2018 to the future
နှစ်သစ်ဆိုတဲ့ 2018 ကိုရောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝတိုက်ပွဲကို ဆင်နွဲဖို့ အားအင်အပြည့်နဲ့ ကျန်တော်ရောက်ရှိနေပါပြီ။ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်းကို လုပ်ဆောင်ဖို့ အားအင်တွေပြည့်နှက်နေပါပြီ။ အတိုက်အခိုက်တွေ ပြသနာတွေ လိုအပ်ချက်တွေကို ပြုပြင်ပြောင်းလဲ တိုက်ခိုက်ဖို့အတွက် အဆင့်သင့်ဖြစ်နေပါပြီ။ ကျန်တော့်ကိုဦးဆောင်သူတွေကို ယုံကြည်စွာနဲ့ အထောက်အပံ့ဖြစ်နိုင်အောင်ကြိုးစားပြီး၊ ကျန်တော့်နောက်လိုက်သူတွေကိုတော့ ကျန်တော်သွားမယ့် ပန်းတိုင်ကိုဆွဲခေါ်ပါမယ်။ ဘေးက ကန့်လန့်တိုက်နေသူတစ်ချို့ကိုတော့ ကျန်တော်ဘယ်လိုမှ ဆွဲခေါ်ဖို့မဖြစ်နိုင်တဲ့အတွက် ထားခဲ့ပါမယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူတစ်ယောက်ကို အထောက်အပံ့ဖြစ်အောင် ကူညီလို့ ကိုယ်ဘက်က ဘာမှမနစ်နာသွားပါဖူး။ ကိုယ့်အပေါ်မကောင်းတဲ့သူကို အကူအညီပေးနေမှသာလျင် အဆိပ်ပင်ရေလောင်းဖြစ်နေမှာပါ။ ရှေ့သွားမလား နောက်ကနေလိုက်မလားဆိုတာတော့ ကိုယ့်သဘောနဲ့ကိုယ်ပါ။ ဘေးကနေလွယ်အိတ်လုပ်နေရင် ကိုယ့်အတွက်လည်းအကျိုးမရှိသလို ကိုယ့်ကြောင့်လည်း သူများစိတ်ရှပ်ရပါတယ်။ လွယ်အိတ်မဖြစ်ကြပါစေနဲ့။ လွယ်အိတ်ဖြစ်ချင်ရင်လည်း ပညာတွေ အစုံထည့်တဲ့လွယ်အိတ်ပဲဖြစ်ပါစေ။ ကန့်လန့်ဖြစ်စေမယ့် လွယ်အိတ်မဖြစ်ကျပါစေနဲ့လို့....... ဆုတောင်းပေးရင်း 2018 ကိုကြိုဆိုလိုက်ပါတယ်။
ကြမ်းလှချေလား Bro!
😁
That right!!!
ဟုတ်ဘဒို
မလိုတာတွေထုတ် လိုတာတွေထည့်ပြီး ရှေ့ဆက်တာ အကောင်းဆုံးဘဲ ကိုစိုင်းရေ