မျှော်လင့်ချက်
အက်ကွဲကြောင်းတွေပြည့်နေတဲ့ ချောက်ကမ်းပါးတခုရဲ့အစွန်းမှာ ရပ်နေတဲ့လူတယောက် ……
ရှေ့တိုးပြန်လျှင်လည်း ချောက်ထဲကျမယ်
နောက်ဆုတ်မယ်စိတ်ကူးမိတော့လည်း လှုပ်လိုက်မှ အက်ကွဲကြောင်းတွေက ပြိုကျလေမလား ?
ဒီတိုင်းရပ်နေပြန်တော့လည်း သူမလှုပ်ပေမယ့် ပြိုကျမယ့်အချိန်ကိုစောင့်ဆိုင်းနေရသလို ……
ရင်တထိတ်ထိတ်နဲ့သွေးပျက်နေခဲ့ရတဲ့အဖြစ်က ဘာလုပ်ရမယ်မတွေးတတ်အောင်ဖြစ်ခဲ့ရတာပေါ့ ။
ကြောက်လန့် လွန်းလို့ တောင် " အား " လို့  ကျယ်ကျယ်မအော်ရဲတဲ့အဖြစ်ဆိုးကို ဘယ်သူက ရုတ်တရက် သွေးအေးအေးနဲ့ စဉ်းစားနိုင်မှာတဲ့လဲ ?
ရှေ့တိုးလို့ လဲ လွတ်လမ်းမရှိဘူး
ရပ်နေလို့ လဲ ချောက်ထဲကျမယ့်အချိန်ကို ရပ်ပြီး စောင့်နေရသလိုဆိုတော့ နောက်ဆုတ်ပြေးတာကမှ ကိုယ့်အတွက် လွတ်လမ်းဆိုတဲ့ မျှော်လင့်ချက်ရှိနိုင်တဲ့ အနေအထားမျိုး
အခန့် မသင့်ရင်တော့ နောက်ဆုတ်ရင်းပြိုကျပေါ့ ……
ပြိုကျတာချင်းအတူတူ ချောက်ထဲကျမယ်အတူတူ ဆိုတော့ နောက်ဆုတ်ပြေးကြည့်တာက ကိုယ့်အတွက် တခုထဲသောလွတ်ရာလမ်းကို ရွေးချယ်တာကမှ သင့်တော်အုံးမယ် ……
သွေးပျက်ပြီး အော်ရင်း ချောက်ထဲကျမယ့်အချိန်ကို စောင့်ဆိုင်းနေရမယ့်အစား ( သို့ မဟုတ် ) ရှေ့ကိုတိုးပြီး သူအပြိုကိုမစောင့်ဘဲ ကိုယ်ဘာသာချောက်ထဲခုန်ချမယ့်အစား
နောက်ဆုတ်ကြည့်တာကမှ အခွင့်အရေးရှိပါအုံးမယ် ……
ဒီတော့ သင်သာ ထိုချောက်ကမ်းပါးပေါ်ရောက်နေခဲ့လျှင်ဆိုသောအတွေးဖြင့် အစားထိုးတွေးကြည့်ပြီး သက်ဘယ်လမ်းကို ရွေးမလဲ ?
ကျမအနေနဲ့ အစားထိုးတွေးကြည့်ရင်း စဉ်းစားမိတဲ့အဖြေကတော့ နောက်ကိုဆုတ်မှာပါ ။ လွတ်သွားရင် အသက်ရှင်ဘို့ မျှော်လင့်ချက်လေးရှိနေသေးတာက နောက်ဆုတ်ခြင်းဆိုတာက ဖြစ်နိုင်မှာကြောင့်ပါ ……
MSC 021
နောက်ဆုတ်ဖို့ ကြိုးစားရင်း
ရှေ့ တိုးမိ
တိုးရဲပုဆို ချောက်ကြီးအူးထွေးရ
ဟိုစကားပုံတခုတော့ရှိတယ်။ထိုးမဲ့ဆင်..နောက်တလှမ်းဆုတ်တယ်တဲ့..။ဆုတ်မယ်..အားထဲ့မယ်..။
ဟုတ်တယ်အန်တီ ကျေးဇူးပါ သမီးစာလေးဖတ်ပေးလို့ 
နောက်ဆုတ်မှာပေါ့ အာ့ဆိုအသက်အန္တရယ် ကလွတ်လမ်းရှိသေးတယ်လေ
ဟုတ်တယ်နော့ ဟီး
လူတွေဟာ နောက်ဆုတ်မယ်လို့ဆုံးဖြတ်ပြီးရှေ့ကိုပဲတိုးသွားနေကြရတာ။ မလွဲသာတဲ့ကိစ္စတွေပဲ။
ဟုကဲ့ အဖိုး