စတီးမစ်ဆိုတာ အလိမ်အညာတစ်ခုလား? အပိုင်း(၁)

in #myanmar6 years ago (edited)

Lie.jpg

ဒီနေ့တော့ စတီးမစ်ဆိုတာ အလိမ်အလာတစ်ခုလားဆိုတဲ့ မေးခွန်းအတွက် စတီးမစ်လုပ်သူတစ်ဦးရေးသားတဲ့ သူ့အတွေ့အကြုံတွေကို ကျန်တော်ဖတ်ရှု့ရင်း သူငယ်ချင်းတွေလည်းသိရအောင် ဘာသာပြန်ပြီးတင်လိုက်ပါတယ်။

တကယ်တော့ စတီးမစ်ဆိုတာ အရှက်မရှိဗြောင်အလိမ်အညာကြီးပါလို့ ပြောဖို့မလွယ်ပါဖူး။ ဒါပေမဲ့ ဒါဟာလည်း တကယ်ကို ပိရမစ် ဆင့်ပွားတွေလို တည်ထောင်သူနဲ့ အရင်ဆုံး ဒီစတီးမစ်ကိုသိခဲ့တဲ့သူတွေပဲ ပိုက်ဆံအများကြီးရသွားကြ တာပါ။ ဒါပေမဲ့ တခြားသောလူတွေအတွက်ကတော့ ဒီအခွင့်အရေးဆိုတာကြီးက ကက်သီးကက်သတ် ဖောင်းပွ နေတဲ့ စီးပွားရေးဆိုင်ရာ ဆွဲဆောင်မှု့တစ်ခုဆိုတာပါပဲ။

ကျွန်တော့်ငါးနှစ်အကြာ Youtube ချယ်နယ်ဖွင့်ခဲ့တဲ့ ချယ်နယ်ကို Youtube က ဆိုင်းငံ့ခံခဲ့ရပြီးနောက် ဒါဟာမတရားဖူးလို့မြင်လို့ ကျွန်တော်ဟာ စတီးမစ် နဲ့ D.Tube တွေမှာလုပ်တာပိုအဆင်ပြေမယ်လို့တွေးမိပါတယ်။

ကျွန်တော်ဟာ ဒီ social media မှာ ခရစ်ယာဉ်တရားဟောဆရာ တစ်ယောက် အဖြစ်ရပ်တည်ခဲ့ပါတယ်။

Steem အချို့ကို ကျွန်တော်စတီးမစ် အကောင့်ထဲသို့ ၀ယ်ယူခဲ့ပြီးနောက်မှာ ကျွန်တော်ဟာ Steem နမူနာ အသုံးပြုသူဖြစ်လာခဲ့တယ်လို့ ကျွန်တော့်ကို ကျွန်တော်တွေးခဲ့ပါတယ်။

နောက်ဆုံးတော့ ကျွန်တော်ဟာ အင်တာနက်ပေါ်မှာ ကျွန်တော်နဲ့ထိုက်တန်တဲ့ နေရာတစ်ခုကိုရရှိခဲ့ပါပြီ။ ကျွန်တော်ဟာ ရှာဖွေရေးသားမှု့တွေ၊ မှတ်သားမှု့တွေ နဲ့ တန်ဖိုးရှိတဲ့ပိုစ့်တွေကို ဖန်တီးဖို့အတွက်လှုပ်ရှားခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေရာတွေမှာပိုစ့်တွေတင်ပြီး လအနည်းငယ်အကြာမှာ ကျွန်တော် စိတ်ပျက်စပြုလာပါတယ်။ ဒီဆိုက်နှစ်ခုဟာ ဗဟိုချုပ်ကိုင်မှု့ကင်းတဲ့ အရည် အသွေးအလျောက်မြောက်စားတဲ့ဆိုက်လို့ ဟန်ဆောင်ထားတယ်လို့ မြင်လာပါတယ်။

စတီးမစ် Steemit

ကျွန်တော်က ကျွန်တော့်မိတ်ဆက်ပိုစ့်ကိုတောင် ပျော်ရွင်စဖွယ်၊ သတင်းအချက်အလက်တွေနဲ့ တိုက်တွန်းနိုးဆော်တဲ့ပုံစံနဲ့ အချိန်အများကြီး သုံးပြီးရေးသားခဲ့ပါတယ်။ အဲ့လို အချိန်ပေးရေးသားခဲ့လို့လည်း ကျွန်တော် $17 ရရှိခဲ့ပြီး နောက်ပိုင်းမှာ $12 ထိပြန်လျော့သွားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ဟာသအနေနဲ့ DTube မှာမှတ်တမ်းတင်ခဲ့ပေမဲ့ DTubeကတော့ ဒါကိုစိတ်ဝင်စားပုံတောင်မတွေ့ရပါဖူး။

