steemit မှာ tag list လေးတွေလေ့လာကျမယ်

in #myanmar7 years ago (edited)

ကျန်တော်တို့ steemit ကိုရေးသားတဲ့သူတွေမှာ ရေးသားပြီး ပိုစ့်တင်တဲ့အခါမှာ tag ကိုသေချာရွေးတင်ကျရပါတယ်။ tag တွေမှန်မှတာ သူ့သက်ဆိုင်ရာနယ်ပယ်က လူတွေက ကိုယ့်ပိုစ့်ကိုရှာတွေ့မှာဖြစ်ပါတယ်။ ကိုယ်က BTC coin အကြောင်းရေးပြီး myanmar တစ်ခုတည်းကိုသာ tag ထည့်ထားရင် crytocurrency နယ်ပယ်ကလူတွေ ကိုယ့်ပိုစ့်ကို မြင်မည်မဟုတ်ပါ။ ကိုယ်က crytocurrency ဆိုပြီးတော့ tag ပါထည့်ရေးမှသာ ဒီနယ်ပယ်ကလူတွေက ကိုယ့်ပိုစ့်ကိုလာရောက်ဖတ်ရှု့ပြီး အကြံညဏ်တွေ ဖလှယ်ကျမှာပါ။ အဲ့ဒီလို tag တွေကလည်း သူ့ဟာနဲ့သူရှိပြီးသားပါ။ အဲ့ဒီ စာရင်းလေးကို ကျန်တော်သိသလောက်ကို ဘာသာပြန်ဖော်ပြပေးပါမယ်။
ကျန်တော်သိတာလေးမပြောခင် နမူနာတွဲတဲ့ ပုံစံလေးပြပါမယ်။ TAG တွဲတာကို tag box မှာ ငါးခုပဲရပါတယ်။ ငါးခုပဲရတယ်ဆိုပေမဲ့ ခုနှစ်ခုအထိထည့်လို့ရပါတယ်၊ tag ငါးခုထည့်တာကို နမူနာပုံမှာကြည့်ပေးပါ။ စာလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ space bar တစ်ချက်စီခြားပါတယ်။ ဥပမာ myanmar new steemit introducemyself people ဒီလိုလေးပေါ့။

tag box.jpg
......

tag ခုနှစ်ခုထည့်ချင်တယ်ဆိုရင်တော့ ခုနကလို tag box မှာထည့်လို မရတော့ပါဖူး။ ငါးခုကို tag box  

မှာထည့်ပြီးတော့ နှစ်ခုကိုတော့ မိမိရေးတဲ့ပိုစ့်စာသားအောက်မှာ @ sign ခံပြီးတော့ မိမိ tag ချင်တာကို
ထပ်ထည့်ရပါတယ်။ ဥပမာ @trading ဒီလိုပေါ့။

