စတီးမစ်ဆိုတာ အလိမ်အညာတစ်ခုလား? အပိုင်း(၂)

in #myanmar6 years ago

Lie.jpg

စတီးမစ်နဲ့ စတီးမစ်အသုံးပြုတွေရဲ့ ပြိုင်ဆိုင်မှု့ကတော့ လုံးဝကို အရင်းမြစ် ကျတဲ့ပြိုင်ဆိုင်မှု့မျိုးပေါ့။ စနစ်ကို စနစ်ကျွမ်းကျင်သူတွေက ကစားနေပြီး အမြတ်ထုတ်နေတာမျိုးပေါ့။ ကျွန်တော်ကတော့ ကျန်းမာရေးသိပ္ပံ ကိုစိတ်ဝင် စားပါတယ်။ ဒါပေမဲ့ စတီးမစ်က ကျန်းမာရေးနဲ့ သိပ္ပံ အခန်းတွေကိုကြည့် ကြည့်မယ်ဆိုရင် တန်ဖိုးနိမ့်တဲ့ပိုစ့်တွေ ဖောင်းပွနေတာကိုတွေ့ရမှာပါ။

ကျန်းမာရေးနဲ့ သိပ္ပံ ဆိုင်ရာ ပုတ်ခတ်တိုက်ခိုက်မှု့တွေမှာလည်း ကိုးကားဖော်ပြသည့်အညွန်းမရှိသည့်အပြင် အကိုးအကားများလည်း မပါရှိပါဖူး။

သူတို့အရေးအသားတွေဟာ အရမ်းတိုပြီး စာအတိမ်အနက်၊ အသေးစိတ်အချက်အလက်နဲ့ ကွဲပြားချက်တို့မပါပါဖူး။

ဒီဆောင်းပါးတွေဟာ ဖိလစ်ပိုင်နဲ့ ဘင်ဂလားဒစ်မှာ စာရေးသူများက ပျင်းရိစွာနဲ့ အရေးအသားညံ့ဖျင်းစွာရေးသားပြီး တစ်နာရီကို ၃ဒေါ်လာ လောက်ရရှိနေပါတယ်။

ဒီလိုလူတွေ စနစ်မှာရှိနေတာဟာတကယ်ကိုရှက်စရာပါပဲ။ လွန်ခဲ့တဲ့ခြောက်လတည်းက ကျွန်တော်သာ စတီးမစ်ကိုတွေ့ခဲ့မယ်ဆိုရင် စတီးမစ်မှာ တန်ဖိုးရှိတဲ့ပိုစ့်တွေနဲ့ တကယ်ကြိုးစားထားတဲ့ပိုစ့်တွေပဲ ချီးမြင့် ခံရမယ်ဆိုတာကို ကျွန်တော်ပြောရဲပါတယ်။

စတီးမစ်မှာ ကိုယ်ရေးသားထားတဲ့ပိုစ့်က ပိုစ့်တင်ပြီး ခုနှစ်ရက်ပြည့်မှသာလျှင် ရရှိတဲ့ဒေါ်လာတွေက မိမိအကောင့်ထဲကိုရောက်ပါတယ်။ ကျွန်တော့်ဆောင်းပါးတော်တော်များများကတော့ အမြဲတမ်းစိမ်းပါတယ်။ ဘာလို့လည်းဆိုရင်တော့ ကျွန်တော်ဟာ ဘ၀နဲ့ သက်ရှိအကြောင်းတွေကို လေ့လာချင်သူတွေအတွက် ယခုလကစလို့ နောက်ငါးနှစ်မှာဖြစ်ပျက်မှာတွေ ကိုရေးသားနေလို့ပါ။ ဒီလိုအကြောင်းအရာတွေကိုတော့ စတီးမစ်ဆိုက်မှာ ဖော်ပြမှာဟုတ်ပါဖူး။ ဒါတွေကိုတော့ ကျန်တော်အခြားသောနေရာကနေ လေ့လာယူတာပါ။