ကျွန်တော် စတီးမစ်မှာ ပိုစ့်တွေအတော်များများတင်ခဲ့ပါတယ်။ အဲ့အတွက် အားပေးသူလည်းအထိုက်အလျောက်ရခဲ့ပါတယ်။ RP တောင်မှ 41 အထိရောက်ပါတယ်။ ဒါပေမဲ့ မှတ်ကျောက်တင်လောက်တဲ့ ၀င်ငွေဆိုတာမရှိပဲ ပဲနိ အနဲငယ်ပဲရပါတယ်။

စတီးမစ်မှာ ဒီလိုမျိုး အသုံးပြုသူတွေကို ဆွဲဆောင်နိုင်တဲ့ အရမ်းထိရောက်တဲ့ မျက်စိမှောက်စေတတ်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဆောင်းပါးတွေနဲ့ ဗီဒီယိုတွေမှာ ပြသထားတဲ့ Steem ဘယ်လောက်အထိရတယ်ဆိုတာဟာ အပြင် ဒေါ်လာနဲ့ညီတူညီမျှပါပဲ။ trending section ဒါမှမဟုတ် popular sections ကိုဝင်ကြည့်လိုက်ရင် ဒါဇင်နဲ့ချီတဲ့ဆောင်းပါးတွေဟာ ဒေါ်လာရာချီ ရရှိနေတာကိုတွေ့ရမှာပါ။

“ဟေး…… ငါသူ့ထက်ကောင်းတဲ့ဆောင်းပါးရေးနိုင်တယ်”

“ငါက ဒေါ်လာ ၄၀၀ ထက်ပိုတဲ့ဆောင်းပါးကိုရေးပြမယ်။”

ဒါပေမဲ့ တကယ်ဒေါ်လာတွေအများကြီးရနေတဲ့သူတွေဟာ စနစ်(system ) ကို ထုံးလိုကျေရေလိုနှောက်ပြီး သူတို့ရဲ့ပြန်လည်ရင်းနှီးမြုပ်နှံမှု့ကနေတစ် ဆင့် ပြန်လည်ပြီး မိမိပိုစ့်ကို boost ပြန်လုပ်ပြီး ရရှိနေတာပါ။ သူတို့ဟာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ဆောင်းပါးတွေကနေ တစ်ဆင့်ရရှိတာမဟုတ်ပါဖူး။ ဒါကို မန့်လိုက်ရေးတဲ့တစ်ချို့ bots တွေကထောက်ပြပေမဲ့ လူသစ်တွေကျတော့ ဒါကိုနားလည်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဖူး။

ကျွန်တော်ရဲ့တန်ဖိုးရှိတဲ့ စာစဉ်တွေအတွက် မျှော်လင့်ချက်နည်းနည်းတော့ရှိ ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ စနစ်ကို ကျွမ်းကျင်ပြီး ဆော့တဲ့သူတွေကြောင့် သူတို့ပိုစ့်တွေက ရရှိတဲ့ဒေါ်လာတွေဟာ အရမ်းမြင့်ပြီးတော့ အဲ့ဒါက သူတို့ပိုစ့်တွေကို trending မှာပါသွားစေပါတယ်။ တကယ်လို့သင်က တန်ဖိုးရှိတဲ့ပိုစ့်ရေးပြီးတော့ ဒေါ်လာတွေများများရမယ်လို့မျှော်လင့်နေရင် စတီးမစ်က သင့်အတွက်မဟုတ်ဖူးလို့ပြောပါရစေ။

ကျွန်တော် စတီးမစ်က စကားဝိုင်းတွေမှာ ၀င်ပြောတဲ့အခါ အသုံးပြုသူ တော်တော်များများက ဒီနေရာမှာ တကယ်ကိုတော်တဲ့လူတွေ ရှိတယ် ဆိုတာကို လက်ခံကျတယ်။ ဘာကြောင့်လည်းဆိုတော့ စတီးမစ်က တူးမကုန်တဲ့ရွှေတွင်းကြီးနဲ့တူနေတာပြီးတော့ ဘာမှမသိသေးတဲ့လူတွေကလည်း အချိန်နဲ့အမျှတိုးနေတာပါပဲ။ introducingmyself ကို refresh လုပ်ကြည့်မယ်ဆိုရင် အသုံးပြုအသစ်တွေ ဘယ်လောက်များလည်းဆိုတာကိုမြင်နိုင်ပါတယ်။ လူတွေက သင့်နဲ့ စကားပြောဖို့ တကယ်ကို စိတ်လူပ်ရှားနေနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှတ်ထား ရမှာက စတီးမစ်ရဲ့ ဒီဇိုင်းမှာ ထောက်ပံ့သူနဲ့ တောင်းဆိုမှု့တွေ၊ ပိုစ့်ဖန်တီးသူတွေနဲ့ ဖတ်ရှု့သူ မညီမျှတဲ့ ပြသနာကြီးရှိနေတယ်ဆိုတာပါပဲ။

