Be honest...ရိုးသားပါစေ....

in #myanmar6 years ago (edited)

image

ကျနော်တို့လူအများဟာ မကောင်းမှုတွေကို နေ့စဉ်နှင့်အမျှ သိ၍်ဖြစ်စေ မသိဘဲ့ဖြစ်စေ ပြုလုပ်လာနေကြပါတယ်။ မကောင်းမှု ဒုစရိုက်က အားသာသွားလျှင် ကောင်းမှုတွေကဖြင့် မှေးမှိန်လာပါတယ်။ ဒါကြောင့်မို့လည်း ယနေ့ခေတ်မှာ ငါးပါးသီလလုံနေတဲ့သူတွေဟာ အများအမြင်မှာ အထူးဆန်းသဖွယ်ဖြစ်လာတယ်။

ရှားပါးပစ္စည်း ဖြစ်လာတယ်။ ကျနော့်ဝမ်းကွဲညီမတစ်ယောက် အဝေးသင်တက်ရင်းနဲ့ ရွှေဆိုင်မှာ ဝင်လုပ်ဖြစ်တယ်။ အလုပ်ရှင်က ရွှေတွက်ချက်ပေးရာမှာ ငါးမူး၁မတ် ၁ကျပ်တွက်ရင် အမြတ်အနေနဲ့ ငါးထောင်၁သောင်း ပိုတွက်ခိုင်းတယ်။ အဲဒီတော့ အလုပ်ရှင်က သူ့ကို လိမ်ခိုင်းပြီိးပိုက်ဆံယူနေတာယူနေတယ် သူမလုပ်ချင်တော့ဘူးဆိုပြီး အိမ်ရောက်တော့ မလုပ်တော့ဘူး အကုသိုလ်ဖြစ်နေတယ် ဆိုပြိး အိမ်မှာငိုကြီးချက်မနဲ့ မသွားဖို့်အကြောက်ကန်ငြင်းနေတာ. သူ့အမေကလည်း ပိုက်ဆံရအောင်သွားလုပ်ဖို့ ပြောပေမယ့် နောက်ထပ် အလုပ်မသွားတော့ဘူး။

image

ဒါနဲ့မနေ့ကသူတို့မိသားစု ကျနော်တို့အိမ် အလည်လာတော့ ကျနော့်အမေ က ဘာမှမဖြစ်ဘူး သွားလုပ်ပေါ့ သူတို့လိမ်ခိုင်းတာ ကိုယ့်အပြစ်မဟုတ်ဘူး သူတို့အပြစ်ပေါ့. ဆိုပြီးပြောလိုက်တယ်။ လိမ်တာ ကိုနေ့စဉ် ပြုမူ လာနေတော့ မကောင်းမှုလို့မမြင်တော့ဘူး။ မကောင်းမှု ပြုတဲ့သူတွေက အုပ်စုကောင်းလာလေလေ ကောင်းမှုပြုသူတွေ မှေးမှိန်လာလေပါဘဲ့ ။ ထိုသူတို့က ရေတိုဘဲ့ကြည့်လို့ နောင်ခံရမယ့် ဘဝတွေ ဘဝတွေကို မမြင်တတ်လို့ဘဲ့။

တကယ်တမ်းက ဥပမာ သူဋ္ဌေးက အလုပ်သမားကို တခုခုသွားလှုခိုင်းရင် ကုသိုလ် ဘယ်သု့မှာရမလဲ စဉ်းစားကြည့် သွားလှုတဲ့သူဘဲ့ရမှာလေ။ အခုလဲ ကိုယ် သူတို့အစား ကာယကံမြောက်ရော ဝစိကံမြောက်ရော ဒိုင်ခံကျူးးလွန်ပေးနေတာ။ ကျနော့်အမြင်မှာတော့ သူစဉ်းစားတာမှန်တယ်လို့ ထင်တယ်။ ကျနော့်တို့နေစဉ် ဘဝတွေမှာ ပိုက်ဆံသာရမယ်ဆိုရင် လိမ်မှာဘဲ့ ဘာပဲ့ဖြစ်ဖြစ် ယခုအချိန် ယခုခဏတာ အခုဘဝလေးတော့ ကောင်းစားချင် ကောင်းစားသွားမယ်။ နောင်သံသရာမှာတော့ မိမိဘဲ့ ခံရမှာဖြစ်ပါတယ်..

