ မဟုတ်ခဲ့ပါ။သို့ပေမယ့် သူတို့နှစ်ဦးထဲတွင် မည်သူက ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး မည်သူကတော့ပညာရေးကို နည်းလမ်းမှန်စွာသင်ယူခဲ့ပုံ,မိဘများ၏ ပညာရေးနှင့်ပါတ်သက်ပြီး လမ်းမှန်သော ထိန်းကျောင်းမှုများရခဲ့ပုံတို့အား ရှေ့ဆောင်းပါးတွင် ဆက်လက်ရေးသားဖော်ပြပေးသွားပါဦးမည်။
Thanks
ကိုယ်တိုင် ရေးသားထားပါသည်။
@sandipoe
MSC.035IMG_20171116_123904.jpgreceived_334285223716460.jpeg

Sort:  

မထက်ထက်ခိုင်က ဆေးကျောင်းတက်ရမယ်ထင်တယ်နော် အစ်မ

ဟုတ် ခုလိုဆွေးနွေးအကြံပြုပေးတာကျေးဇူးပါရှင့်

ကလေးတွေဟာ နောင်အနာဂတ်ရဲ့သူရဲကောင်းလေးတွေပါ

ဟုတ်ပါတယ်

အနာငတ်​ရဲ့ သူရဲ​ကောင်း​လေး​တွေ

Yes

Thanks

မျိုးဆက်သစ်လူငယ်တွေးပါ

ဟုတ်ပါတယ်bro

ကောင်း​သော အ​တွေးအ​ခေါ်ပါ

ကျေးဇူးပါ sis ဥာဏ်ရှိသလောက်လေးကြိုးစားထားတာပါ

ကောင်းပါတယ်။နောက် post ဆက်မျှော်နေပါတယ်။

ရေးရကျိုးနပ်ပါပြီ ပညာရေးနဲ့ပါတ်သက်တဲ့ကြုံတွေ့ဖူးတဲ့ သာဓကလေးတွေကိုလည်း ထပ်ပြီးကြိုးစားဝေငှသွားပါဦးမယ်ရှင့်

Good post ပါ

Thanks

အိမ်း😁😁မကြည်ပြာဆိုပါလား

ဟီးးးးးတိုက်ဆိုင်သွားတာ sorryပါအစ်မ

Good article

Thanks

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61264.97
ETH 1593.01
USDT 1.00
SBD 0.47