ဖယောင်းတိုင် တစ်ပိုင်တစ်နိုင်လုပ်ခြင်းကိုလေ့လာခြင်း

in #myanmar6 years ago (edited)

ဒီနေ့တော့ သူငယ်ချင်းကွန်ပျူတာကိုလာပြင်ပေးရင်နဲ့ ဟိုဟိုဒီဒီလျောက်ပြောရင်း ကျန်တော့်သူငယ်ချင်းအလုပ်ဖြစ်တဲ့ ဖယောင်းတိုင်လုပ်တဲ့ နေရာကိုရောက်တာနဲ့ ဖယောင်းတိုင် တစ်နိုင်တစ်ပိုင်လုပ်တာကို အားလုံးကိုသိစေချင်တာနဲ့ ပုံလေးရိုက် မေးစရာရှိတာလေးမေးပြီး ပိုစ့်လေးကို စရေးပါတယ်။ ဖယောင်းတိုင်လုပ်တာကို ကျန်တော်တော့မြင်နေကျဆိုတော့ ကျန်တော့်အတွက်မထူးဆန်းပေမဲ့ မသိဖူး မမြင်ဖူးသေးတဲ့သူတွေ အတွက်တော့ ဗဟုသုတလေးတစ်ခုတော့ရမယ်လို့ထင်ပါတယ်။ အားလုံးပဲ ကျန်တော့်အရေးအသားလေးကိုအားပေးကျပါဦး။
image
image
အထုတ်အသေးဆုံး ကို တစ်ထုတ် တစ်ရာ
image
အထုတ် အလတ် ကကျတော့် တစ်ထုပ် နှစ်ရာ
image
အထုတ်ကြီး ကျတော့် ငါးရာ
image
အတိုင်အကြီးဆုံးကလည်း ငါးရာ ရောင်းကျပါတယ်။ တံဆိပ်ကတော့ နေခြည် ပါ။ ဖောက်သည်ဈေး၊ လက်လီဈေး နှစ်မျိုးရှိပါတယ်။ အဲ့တော့ လိုချင်မှာချင်တယ် ဆိုရင် 0971875605 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျန်တော်ကတော့ အိမ်လာပြီး အသိတစ်ခုပေးချင်စိတ်နဲ့ပဲ ရေးထားပါတယ်။
image
image
image
image
image
image
အရင်ဆုံး ဖယောင်းချီးကို မီးဖိုပေါ် ဇလုံထဲထည့်တင်ပြီး အရင်အရေပျော်အောင်တည်ရပါတယ်။ အရေပျော်ပြီဆိုမှ ခွက်လေးနဲ့ခပ်ယူပြီးမှ ဖယောင်းစက်ပေါ်ကို ဖြေးဖြေးလောင်းချရပါတယ်။ လောင်းချပြီးမှ ၅ မိနစ်ကနေ ၁၀ မိနစ် အကြာမှာဆိုရင် ဖယောင်းရေဟာ ဖယောင်းစက်မှာပါတဲ့ အအေးခံစနစ်ကြောင့် ပြန်လည်ခဲသွားပါတယ်။ ဒီလိုအေးခဲသွားမှ ဖယောင်းတိုင်လိုချင်တဲ့ပုံစံကိုရမှာပါ။ ဒါဆိုရင် လုပ်ပုံလုပ်နည်းလေးကို အောက်မှာ ဆက်ကြည့်ပေးပါ။
image
image
image
image
image
image
image
image
ဖယောင်းရည်ခဲသွားပြီဆိုလျင် ဖယောင်းလှီးဓားနဲ့ အပေါ်က ခဲနေတဲ့ မလိုတဲ့အခြမ်းကို လှီးထုတ်ပြစ်ရပါတယ်။ လှီးထုတ်ပြစ်ပြီးပြီဆိုရင် ဖယောင်းတိုင်အပြင်ထွက်လာအောင် စက်ဘေးက သံတိုင်ကိုဆွဲလှည့်ရပါတယ်။ အဲ့လိုဆွဲလှည့်ပြီးမှ ထွက်လာတဲ့ဖယောင်းတိုင်ကို ယူထုတ်ကာ ဘောင်ပေါ်တင်ထားပြီး နောက်ထပ် ဖယောင်းတိုင်အတွက် ဖယောင်းရည်ပူကို ထပ်လောင်းထည့်ပါတယ်။ ဖယောင်းဆိုက်အနေအထားပေါ်မူတည်ပြီးတော့ တစ်ခေါက်ကို ခုနှစ်ဆယ့်ငါးချောင်းကနေ တစ်ရာငါးဆယ်ချောင်းအထိထွက်ပါတယ်။ ဒီမှာ ပြောစရာတစ်ခုရှိသေးပါတယ်၊ ဖယောင်းရည်ပူတစ်ခုတည်းလားဆိုတော့လည်း မဟုတ်ပါဖူး။ အူတိုင်ချည်လည်းထည့်ရပါသေးတယ်။ အူတိုင်ချည်ကိုတော့ စစလုပ်ရင် သေချာလေးထည့်ရပါတယ်။ ချည်ကို ဂစ်တာကြိုးအဟောင်းလေးမှာချိတ်ပြီးထည့်ပါတယ်။ ကြိုးတွေစနစ်တကျထည့်မှ သာလျင် ထွက်လာမယ့်ဖယောင်းတိုင်ကလှမှာပါ။
image
image
image
ဖယောင်းတိုင်တွေရလာပြီဆိုမှ ထုတ်ပိုးမူ့စနစ်လေးတွေလာပါတယ်။ ထုတ်ပိုးတာကိုတော့ ပလတ်စတစ်အိတ်နဲ့ပဲ ထည့်ပြီး လျပ်စစ်မီးသုံးပြီးအိတ်ပြန်ပိတ်ပါတယ်။ အိတ်ထည့် ဖယောင်းတိုင်ထည့်တာ အိတ်ပြန်ပိတ်တာတွေက ဖယောင်းတိုင်အတိုင်ကြီးရင် မြန်ပေမဲ့ အတိုင်အသေးထည့်တဲ့အချိန်ကျရင်အတော်ကိုလက်ဝင်ပါတယ်။ အထုတ်လေးတွေအားလုံးထုတ်ပြီးမှ customer မှာတဲ့ ဖယောင်းတိုင်နဲ့ အထုတ်အရေအတွက်အတိုင်း နယ်ဝေးဆိုရင် ဂိတ်ဆီကိုပို့ပေးပြီး လားရှိးမြို့တွင်းဆိုရင်တော့ သတ်မှတ်ထုပ်ရေပြည့်ရင်အိမ်အထိလိုက်ပို့ပေးပါတယ်။
image
image
image
image