image

ယခုခေတ်မှာကြည့် စားစာရာတွေလည်း စိတ်ဖြောင့်ဖြောင့် မစားရဲတော့ဘူး။ကျနော့်တို့ရန်ကုန်ရောက်ရင် သစ်သီးတွေမြင်လည်းစားချင်တောင်မစားရဲဘူး ဌက်ပျော့သီးကို အမှည့်မြန်တဲ့ဆေးရေနဲ့စိမ်ပြီး အုပ်ပြီးရောင်း ပိုးသတ်ဆေးဖြန်းတာနဲ့ ဆေးထိုးတာနဲ့ ကြက်တွေဆိုလည်း အသားတိုးအောင် ဆေးထိုးပြီး အမျိုးမျိုးနည်းမျိုးစုံနဲ့ လိမ်ရောင်းနေကြတယ်။ အဲအသားတိုးကြက်တွေမှာ ထိုးထားတဲ့ဆေးတွေက လူတွေစားမိရင် ဟော်မုန်း အပြောင်းအလဲ တွေဖြစ်တယ်တဲ့ ယောင်္ကျားကမိန်းမစိတ်ဖြစ်လာမယ် မိန်းကလေးကကျားစိတ်ပေါက်လာမယ် ဒါကြောင့်မို့ထင်တယ် ယနေ့ခေတ်မှာ gay တွေများလာတာလေ။

လောကကြီးမှာ အလိမ်တွေများလာ သီလမလုံတော့ တဖြည်းဖြည်းနဲ့ ဆုပ်ကပ်ကြီးဆိုက်လာပြီး လူသားတွေ အသက်တိုလာနေတယ်။ အခုဆို အလွန်ဆုံး အသက်၆၀ လောက်ထိဘဲ့ သက်တမ်းကကျန်ပြီ။ ကလေးတွေဆိုလည်း မွေးလာတည်းက အတတ်လွန်နေတယ် လူကြီးထက်တောင်တတ်သိနေသေးတယ် ဖုန်းဆိုလည်း ကိုင်တတ်သုံးတတ် နေပြီ...ဟိုနေ့ကလည်း နေပြည်တော် က နေရန်ကုန်လာတဲ့ မိန်းခလေးတစ်ယောက် လှည်းတန်းမှာ တက္ကစီသမားနဲ့ ဈေးလျှော့တောငိးရင်းနဲ့ စကားများပြီး သားမယားပြုကျင့် အသတ်ခံလိုက်ရတယ်။

image

အခုခေတ် လူတစ်ယောက်မှာ ဖုန်းဘေလ်ဖိုးက တစ်နေ့ တစ်ထောင်တော့ အသာလေးကုန်တယ်.ဝင်ငွေကတော့တနေ့ နှစ်ထောင်တောင် မနည်းရှာရတယ် ရချင်မှလည်းရမယ်။ အဲတော့ ခိုးဆိုးလုယက်ဘသတ်ဖြတ်မှုတွေ ပိုများလာတယ်။ဥပမာ ပန်းရံအလုပ်သမားတွေဆိုလည်း ပိုက်ဆံမရှိပေမယ့် ဖုန်းတစ်ယောက်တစ်လုံးနဲ့ နားချိန်လက်ဖက်ရည်ဆိုင်ထိုင်လည်း အားလုံးကဖုန်းဘဲ့နှိပ်နေတာ ဖုန်းမရှိတဲ့သုဆို တစ်ယောက်ထဲကြောင်တောင်တောင် စကားပြောမယ့်သူ လည်းမရှိ သူများတွေဟိုအကြောင်းပြောလည်း မသိ တစ်ယောက်ထဲငုတ်တုတ်နဲ့ ဖုန်းရဖို့လူရာဝင်ဖို့ရှာကြံကြရင်းနဲ့ ဒုစရိုက်မှုတေအလွယ်ရမယ့်လမ်းကိုလိုက်ကြပါတယ်။

တွားသွားတဲ့ကလေးကို မြန်မြန်လမ်းလျှောက်တတ်တာမြင်ချင်တယ် လမ်းလျှောက်တတ်တော့လည်း လိုက်ထိန်းရနဲ့ ရင်ခွင်ပိုက်အရွယ်ဘဲ့ကောင်းတယ်လေ ဖြစ်သလိုမျိုး အရင်ကဖုန်းတွေ မပေါ်တုန်းကလည်း လိုချင်ကြတာ အခုတော့လည်း ဒီဖုန်းတွေကြောင့်ဘဲ့ ပိုက်ဆံပိုရှာရ ဒုစရိုက်မှုတွေပိုများလာတော့ ဖုန်းမရှိတဲ့အချိန်ခေတ်ဘဲ့ ပိုကောင်းသလိုမျိုးဘဲ့။ ဒါကြောင့် ကျနော်တို့တစ်တွေလည်း ငါးပါးသီလကို တတ်နိုင်သလောက် လုံအောင်ထိမ်းသိန်းရင်းနဲ့ လောကကြီး သာယာလှပအောင် ဒုစရိုက်မှုတွေနည်းနိုင်သမျှ နည်းစေဖို့ ကိုယ့်တတ်နိုင်တဲ့ တစ်ထောက်တစ်နေရာကနေ ပါဝင်ကြပါစို့လားခင်ဗျား။ Steemit myanmar အဖွဲ့သားများအားလုံးရဲ့ အကျိုးကိုမျှော်ကိုးပြီး ဤကောင်းနိုးရာရာ ဆောင်းပါးလေးအားရေးသားလိုက်ပါတယ်......ကျေးဇူးတင်ပါတယ်......