စတီးမစ်ရဲ့ UI ဟာတကယ်ကို ကွတီးကွကျနိုင်ပြီး ကန့်သတ်ချက်မှု့ တွေလည်း ရှိထားပါတယ်။ ဥပမာပြောရရင် ၉၀ ခုနှစ်တုန်းက သုံးတဲ့ HTML editor နဲ့ plain text editor တွေကိုသုံးထားလို့ပါ။ ဒါဟာဘာကိုဆိုလို လည်းဆိုရင် ဆောင်းပါးတွေကို လှပအောင်ပြင်ဆင်တဲ့အချိန်မှာ တော်တော် လေးကို ကန့်သတ်ချက်တွေထဲမှာလုပ်ဆောင်ရတာမျိုးပါ။ အခြားသော ဆိုက်တွေမှာလေ့လာကြည့်ရင် ကျွန်တော်ရေးတဲ့ my Medium.com profile မှာတောင် တော်တော်လေးကြည့်လို့ကောင်းတာကိုမြင်နိုင်မှာပါ။

စတီးမစ်က လွတ်လပ်စွာပြောဆိုနိုင်တဲ့ platform တစ်ခုဆိုပေမဲ့လည်း သူမှာ အလံပြတဲ့စနစ်(dislike) ပါဝင်နေတာကလည်း အလွဲသုံးစားလုပ်မှု့ကို ပိုတိုး စေပါတယ်။

Brandon Frye vlogs မှာဆိုရင် စတီးမစ်စနစ်ဟာ whale တွေနဲ့ အထင်ကရ အသုံးပြုသူတွေ(ရင်းနှီးမြုပ်နှံမှု့ပြုထားသူတွေ) အများဆုံးလွမ်းမိုး နိုင်ခွင့်ပေးထားပါတယ်။ ဥပမာ အကောင့်သေး သေးတဲ့စတီးမစ်အသုံးပြုသူ တွေကို အနိုင်ကျင့်လို့ရတဲ့အရာမျိုးပေါ့။

စတီးမစ်ရဲ့ နာမည်ကြီးတဲ့ပိုစ့်တွေကိုကြည့်ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီဆောင်းပါးတွေက လူတွေကိုဆွဲဆောင်နိုင်ပြီး ဘုတ်တွေအများကြီးကို ရရှိတော့ စတီးမစ်ကြောင့်ငွေတွေဝင်တဲ့ ပုံစံဖြစ်နေတာပေါ့။ ၉၀ နဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းတွေမှာ အင်တာနက်ကို စီးပွားရေးဈေးကွက်အတွက် ဈေးကွက်ပိုကျယ်ပြန့်နိုင်ရေးအတွက် ဈေးကွက်ချဲ့ထွင်သူတွေက ကြိုးစားပြီး ပုံဖော်နေတာပါ။ ဒါက စတီးမစ်ဆိုတာ ဘယ်လိုပက်သက်နေတယ် ဆိုတာပါပဲ။ ကျွန်တော် စတီးမစ်မှာ တန်ဖိုးရှိတဲ့ သိပ္ပံ နဲ့ နည်းပညာ နဲ့ ဂျာနယ်ပိုင်းဆိုင်ရာ ဆောင်းပါးတွေတစ်ချို့ကတော့ လူတွေကို အတော်ဆွဲဆောင်နိုင်ပါတယ်။

တကယ်လို့သင်က စတီးမစ်အကြောင်းကို research အနဲငယ်လုပ်ခဲ့မယ်ဆို ရင် စတီးမစ်ပိုင်ရှင်နဲ့ စတင်တည်ထောင်သူများဟာ ပိုက်ဆံတော်တော်များများကို ရခဲ့တဲ့အကြောင်းကို ရှာတွေ့မှာပါ။ ဒါပေမဲ့ သူတို့က ဘာလို့ စတီးမစ်ထဲပြန်မရင်းနှီးသလည်း?

D.Tube

ဒီရုပ်သံလွင့်တဲ့လိုင်းဟာလည်း ပထမဆုံးထင်မြင်ယူဆချက်တွေ အတော်လေး ကောင်းပါတယ်။ ဗီဒီယိုတွေကို blockchain မှာ ဖြန့်ဝေတာ ဟာ အတော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ နည်းပါပဲ။

