တန်ဘိုး …… ၂

in #myanmar8 years ago (edited)

လူတို့ သည် တန်ဘိုးဟူသောသတ်မှတ်ချက်တခုကို အများအားဖြင့် လက်ခံကျင့်သုံးကြပါတယ် ။

သိသောတတ်သော ဗဟုသုတကြွယ်သော ပညာရှင်အများစုက တန်ဘိုးရှိသည်ဟု သတ်မှတ်ထားသောအရာကို လက်ခံကြခြင်းသည် ထိုပညာရှင်များက ကျမတို့ မသိသော စေ့စပ်တိကျသောအကြောင်းပြချက်များဖြင့် ဘာကြောင့်တန်ဘိုးရှိသည် ဘယ်အတွက်ကြောင့်တန်ဘိုးမဲ့သည်ကို ကျမသိရှိလာအောင် ရှင်းချက်ထုတ်၍ပြနိုင်သောကြောင့် လက်ခံရပါတယ် ။

52eb6c837274e4bfa75a572d37353d7e.jpg

crd org source

B Pyae ပြောချင်တာက မနေ့ကတင်ခဲ့တဲ့ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တန်ဘိုးဖြတ်ခြင်းကို B Pyae မြင်တဲ့အတိုင်း ရေးပြချင်တာပါ ။ အမှားပါရင် B Pyae ကိုဆုံးမပေးပါ ။ B Pyae အရွယ်နဲ့ သိသလောက်လေးကိုတော့ ပြောပါရစေ ။

လူတယောက်ကို ဝတ်စားဆင်ယင်တာကြည့်ပြီး အမြင်နဲ့ သူဝတ်စားတာမြန်မာဆန်တယ် ကျက်သရေရှိတယ် လိုက်ဖက်တယ် ဆုံးဖြတ်လို့ ရသလို သူဝတ်စားတာ မြန်မာမဆန်ဘူး အမြင်မတင့်ဘူး မလိုက်ဖက်ဘူးလို့ လဲ ဆုံးဖြတ်လို့ ရပါတယ် ။

ထို့ ထက်ပိုပြီး ကိုယ့်အမြင့်နဲ့ သူဝတ်ထားတာမြန်မာဆန်လို့  သူကတန်ဘိုးရှိတယ် ။ သူဝတ်တာ ခေတ်ဆန်လို့  တန်ဘိုးမရှိဘူးဆိုပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ ဟန်မကျလှပါဘူး ။

received_217474048823326.jpeg

ဥပမာ အရူးတယောက်ဟာ သာမာန်ထက်ပိုထူးတဲ့လက္ခဏာရှိတတ်တာကြောင့် အရူးလို့ အမြင်နဲ့ဆုံးဖြတ်ရင် မှန်တာများပါတယ် ။ အဲဒီအရူးဟာ အရူးနေရာမှာ ရှိမှမဟုတ်ပါဘူး တခြားလမ်းပေါ်နဲ့ မည်သည့်နေရာမှာတွေ့တွေ့ အရူးလို့  အမြင်နဲ့တင် အလွယ်တကူဆုံးဖြတ်လို့ ရတာ များပါတယ် ။

သူခိုး လူဆိုးနဲ့ ပြည့်တန်ဆာ စတဲ့ တခြားသူများကိုတော့ အမြင်နဲ့ ဆုံးဖြတ်မရတော့ပါဘူး ။ သူခိုးတယောက်က ဝတ်စားဆင်မှုကို မြန်မာဆန်ဆန်ယဉ်ကျေးစွာ ဝတ်စားထားတာကို အမြင်နဲ့ တန်ဘိုးရှိတယ်ဆုံးဖြတ်ပြီး သင့်အိမ်ကိုအလည်ခေါ်မိလို့ ကတော့ သင့်ပစ္စည်းဥစ္စာပါ ထပ်ဆုံးမှာဖြစ်ပါတယ် ။

FB_IMG_1496811793657.jpg

B Pyae ဆိုလိုတာက တန်ဘိုးဆိုတာ အရေးပါတဲ့ကဏ္ဍတခုအဖြစ်နဲ့ သတ်မှတ်မယ်ဆိုရင်တော့ ထိုတန်ဘိုးဖြတ်မယ့်အရာရဲ့အကြောင်းကို ဝတ်စားဆင်မှုအမြင်နဲ့တင်မဟုတ်ဘဲ စေ့စေ့စပ်စပ်လေ့လာပြီးမှသာ တန်ဘိုးဖြတ်သင့်တယ်လို့ ထင်ပါတယ် ။