inbox tag.jpg

.....
tag list

  1. life = ဘ၀နဲ့ဆိုင်တဲ့ စာပေတွေကို ဒါနက် tag ဆွဲပါတယ်။
  2. photography = ဓါတ်ပုံနဲ့ဆိုင်တဲ့ စာပေတွေကို ဒါနက် tag ဆွဲပါတယ်။
  3. steemit = steemit နဲ့ သက်ဆိုင်တဲ့အကြောင်းအရာဆိုရင် ဒါလေးနဲ့တွဲပါ။
  4. art = ပန်းချီ၊ ပန်းပု နဲ့ဆိုင်တဲ့အရေးအသားဆိုရင် ဒါလေးနဲ့တွဲပါ။
  5. bitcoin = BTC လို့အများခေါ်တဲ့ digital currency တစ်မျိုးပါ။ BTC or Bitcoin နဲ့ပက်သက်ရင် ဒါနက် tag ဆွဲပါတယ်။
  6. introduceyourself = အခုမှ အကောင့်အသစ်ဖွင့်ပြိးတဲ့သူတွေ ပိုစ့်ပထမဆုံးတင်ရင် ဒါနက် tag ဆွဲပါတယ်။
  7. travel = နေရာအသစ်အဆန်းတွေ ၊ ခရီးထွက်တာတွေနက်ပက်သက်ရင် ဒီတစ်ခုနဲ့ tag ပါမယ်။
  8. crytocurrency = digital currency နဲ့ ပက်သက်တာမှန်သမျှကို ဒီတစ်ခုနဲ့ tag ဆွဲပါတယ်။
  9. food = အစားအသောက်နဲ့ ပက်သက်လာရင်တော့ ဒါလေးသုံးပါမယ်။
  10. nature = သဘာဝနဲ့ ဆိုင်တာကို ဒါလေးသုံးပါမယ်။
  11. story = ပုံပြင် ၊ ပါးစပ်ပြောရာဇ၀င်တွေကို ဒါလေးသုံးပါ။
  12. news = သတင်းအချက်အလက်တွေအတွက်တော့ ဒါလေးကိုသုံးပါ။
  13. money = ငွေရေးကြေးရေးနဲ့ဆိုင်တာတွေကိုတော့ ဒါလေးနဲ့ တွဲပါ။
  14. photo = ဓါတ်ပုံပိုင်းဆိုင်ရာတွေကိုဒါနဲ့တွဲပါ။
  15. love = အချစ်နဲ့ သက်ဆိုင်တာတွေကိုဒါနဲ့တွဲပါ။
  16. music = ဂီတပိုင်းဆိုင်ရာတွေကို ဒါလေးနဲ့တွဲပါ။
  17. science = သိပ္ပံနဲ့ဆိုင်တာတွေကိုဒါလေးနဲ့တွဲပါ။
  18. technology = နည်းပညာပိုင်းဆိုင်ရာကို ဒါလေးနဲ့တွဲပါ။
  19. entertainment = ဖျော်ဖြေမူ့ပိုင်းဆိုင်ရာကို ဒါလေးနဲ့တွဲပါ။ ( ဂီတကိုလည်း ဒီတစ်ခုထပ်တွဲပေးလို့ရပါတယ်)
  20. myanmar = ဒါကတော့ ပြောစရာမလိုအောင် ကျန်တော်တို့သည် မြန်မာနိုင်ငံသားဖြစ်ပါသည်ဆိုတာလေးပါ။
    (မဖြစ်မနေထည့်ရပါမယ်)
  21. fun = ရယ်ရွင်ဖွယ်ရာတွေကိုဒါနက်တွဲပါမယ်( entertainment လဲထပ်ထည့်နိုင်ပါတယ်)
  22. youtube = youtube နဲ့ သက်ဆိုင်တာတွေကိုဒါလေးနဲ့တွဲပါမယ်။
  23. year = ခုနှစ် သက္ကရာဇ်နဲ့ ပက်သက်တာကို ဒါလေးနဲ့တွဲပေးပါ။
  24. world = ကမ္ဘာနဲ့ သက်ဆိုင်တဲ့အရာတွေကို ဒါလေးနဲ့တွဲပေးပါ။
  25. work = အလုပ်အကိုင်နဲ့ ပက်သက်တာကို ဒါလေးနဲ့ တွဲပေးပါ။
  26. winter = ဆောင်းရာသီနဲ့ သက်ဆိုင်တာတွေရေးရင် ဒါလေးကိုတွဲပေးပါ။
  27. video = ဗီဒီယိုနဲ့ သက်ဆိုင်တာဆိုရင် ဒါလေးနက်တွဲပေးပါ။
  28. tutorial = လက်တွေ့သင်ခန်းစာဖိုင်ဆိုရင် ဒါလေးကိုတွဲပေးပါ။
  29. trading = ကုန်သွယ်မူ့နဲ့ သက်ဆိုင်တာတွေကို ဒါလေးနဲ့တွဲပါ။
  30. sunset = နေ၀င်ချိန်နဲ့ ပက်သက်တာကို ဒါလေးနဲ့တွဲပါ။
  31. success = အောင်မြင်မူ့ပိုင်းဆိုင်ရာကိုရေးသားတယ်ဆိုရင် ဒါလေးကိုတွဲပေးပါ။
  32. song = သီချင်းနဲ့ ပက်သက်တာတင်မယ်ဆိုရင်ဒါလေးကိုတွဲပေးပါ။
  33. sbd = steemit မှ ပေးသော digital currency တစ်မျိုးပါ။ 1 sbd ကို သူ့ဒေါ်လာပေါက်ဈေးသက်သက်ရှိပါတယ်။
    ဒီငွေကြေးနဲ့ပက်သက်တယ်ဆိုရင် ဒါကိုတွဲပေးပါ။
  34. ru = ရှရှားနဲ့ပက်သက်ရင်ဒါကိုတွဲပေးပါ။
  35. review = ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းဆိုင်ရာတွေကို ဒီဟာလေးတွဲပေးပါ။
  36. religion = ဘာသာရေးနဲ့ သက်ဆိုင်တာတွေကို ဒါလေးနဲ့တွဲပေးပါ။
  37. recipe = နည်းနာပိုင်းဆိုင်ရာကို ဒါလေးနဲ့ တွဲပေးပါ( ဥပမာ ချက်ပြုတ်နည်း)
  38. quote = ကိုးကားမူ့ပိုင်းဆိုင်ရာကို ဒါလေးနဲ့ တွဲပေးပါ။
  39. politics = နိုင်ငံရေးနဲ့ဆိုင်တာတွေကို ဒါလေးနဲ့တွဲပါ။
  40. poetry = လင်္ကာပိုင်းဆိုင်တာတွေကို ဒါလေးနဲ့တွဲပါ။
  41. poem = ကဗျာပိုင်းဆိုင်တာတွေကို ဒါလေးနဲ့တွဲပါ။
  42. picture = ပန်းချီကား၊ ဓါတ်ပုံဆိုင်တာတွေကိုဒါလေးနဲ့တွဲပါ။
  43. people = လူအများနဲ့ဆိုင်တာတွေကို ဒါလေးနဲ့တွဲပါ။
  44. natural = သဘာဝအလျောက်ဖြစ်တည်တဲ့အရာတွေနဲ့ဆိုင်တာကိုဒါလေးနဲ့တွဲပါ။
  45. motivation = စိတ်ဓါတ်ကြွအောင်အားပေးတဲ့အရေးအသားဆိုရင် ဒါလေးနဲ့တွဲပါ။
  46. money = ငွေရေးကြေးရေးပိုင်းဆိုင်ရာကို ဒါလေးနဲ့တွဲပါ။
  47. market = ဈေးကွက်ပိုင်းဆိုင်ရာတွေကို ဒါလေးနဲ့တွဲပါ။
ဒီပိုစ့်လေးကို အခုမှ steemit စ၀င်လာပြိး မိမိရေးတဲ့အကြောင်းအရာကို ဘယ်တစ်ခုနဲ့ tag ရမလည်း

