တိုးတက်ပါစေ MSC

in #myanmar7 years ago (edited)

မိမိအောင်မြင်ရန် မိမိကိုယ်တိုင်က ကြိုးစားမှုက အဓိကကျပါတယ်ရှင် ။
မိမိရဲ့ကြိုးစားမှုကို ဘေးက အထောက်အပံ့တွေနဲ့ အားပေးမှုတွေကို ရရှိပြန်တော့ မိမိအတွက် ပိုပြီးကြိုးစားဘို့ လိုလာသလို အောင်မြင်ဘို့ကလည်း ပိုပြီးဖြစ်လာနိုင်ပါတယ် ။

ထောက်ပံ့အားပေးကြသူများကိုလည်း မိမိက ကျေးဇူးသိတတ်ပြီး ပိုကြိုးစားပြသင့်တာပေါ့ ။ မိမိကြိုးစားမှုဟာ မိမိအတွက်သာ ဖြစ်သောကြောင့်လည်း မဖြစ်မနေကြိုးစားသင့်ပါတယ် ။

B Pyae လွန်ခဲ့တဲ့ တပတ်က sp 600 ပြည့်ခါနီးပြီလို့  ဝမ်းသာလွန်းလို့  ကျေးဇူးတင်စကားဆိုရင်း post လေးတင်မိပါတယ် ။ ကျမကို အားကျပြီး chat box နဲ့ group တွေမှာ လာမေးကြသူများ အများအပြားရှိတဲ့အတွက်လည်း ကျမဖြေပေးရင်း ဝမ်းသာမိပါတယ် ။

ကျမပြောပြလိုက်လို့  သူတို့ တွေအတွက် တဖက်တလမ်းက အကျိုးဖြစ်ထွန်းသွားမယ်ဆိုရင် ကျေနပ်တာပေါ့ ။ နောက်တခုက ကျမမှာ ရှိနေတဲ့ဟာကို ခွဲဝေပေးရတာလဲ မဟုတ်တဲ့အတွက် ဘာမှ ထိန်ချန်ထားစရာမလိုဘဲ ကျမသိသလောက်ကို အကုန်ပြောပြခဲ့ခြင်းပါဘဲ ။

Minnowbooster ကို steemit post ကို bot ဖို့  တချို့ကလဲ sbd မရှိဘူးလို့  ညည်းတွားကြပါတယ် ။ MSC promotion က ရတဲ့ sbd လေးတွေကိုစုပြီး မိမိနေ့စဉ်တင်နေတာရနေတဲ့ hot ဖြစ်နေတဲ့ esteem ကလာဘုတ်လို့ ရတဲ့ sbd လေးတွေကိုစုပြီး bot လုပ်လို့ လဲရနေပါတယ် ။

အနဲလေးတွေစုပြီး အများဖြစ်လာအောင်ကြိုးစားဘို့ သာ အဓိကပါ ။ အားငယ်စရာမလိုပါဘူးရှင် ။ မိမိမှာရှိသလောက်နဲ့ bot ပြီး ရတာကို မိမိလက်ခံကျေနပ်နိုင်ဘို့ သာ အရေးကြီးတာပါ ။ မိမိမှာ sbd က နဲနေလို့  စိတ်ပျက်နေမယ့်အစား ရှိသလောက် sbd နဲ့ ချက်ချင်းထ bot လိုက်တော့ရော အဆင်ပြေနေတာပါဘဲရှင် ။

sbd အများသုံးပြီး bot လို့  အများပြန်ရတာကို မိမိမှာနဲနေလို့  နဲနဲလေး bot နဲနဲလေးပြန်ရတာ မဆန်းပါဘူး ။ မိမိလဲ ဘယ်လိုများများရအောင် လုပ်ရမယ်ဆိုတဲ့ အကြံဥာဏ်ကောင်းလဲကို တွေးတတ်သာ လိုအပ်တာပါ ။

ဒါကြောင့် တိုးတက်နေသူတွေကို နမူနာထားပြီး သူတို့ ဘယ်ပုံဘယ်နည်းနဲ့ တိုးတက်အောင်လုပ်ကြသလဲဆိုတာ လေ့လာကြမယ် ။ လေ့လာပြီးရင် မိမိလဲလုပ်နိုင်အောင် လုပ်ကြည့်ကြမယ် ။ အတုယူစရာတွေကို ယူပြီး မိမိလဲပြောင်းလဲသင့်တာ ပြောင်းလဲလိုက်မယ်ဆိုရင် လှပတဲ့အနာဂတ်တခုကို ပိုင်ဆိုင်လာမှာ မလွဲပါဘူး ။ MSC မိသားစုကြီး အမြန်တိုးတက်ပြောင်းလဲကောင်းမွန်လာပါစေလို့  ဆန္ဒပြုလျှက် ………

FB_IMG_1519303909868.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

တိုးတတ်နေသူတွေကိုနမူနာထား၍မိမိအောင်မြင်ရန်မိမိဘာသာကြိုးစားပါမည်။အဲ့လိုကောင်းမွန်တဲ့စာလေးတွေဖတ်ရတာအားရှိလိုက်တာဗျာမပြည့်ရေ။

ဟုကဲ့

အားကျတယ်​ အစ်​မ​ရေ ... နည်းနည်း​လေးစီ စုပြီး အကြီး​တွေ လမ်းညွှန်​တဲ့အတိုင်း လိုက်​​တော့လုပ်​ကြည့်​​နေတယ်​ဗျာ .. ဆက်​ပြီး လမ်းညွှန်​ပြသ ​ပေးပါအုံးဗျ ... ​လေးစားလျှက်​ ...

ဟုတ် 5tin!

အန်​တီက​တော့​လေလူနဲ့လိုက်​​အောင်​​တွေး​ခေါ်တတ်​​ရေးတတ်​ပါဘိ😁😁

ငမ့်

တူမ​လေး BP အားကျတယ်​ အားရတယ်​​ဟေ့

စုပါအူးလေးထွေးရ

လုရအောင်ဦးလေးထွေးရေ

အခုလိုမျိုး အားပေးစကားတွေကြားရတော့ အားတက်ရတာပေါ့ အစ်မရယ်

အားကျလိုက်တာအမရေး ကျွန်တော်ကခုမစသုံးတာဆိုတော့ကြိုးစားရအုံးမယ်အမလိုဖြစ်အောင်

welcome

အားကျလိုက်တာကျွန်တော်မှာအတော်လေးကြိုးစားရဦးမယ်

မှီပါသေးတယ်

ဖြေးဖြေးမှန်မှန်လှမ်းနေပါတယ် ညယ်မလေးရေ

ဟုဟု မမရေ

ကြိုးစား ရမယ်ကွယ်

နည်းတယ်​ဆိုပြီးမလုပ်​ရင်​ အများဆိုတာမရှိလာနိုင်​ပါဘူး​လေ

right

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75