credit to နေခြည် ဖယောင်းတိုင်လုပ်ငန်း
author @saipanpha
msc-186

Sort:  

ဗဟုသုတရပါတယ်​အစ်​ကို​ရေအခုလို​ဝေ​မျှ​ပေးလို့​ကျေးဇူးပါ​ဗျ

ဟုတ်ကဲ့ပါ ဘဒို

ဖယောင်းတိုင်လုပ်နည်းလေးတွေ
ဗဟုသုတ ရပါတယ်အကို။

ဟုတ်တယ်ဘဒိုရေ

အကြံက​တော့ ပိုင်​သပ ဖ​ယောင်းတိုင်​ ​ကြော်​ငြာသွားတယ်​ :-) ဟီး စတာပါဗျာ ဗဟုသုတရပါတယ်​brop

ဟီးကိုလင်း
သူငယ်ချင်းအလုပ်လေ
အဲ့လိုပဲ လေ့လာရင်း ကြော်ငြာတာပေါ့ 😁

အခုမှမြင်ဖူးတယ် shareပေးလို့ကျေးဇူးပါ

ဟုတ်ဘဒိုရေ

စိတ်ဝင်စားတယ်ဗျို့ မီးတွေက တို့ရဲ့နိုင်ငံမှာ သိတဲ့အတိုင်း
ပျက်နေတာများလို လုပ်ရင်ကောင်းမလားလို
အတွေးတောင် ရလိုက်တယ် ဟီးး

ဟုတ်ကိုထွေးရေ
ဈေးကွက်စီးပွားရေး 😁😁

ခုမှဘဲသိတော့တယ်ဗျာ

ဟုတ်ကိုတာရေ 😀

မီးမကြာခဏပျက်တဲ့နိုင်ငံဆိုတော့ ဖရောင်းတိုင်လုပ်ငန်းက တော်တော်နဲ့ တိမ်ကောဦးမဲ့ အလုပ်မဟုတ်ဘူးဗျ။

ဟုတိတယ်ကိုထွေး
ပေါင်းလုပ်ကျမလား 😁😁

Woo..
ခုမှမြင်ဖူးတော့တယ်...

ဗဟုသုတရပါတယ်​​ဗျ

ဟုတ်ဘဒိုရေ

ဖယောင်းတိုင်လုပ်ရောင်းမယ်ဗျိုး😁😁
ပညာရပါတယ် ကိုစိုင်းရေ

ချချကိုမိုးဇော် ဈေးကွက်စီးပွားရေးပေါ့ 😁😁😁

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51