ဖိုင်တင်ရတာတော့ တော်တော်လေးစိတ်ရှပ်ပါတယ်။ တစ်ခါတစ်လေ လည်းအလုပ်လုပ်ပြီး တစ်ခါတစ်လေကျတင်လို့ကိုမရပါဖူး။ တစ်ချို့သော ဗီဒီယိုတွေက လူကိုယ်တိုင်(ဆိုက်ပိုင်ရှင်)ကပေးမတင်သလို ပိတ်ခံရပါတယ်။ Google Chrome မှာတော့ လုံးဝလုပ်ရတာအဆင်မပြေပါဖူး။ Firefox နဲ့ Opera မှာတော့ အလုပ်ကောင်းကောင်းလုပ်ပါတယ်။ တကယ်တော့ ကျွန်တော်ဟာ နည်းပညာပိုင်းကို တော်တော်လေးနှောကြေပါတယ်။ ဒါပေမဲ့ ဖိုင်တင်ဖို့ကိုတော့ တော်တော်လေးအဆင်မပြေဖြစ်နေပါတယ်။

D.Tube ဟာ ကျွန်တော်တို့တင်တဲ့ စတီးမစ်ပိုစ့်ကနေပြီးတော့ ရရှိတဲ့ပမာဏရဲ့ 25% ကိုဖြတ်ယူပါတယ်။ ဒီလိုဖြတ်ယူတာကိုလည်း သင့်ကို နဲနဲမှပြောမှာမဟုတ်ပါဖူး။ နိုင်ငံတကာက အစိုးရတော်တော်များများဟာ ပြည်သူဆီကနေ 25% သောဝင်ငွေကို အခွန်အဖြစ်ကောက်ပြီး အပြန်အလှန်အနေနဲ့ ကျွန်တော်တို့ကို လုံခြုံရေးနဲ့ ပိုင်ဆိုင်တဲ့အိုးအိမ်ကို ကာကွယ်ပေးပါတယ်။ Paypal ကလည်း 5% ကိုလွဲပြောင်းခအနေနဲ့ ဖြတ်ပါ တယ်။ အွန်လိုင်းအကျိုးဆောင်လုပ်ငန်းတော်တော်များများကလည်း ကြားခံ ပွဲစားအနေနဲ့ လွဲပြောင်းခကို 10%ထက်နဲတဲ့ပမာဏကို ကောက်ခံကျပါတယ်။ ဒါကြောင့် 25% ဆိုတဲ့ပမာဏက အလွန်ကိုများပါတယ်။ D.Tube မှာက သင်တို့တင်လိုက်တဲ့ ဗီဒီယိုတွေအတွက် အခြားမှာ အခွန်သဘောနဲ့ ပိုက်ဆံပြန်ပေးရတာမရှိပါဖူး။ သူတို့လုပ်ရတာတစ်ခုက သူတို့ဆိုက်မှာ လူသိအောင်ဖြန့်ပေးတာတစ်ခုပါပဲ။

D.Tube မှာ FAQ or instruction တကယ်ကိုလိုအပ်ပါတယ်။ လုံးဝမရှိသေးပါဖူး။

ကျွန်တော်သိချင်နေတဲ့ အချက်အလက်တော်တော်များများရှိပါသေးတယ်။ ကျွန်တော့်အကောင့်ကို ကမ္ဘာ့ဘယ်နေရာကနေကြည့်နေကြလည်း၊ ဘယ်အချိန်မှာကြည့်နေတာလည်း၊ ကိုယ်ရဲ့ ဘယ်ဗီဒီယိုက ပေါ်ပြူလာဖြစ် နေလည်း၊ ကျွန်တော့်ပရိသတ်တွေက ဘယ်ဗီဒီယိုကို ပိုရှာကြသလည်း ဆိုတာတွေကို သိချင်နေတာပါ။

ပြီးတော့ ဘယ်နှစ်ခေါက်ကြည့်ကြသလည်းဆိုတာကို သိနိုင်မလား။

စတီးမစ်မှာ ကျွန်တော်ပိုစ့်တင်ပြီးပြီဆိုရင် ကျွန်တော့်ပိုစ့်က အမြဲတမ်းရှိနေမှာပါ။ မမြင်စေချင်လို့ပြန်ဖြုတ်တာတို့ ဖျက်ပစ်တာတို့မရပါဖူး။