Author :@rocketgyi
MSC :148
Photo by google
image

Sort:  

ဖုန်းတွေရှိတာ ပေါများလာတာ အဆိုးဘက်ကို ပိုရောက်နေတယ်လို့ ခံစားမိတယ်
ဆိုးဆေးတွေနဲ့  ခုလိုအစားအစာတွေကို ဖြန်းတဲ့ဆေးတွေက တစ်ဖြေးဖြေးနဲ့ ကိုယ့်နိုင်ငံကို ပိုပြီး ဒုက္ခရောက်နေစေတယ်
ကြာရင်မလွယ်ဘူးထင်တယ်နော်

ဟုတ်တယ်broရယ် ကြာရင်တော့လူမျိုးပါပြုန်းတော့မယ် လူမျိုးပြုန်းရင်နိုင်ငံပါမကျန်ပြီ

Honestry is the best policy.

Yeah that right bro

ငါးပါးသီလကို= ဂရု ဓမ္မ နိစ္စ သီလ ဒီလိုလဲ ခေါ်ပါတယ်
အဓိပ္ပါယ်ကတော့ စွဲစွဲမြဲမြဲ အလေးနက်ထား ဆောက်တည်ရတဲ့ သီလ ဒီလိုပါ
ဗုဒ္ဓဘာသာ ဖြစ်လာပြီဆိုရင် အာ့ဒီ သရဏဂုံနဲ့ ငါးပါးသီလ ဆိုတာ ခံယူပြီးသားပါ
တစ်ပါးပါး ချိုးဖောက်ရင် အပြစ်က လိုက်နေပြီးသားပါ

ကိုယ်တိုင်တိုက်တွန်းချီးမွှမ်းစိတ်တူ အကုသိုလ်အတူတူပဲ လူတွေကပိုက်ဆံနဲ့ သီလ လဲရဲတဲ့ခေတ်ဖြစ်နေပြီလေ....

အတွေးတစ်ခုကနေ အရေးဖြစ်ပြီး တခြားသူတွေ တွေးစရာ ရသွားပါတယ်

ဟုတ်ကဲ့ပါbro ရေ. ဒီလိုဘဲ့တွေးလိုက်ရေးလိုက်လုပ်နေရတာပါဘဲ့ 😁😁😁 အားပေးလို့ကျေးဇူးပါနော်.....

ရိုးသားတဲ့လူဆိုတာ ရှားပါး​လောက်​ဖြစ်​​နေပပြီ

လူတွေက ပိုက်ဆံနဲ့ ကိုယ့်သီလ လဲရဲတဲ့ ခေတ်ရောက်ပြီ
ကိုယ့်သီလ ဘယ်လောက်တန်ဖိုးရှိတ်ာဆိုတာမယုံတော့ဘူး
အဲဒီတော့တန်ဖိုးလဲမရှိတော့ဘူး

အေးချမ်းတဲ့လောကကြီးဖြစ်ပါစေဗျာ

Bro ရဲ့တောင်းဆုတွေပြည့်ပါစေ.....ကျေးဇူးတင်ပါတယ် ဗျာအားပေးနေလို့

သီလရှိမှ ဘဝလှတာပါအကို ဘဝလှပဖို့အတွက် သီလကိုစောင့်ထန်းသိမ်းသင့်ပါတယ်

ဟုတ်ပါတယ် bro

ဖတ်လို့ကောင်းပါတယ် အစ်ကို

ကျေးဇူးတင်ပါတယ် bro

ရိုးသားသော စိတ်ရှိသူကိုလဲလေးစားပါတယ်ဗျာ

အဲလိုစိတ်မျိုးရှိအောင်လည်း မွေးမြူသင့်ပါတယ်လေ

ခက်နေတာကအများစုဟာ
ငွေကြောင့်ရိုးသားမှုပျောက်ကွယ်ပြီး
ရိုးသားမှုကိုတော့ငွေပြန်ဝယ်လို့မရတော့တာပါပဲ

ငွေကိုဘုရားသခင်လို့ထင်မှတ်မှားကြတယ် ရေတိုကိုသာတွေးနေကြလို့လေ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63570.02
ETH 3400.95
USDT 1.00
SBD 2.56