လူတိုင်းလူတိုင်းက စတီးမစ်ကို အကောင့်ဖောက်ချိတ်ဆက်ပြီး အချိန် ၄၅ မိနှစ်သာပေးရပြီး ဒေါ်လာ ၄၀၀ လောက်ရမယ့်ဆောင်းပါးတွေနဲ့ တစ်နေ့ချမ်းသာလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ၀င်လာကျပါတယ်။ Youtube မှာ 90% ဟာကြည့်ရှု့သူတွေဖြစ်ကျပြီး သူတို့တွေဟာ Youtube ကိုအသုံးပြုတာဟာ သတင်းတွေပြောပြဖို့၊ ပြုံးရွင်အောင်လုပ်ဖို့ ဒါမှမဟုတ် ပညာသင်ကြားပေးဖို့ပါ။ သူတို့တွေဟာ သင့်နဲ့ လာပြိုင်ဖို့မဟုတ်ပါဖူး။ စတီးမစ်မှာကတော့ အကုန်ပြောင်းပြန်တွေပါပဲ။

စတီးမစ်က Instagram လို porn industry အတွက် အထောက်အပံ့ပေးရာနေရာတစ်ခုဖြစ်လာပါပြီ။ စတီးမစ်အသုံးပြုသူ အမျိုးသမီးအများစုဟာ ညစ်တီးညစ်ပတ် ပုံတွေတင်ပြီး အခြားသော အင်တာနက် အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှု့နဲ့ upvote တွေ ရရှိကျပါတယ်။

ဒီ ဆောင်းပါးကို ကိုစောကြောင့်သိရတဲ့အတွက် ဗဟုသုတတွေ အမြဲပေးတဲ့ ကိုစောကြီးကိုလည်း ကျေးဇူးအထူးတင်ကြောင်း ဒီကနေ ပြောလိုက်ပါတယ်ဗျား......... :D

Translated by @saipanpha
Original Link

my sign.JPG

end.PNG

Sort:  

ကိုယ်တွေတောင် ကြိုးစားရေးမယ် အားခဲခဲ့ပေမယ့် ခင်ရာမင်ရာ upvote ပေးကြတာရယ်...Voting ဝယ်မှ များများ ရတာရယ်...
တွေကြောင့် အဖြစ် ရေးတင်နေခဲ့မိတယ်

ဟုတိတယ်ကိုဟိန်းရေ
ကျန်တော်ကောပဲ
အခုမှပဲပြန်တင်ဖြစ်တော့တာရယ်

steemit မှာ စာရေးပြီးပိုက်ဆံရှာရတာ မလွယ်တာတော့ အမှန်ပဲ။

ဟုတ်တယ်ဆစ်ရေ

ဝါသနာပါတဲ့စာလေးရေးရင်း ရမယ့်ပိုက်ဆံလေးကိုမျှော်လင့်ရင်း

အဲ့လိုပဲ ဘုတ်တစ်ချက်တက်ရင်ကို တော်တော်ပျော်နေတာ
တူတူပဲဘဒို

ဆောင်းပါးလေးက အသိလေးကနေအသိလေးတွေရပါဗျာ

ဟုတ်ဘဒိုရေ။
မထင်ထားတာလေးတွေနော့်

စတီးမစ်က ခရီးရှည်ကြီးတစ်ခုပေါ့နော်

ဘယ်တော့ဆုံးမလည်းမသိတဲ့ ခရီးရှည်ကြီးပေါ့ ဘဒို

Good job, ko sai !

နက်ဖန် မနက် အဆက်ထပ်လာမယ်နော်ကိုစော 😁

ကျနော်တော့ ဝါသနာပါလို့ကိုရေးဖြစ်နေတယ်ဗျ

စာကောင်းတစ်ပုဒ် ဖန်တီးလိုက်လည်း $ ရတာမရတာထက် ဖတ်သူမရှိတာမျိုး ဖြစ်နေတယ်။ ဘာမှမဟုတ်တဲ့ အရေးအသားမျိုးနဲ့ upvote ရပြီး $ တက်နေတာလဲ အမြင်အတိုင်းပဲလေ။ နီးစပ်ရာ နီးစပ်ရာသာ တွဲခေါ်မသွားကြရင်တော့ မလွယ်လှဘူး။

ဟုတ်တယ်ကိုထွေး
အရေးအသားအရမ်းကောင်းလည်း ဖတ်သူမရှိရင် သိပ်ပြီးမထူးဖူးနော့်။

ဒီလိုပါပဲ ဖြည်းဖြည်းချင်းသင်ယူရတာပေါ့

ဝါသနာပါမှလည်းSteemitက​ရေရည်​လုပ်​နိုင်​မှာ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63271.81
ETH 2568.70
USDT 1.00
SBD 2.80