ကျွန်တော့်ဗီဒီယိုဖိုင်ကိုတင်ပြီးတာနဲ့ တစ်ခါတည်း publish ဖြန့်စရာလိုအပ်သလား။ ဒါမှမဟုတ် ဖိုင်တင်ပြီးတာနဲ့ publish မဖြစ်ပဲ နဲနဲပါးပါး ပြင်ဆင်ပြီးမှတင်တဲ့နည်းလမ်းရှိနေသေးတာလား။ DTube မှာ ဘာတွေကို ကန့်သတ်ထားတာလည်း။ ကျွန်တော်သိတာကတော့ လွတ်လပ်စွာတင်နိုင်ခွင့်ရှိတဲ့ platform လို့ပြောပေမဲ့ ပေးတင်ခွင့်မပေးသင့်တဲ့ porn ဗီဒီယိုတွေကျတော့ရော ပေးတင်ကျမှာလား။ ဒါ့အပြင် Hollywood movies တွေ၊ TV seriesတွေ၊ နိုင်ငံရေးအစွန်းရောက်တွေ နဲ့ အမုန်းစကားတွေကိုရော ပေးတင်ကျမှာလား။ ဒါဆို copyright copyright နဲ့ ပြောနေကျတာတွေက ဘာ့အတွက်လည်း။ တကယ်လို့ ကျွန်တော်က သူများဖန်တီးထားတဲ့ ဗီဒီယိုကို တင်လိုက်မယ်ဆိုရင်ကော ဘာတွေဖြစ်လာမလည်း။

DTube ကိုအသုံးပြုရင် တရားဝင်ပက်သက်မှု့တွေက ဘာတွေရှိမလည်း။ DTube မှာဗီဒီယိုတင်ရင် မမျှော်လင့်ပဲ ဥပဒေချိုးဖောက်မိနေပြီလား။ privacy ကကောဘယ်မှာလည်း။ တကယ်လို့ ကျွန်တော်က ကျွန်တော်အကောင့်ကို နာမည်အစစ်နဲ့မသုံးပဲ အတုနဲ့သုံးနေရင်ကော တခြားသူတွေက ဘယ်လိုသိနိုင်မလည်း။ DTube က ဘယ်လို encryption သုံးပေးထားနိုင်လို့လည်း။ ဘယ်အရာက ကျွန်တော့်ကို DTube နဲ့ Steemit ကနေ ထွက်သွားအောင်လုပ်နိုင်မလည်း။

DTube နဲ့ Steemit ကို ၀င်ရောက်ဖို့ အခက်အခဲက ဘာတွေဖြစ်မလည်း။ ကျွန်တော်ဟာ DTube နဲ့ Steemit မှာ ခရစ်ယာန်ဘာသာအကြောင်းပြော သူတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ကျွန်တော်သွားပြောတဲ့ သူတွေထဲက တစ်ချို့ကလည်း DTube နဲ့ Steemit ကိုဝင်ရောက်လာကျပါတယ်။ ဒါပေမဲ့ အကောင့်တစ်ခုရဖို့ဆိုတာက တစ်ပတ် စောင့်ရတယ်မဟုတ်လား။ DTube အသုံးပြုသူတွေကတော့ ရုတ်တရက် ချက်ခြင်းဆိုသလို အလျင်အမြန် တိုးပွားလာပါတယ်။ သူတို့တွေက ဖေ့ဘုတ် ကနေ ဖွင့်ကျတယ်ဆိုပေမဲ့ စတီးမစ်မှာ ပုံမှန်ပိုစ့်တင်နေကျသူအများစုပါပဲ။

စတီးမစ်က အလိမ်အညာလား?

အလိမ်အညာဆိုပြီး ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်နဲ့ တည်ထောင်သူအများစုပဲ အကျိုးရှိသွားပြီး အခြားလူအများစုအတွက်ကျတော့ ငွေရမယ့်အခွင့်အလမ်းတစ်ခုလိုဖြစ်နေတာပါ။ တကယ်လို့ သင်က Bitcoin အများကြီးရှိလို့ အဲ့ဒါကို Steem ပြောင်းပြီးရင်းနှီးမြုပ်နှံလိုက်မယ်ဆိုရင် သင် ဟာ စတီးမစ်စနှစ်ကို ကောင်းကောင်းကြီးဆော့ကစားလို့ရပါပြီ။ ဒါပေမဲ့ သင်က တီထွင်ဖန်တီးသူ၊ စာပေရေးသားသူ ဒါမှမဟုတ် သုတေသနလုပ်သူ တစ်ယောက်ဆိုရင်တော့ ဒါဟာ အချိန်ဖြုန်းတာသတ်သတ်ပါပဲ။