မသိတဲ့သူတွေကိုရည်ရွယ်ပါတယ်။ ကျန်တော်သိသလောက် ရှာဖွေမိသလောက်ကိုပြန်ပြီးတင်ပြတာပါ။
အမှားရှိရင် ထောက်ပြကျပါလို့။ ကျေးဇူးတင်ပါတယ်ဗျာ။

reference: https://steemit.com/tags

@knowledge

authur @saipanpha
msc-186

Sort:  

Good post bro
Tag အကြာင်း မသိသေးသူတွေသိခွင့်ရကြပြီပေါ့ဗျာ
Resteemပါ လုပ်ထားလိုက်ပြီ

ဟုတ်ကိုဇော် ကျေးကျေး
:D

ကျနော်တို့ လို လူသစ်တွေအတွက် တစ်ကယ်ကို အထောက်ကူုပြုတဲ့postပါ သိခွင့်ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဟုတ်ကဲ့ပါဘဒို :)

ဗဟုသုတ တိုးပါတယ် ခင်ဗျ

ဟုတ်ဘဒိုရေ

ဟုတ်ဘဒိုရေ

အခုမှသိတယ် 😁😁
ကျေးဇူးပါ

:) ကျန်တော်သိသလောက်လေးပါ ဘဒို :D

မှတ်သားထားပါမယ် အစ်ကို

ဟုတ်ကဲ့ပါအစ်ကို :D

ဖတ်ပြီးမှတ်ထားသင့်တဲ့ postလေးပါ

ဟုတ်မဆု

အားလုံးအတွက် အကျိုးရှိစေပါတယ် ကိုစိုင်း

ဟုတ်ကိုစော :D

ဟီး အရင်က မှန်းတွဲနေတာ
ခုမှ အမှန်သိတာ ကျေးဇူးပါဗျ

ဟုတ်ဘဒို အဲ့လိုကြားရတော့ ဝမ်းသာတယ်ဗျာ

အကုန်လုံးအတွက် အထောက်အကူ ပြုတဲ့ post လေးတခုပါဗျာ ။

ဟုတ်ဘဒိုရေ
အများကြီးကျန်သေးတယ် ကျန်တော်လိုက်ရှာနေတုန်းပါ။

ဗဟုသုတရပါတယ်

ဟုတ်ဘဒိုရေ

Coin Marketplace

STEEM 0.17
TRX 0.17
JST 0.030
BTC 71287.68
ETH 2604.24
USDT 1.00
SBD 2.59