မေမေ

in #myanmar8 years ago (edited)

မေမေ

image

့အစကနေ ပြောရမယ်ဆိုရင်တော့ ကျနော်တို့မိသားစုမှာ မိသားစုဝင် ၅ယောက်ရှိပါတယ်။ အဖေရယ်၊ အမေရယ်၊ အကိုတစ်ယောက် ၊အစ်မ တစ်ယောက်နဲ့ အထွေးဆုံးသား ကတော့ ကျနော်ပေါ့...ကျနော်တို့မိသားစုက အရမ်းလည်း မချမ်းသာပါဘူး စားနိုင်သောက်နိုင်ရုံလောက်ပါဘဲ့။ မေမေ ဟာ အလုပ်နဲ့ လက်တွဲနေမှ ကျေနပ်နေတတ်သူမျိုးပါ။
ရောက်လေရာမှာမှာ ပိုက်ဆံလုံးဝမရှိချင်နေ သူများဆီကနေ တစ်ကျပ်နှစ်ကျပ်ချေးဌား ရင်းအရင်းအနှီး စတင်ခဲ့ပြီး မနက်အစောကြီးမှာ ထ၊ မုန့်တီလှော် ၊ခေါက်ဆွဲလှော် ၊မုန့်ဟင်းခါး လုပ်ရောင်းပီး ကျနော်တို့ကို ရှာကျွေးခဲ့တယ်။ ရောက်လေရာမှာ ထမင်းမငတ်အောင် ကျနော်တို့မျက်နှာမငယ်ရအောင်ထားခဲ့တယ်။ ကျောင်းဆိုလည်း ထားခဲ့တာဘဲ့။ သူများရှေ့မရောက်ခဲ့ပေမယ့် သူများထက်တော့နောက်မကျအောင် ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ အိမ်ထောင်ဦးစီး တာဝန်ရော အိမ်ထောင်ရှင်မတာဝန်ပါ ထမ်းရွက်ခဲ့တယ်။
အခုတော့အမေ အိုနေပါပြီ။ သူအမြဲပြောတယ်။ ငါနားချင်နေပြီ။ တခြားအလုပ်ဘဲ့လုပ်ချင်ပြီတဲ့..သူ့အတွက် ကမ်းလင့်မယ့်လက်တစ်စုံ ဖေးမမယ့်လက်တစ်စုံလိုနေပါပြီ။ သူ့ဘဝရဲ့ အချိန်တော်တော်များများ ငယ်ရွယ်နုပျိုမှုတွေကို အလောင်မြိုက်ခံပြီး သားသမီးတွေအတွက် ပေးဆပ်ခဲ့တယ်လေ။ အမေနားတော့ဆို ဟိုသားကျောင်းပြီးနားမယ် ဒီသားကျောင်းပြီးနားမယ်နဲ့ ကျနော်တို့အတွက် မနားရက်နိုင်ခဲ့ဘူးလေ။ ဘာလုပ်လုပ် ကျနော့်တို့ပင်ပန်း မှာစိုးလို့ မခိုင်းရက်ခဲ့ဘူး။
ကျနော့်ဘဝ အတွက် အဖေဆိုတာ မရှိလဲဖြစ်တဲ့သူလိုဖြစ်နေတယ်။ ကျနော်တို့သိတတ်စ အချိန်ကနေ အဖေကြောင့် တချိန်လုံး အကြောက်တရား နဲ့ဘဲ့ ကြီးပြင်းစေခဲ့ တယ်။ ပျော်ရွှင်မှုဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး။ အိမ်နားကကလေး တွေနဲ့ လဲပေးမကစားဘူး။ အိမ်မှာလည်း တစ်ခုခုလုပ်ရင်ကြောက်နေရတယ်။ ငါမှားသွားရင် ရိုက်ခံထိမယ် ။ သွားပြီဆိုပြီး ကျနော့်တို့်ဘဝမှာ ဘယ်တုန်းကမှ အမှားပြင်ဆင်ခွင့်မရှိခဲ့ဘူး နှစ်ခါလျှောက်လဲ ခွင့်မရခဲ့ဘူး။ ကလေးတစ်ယောက်ရဲ့ မသိသေးတဲ့အမှားတွေကို ပြုပြင်ပေးမဲ့ သူတွေမရှိခဲ့ဘူး။ ဒါကြောင့် လည်း တခုခု ဆို ကြီးတဲ့အထိ မှားလုပ်မိမှာ ပြောမိမှာကြောက်နေတယ်။ လူတောလည်း မတိုးရဲတော့သလို လူရာလည်း မဝင်တော့သလို ဖြစ်လာတယ်။ ကျနော်တို့ လူရှေ့ထွက်တဲ့အခါ ဖျားချင်သလိုလို အားနဲသလိုလိုဖြစ်ပြီး အသံတွေတုန်လာတယ်။ ဒါလည်း ငယ်တုန်းကဖြစ်ခဲ့တဲ့ ဒဏ်တွေကြောင့်ဘဲ့ထင်တယ်။ ဒါမဲ့ ကျနော်တို့ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် အမေကရှေ့ ကနေရပ်တည်ပြီး ကာကွယ်ပေးခဲ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ်။
သူမ တုန်းက စာကောင်းကောင်းမသင်ခဲ့ရပေမယ့် ကျနော်တို့ကို တတ်အောင်သင်ပေးခဲ့တယ်။ ကျနော့်ဘဝမှာတော့ အမေ ဟာ မရှိမဖြစ်တဲ့ ဘာနဲ့မှမလဲနိုင်တဲ့ တန်ဖိုးအကြီးဆုံး ရတနာပါဘဲ့။

image
Author, @rocketgyi
MSC148
Photo credit google.com

Sort:  

မေမေချစ်တဲ့ သားပေါ့နော် တူတူပဲဗျာ

တင်ပါ့ဘုရား...

တူတူပါဘဲ ကျနော်လဲ့အေးလိုပါဘဲ

ဘဝတူတွေပေါ့bro

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61655.78
ETH 1609.66
USDT 1.00
SBD 0.47