ယနေ့မှတ်စု
ဒီနေ့ရေးစရာအကြောင်းအရာကလည်း တွေးလို့မထွက်။ ဖြစ်ပျက်နေတာကလည်း ဒီနေ့တစ်နေ့လုံးမှာ အတန်းထဲက ကလေးတစ်ယောက် စာမလိုက်နိုင်လို့ဆိုပြီး အာပြဲပြဲနဲ့ ထိုင်ငိုနေတာ နာရီဝက်လောက်ကိုကြာတယ်။ အဲဒါနဲ့ အဲ့တစ်ယောက်ကို ထိုင်ပြီး အကြောင်းရင်းမေး ချော့မော့ပြောဆိုတော့မှ vocab ခါတိုင်း 7 လုံးပေးနေကျကို 13 လုံးပေးမှာမလို့ မကျက်နိုင်လို့ မလိုက်နိုင်လို့ငိုတာပါတဲ့။ ကိုယ့်မှာလည်း ရိုက်ရခက်၊ ဆူရခက်နဲ့ မနဲ စိတ်ထိန်းပြီးချော့လိုက်ရတယ်။ သူ့ချော့နေတာနဲ့တင်ကို နာရီဝက်ကျော်၂က စာမသင်လိုက်ရဖူး။ ဒါပေမဲ့ လည်း ကလေးတွေကို သူတို့မှတ်နိုင်တာထက် ပိုပေးရင် သူတို့လေးတွေ စိတ်ဓာတ်ကျတတ်တယ်ဆိုတာတော့ သင်ခန်းစာရလိုက်ပါတယ်။
ကလေးကိုချော့ပြီးတော့ အတန်းဆရာပြန်ဝင်ခိုင်းပြီး ကျန်တော်က ကျောင်းဆင်းပွဲမှာပေးဖို့ certificate လာလုပ်နေတော့ မကြာပါဖူး ကျောင်းမုန့်စားဆင်းနားတော့ အကြီးတန်းက ကလေးမက ဘယ်လိုအလိုက်မရဘဲ ချော်လဲမှန်းမသိ ခြေထောက်မှာ ပွန်းရာတွေနဲ့ဆိုတော့ ပျားရည်ဆေးလေး ဝါးဂွမ်းမှာထည့်ပြီး အနာလေးလိမ်းပေးလိုက်ရပါသေးတယ်။ အော် ကလေးတွေ တက်နေကျ လှေကားတောင် လဲဖြစ်အောင် လဲကျသေးတယ်။ ဘာတွေများဆော့ပြီး ပြေးနေကျလည်းမသိဖူး။