ဟုတ်ကဲ့ ဒါလောက်ဆိုရင်ပဲ စတီးမစ်က အလိမ်အညာလား၊ အကြံအဖန်လားဆိုတာကို မိမိဘာသာ ချင့်ချိန်နိုင်ကျမယ်လို့ထင်ပါတယ်။ နောက်ပိုစ့်လေးမှာ စတီးမစ်လိုပဲ crytocurrency ပေးတဲ့ ဆိုက်တစ်ခုအကြောင်းကို ထပ်ပြီးဘာသာပြန်တစ်ဝက် ကျန်တော်လက်တွေ့တစ်ဝက်နဲ့ တင်ပေးပါမယ်။ အားလုံးပဲ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵꨵ

Translated by @saipanpha
msc-186

my sign.JPG

end.PNG

Sort:  

ဘယ်လိုနားလည်ရမလဲကွယ်

အဲ့ဒါ အဲဒါ မဆုရေ
ပိုစ့်ကောင်းထက် ရင်းနှီးတဲ့သူတွေပိုမြတ်တယ်တဲ့

investလည်း လောလောဆယ်က ရင်းထားရုံရှိတာဘဲအေ planလည်း သိပ်နားမလည်တော့ အတက်အကျ ထိုင်ကြည့်နေရုံ

အင်း ဒါပေမဲ့ဒါက တစ်ယောက်သောသူရဲ့ စတီးမစ် အားနည်းချက်ကိုထောက်ပြထားတာပါ။ အဲ့လောက်လည်း မဆိုးလောက်ပါဖူး မဆု

မက်ဆေ့တစ်ခုတော့ ရလိုက်တယ်...
SP များများ ဝယ်ထားပြီးမှ ပို့စ်တင်တာက
စာကြိုးစားရေး ပို့စ်တင်တာထက်
အချိန်ကုန်လူပန်း သက်သာပြီး အကျိုးအမြတ် ပိုရရှိမယ် ဆိုပဲ

အင်း ဟုတ်တယ်ကိုဟိန်း
ရင်းနှီးပြီးရှာတာပိုကောင်းတယ်တဲ့

မှန်တော့မှန်ပေမယ့် အရင်းကများလွန်းတယ်၊ သိန်း၁၀၀လောက်ရင်းရင်တောင် sp 5000 လောက်ပဲရမယ်။ဒါတောင်ခုဈေးအရမ်းကျနေလို့၊

ဟုတ်တယ် ဘဒို
ကျန်တော်တို့အနေနဲ့ ခုမှ ရင်းနှီးမယ်ဆိုရင် မကိုက်ဖူး။ အများကြီးရင်းပြီးရတာက နဲတယ်။

ဗဟုသုတပြောပြတာကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာ့

မသိ​သေးတာ​တွေသိရပါတယ်​ကိုစိုင်း​ရေ။

ဟုတ်မအိ
လန့်တော့ မသွားနဲ့နော်

Brother yae a tway a call tway ko lay sar par tal bro. Sin sar sa yar tway so tar ma kwan kyin tae nal pal mar so shi sa myal par. But kywan kyin twar yin tot thu ka professional ta yout phyit twar mar par

ပရိုဖက်ရှင်နယ်ဖြစ်ရင်တော့ ရှယ်ပဲနော့် 😊

ကောင်းတယ်ကိုစိုင်းရေ အသိတစ်ခုရပါတယ်ဗျာ

ဟုတ်ကဲ့ပါ ကိုပေါက် 😊

SP တေ ဝယ်စုနိုင်ဖို့ အတော်လေးကြိုးစားရဦးမယ်

မလွယ်ပါဖူးဘဒိုရာ
ကျန်တော်တော့ ရေးပြီးရအောင်ပဲလုပ်တော့မယ် 😀😀😁

အားလုံးအတွက် တွေးစရာ တစ်ခုရပါတယ်ဗျာ

ဟုတ်တယ်ကိုစော
အများကြီးကို တွေးစရာတွေးပေးသွားတာ 😁

ကစိုင်း​ရေ အရမ်းဗဟုသုတရပါတယ်​ အရင်​က သိသင့်​သ​လောက်​လည်းသိပါ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63945.57
ETH 3135.76
USDT 1.00
SBD 4.00