@pyaesonekhinkhin

MSC 021

Sort:  

ဘောလုံးလေးတစ်လုံးလောက်ပါ ...
ဘယ်လိုဝတ်ဝတ်
လှနေတယ်နော် 😍

အကုန်ပေးမယ်လေ
လှတယ်ပြောတာ thz q sis

တန်ဘိုး ကိုယ်တိုင်ဖန်တီးကြတာပါလေ

အဝတ်​စားကြည့်​ပြီးတန်​ဖိုးဖြတ်​ရင်​ မှားသွားမှာ​ပေါ့

ဟုတ်တယ်နော့ ကွီးအောင်မှန်တယ် ခ်ခ်

ဟုတယ်​​နော်​ အဓိကကလူတစ်​​ယောက်​မှာအဝတ်​စားထက်​စိတ်​ဓတ်​ကအ​ရေးကြီးတယိ

ဟုတ်ကဲ့

😢😢😢

m ဘာပုတာယဲ

မမ စကန်ထရီကခေး ပိုစ့်ဆီလာဘုတ်ပေးပု😢

ဘုရားသွားတဲ့အချိန်ဘုရားသွားသလိုပူဖောင်းရောင်းတဲ့အချိန်ပူဖောင်းရောင်းသလိုသူ့နေရာနဲ့သူပေါ့ :P

WTF 😡😡😡
လုံးဝ မကျေနပ်ဖူး

meep

meep

နိဂျီးတော်ကြီးမိပါလား

မိတော့ ဘာဖစ်လဲ

😂😂😂😂

တန်ဘိုးဆိုတာ အရေးပါတဲ့ကဏ္ဍတခုအဖြစ်နဲ့ သတ်မှတ်မယ်ဆိုရင်တော့ ထိုတန်ဘိုးဖြတ်မယ့်အရာရဲ့အကြောင်းကို ဝတ်စားဆင်မှုအမြင်နဲ့တင်မဟုတ်ဘဲ စေ့စေ့စပ်စပ်လေ့လာပြီးမှသာ တန်ဘိုးဖြတ်သင့်တယ်ဆိုတာအမှန်ပဲဘီပြည့်ရေ။

ဟုတ် မတ်မတ်ဇာရှင့်

လူတယောက်ရဲ့တန်ဖိုးဆိုတာ..အဲဒီလူဟာ..သူ့ဘဝမှာသူလျှောက်လာတဲ့..လျှောက်နေသောလမ်းကြောင်းမှာ..အကျိုးရှိအောင်..ဘာလုပ်နေသလဲ..ဘာလုပ်ခဲ့သလဲ..နောက်တဆင့်..သူ့မိသားစု..သူ့ပတ်ဝန်းကျင်..ထပ်ပီး..နောက်တဆင့်..လောကကြီးအတွက်..သူဘာစွမ်းဆောင်နိုင်ခဲ့သလဲ
ဒါတွေနဲ့ဘဲ..သူ့တန်ဖိုးကိုဖြတ်ရမှာဘဲ။ဝတ်စားဆင်ယဉ်မူ့
ဆိုတာကတော့..ဟိရိသြတ္တပရှိရင်..အမြင်တင့်တယ်ခြင်းဆိုသောဂုဏ်တခုတော့ရမှာဘဲလေ။ကဏ္ဍဖြစ်ပါတယ်..ဂဏ္ဍမဟုတ်ပါသမီး။

ဟုတ်ကဲ့အန်တီ thank you so much

လူတစ်​​ယောက်​ရဲ့တန်​ဘိုးကိုအ​​ပေကြည်​ပြီးဆုံးဖြတ်​လို့မရပါသူရဲ့လုပ်​ရပ်​ကြည်​ပြီးမဆုံးဖြတ်​သင့်​တဲ့အရာမျိုးပါ

သဘာဝဘေးအန္တရာယ်နဲ့ စစ်ဘေး ဘယ်ဟာအရင်ရှောင်ရမှန်းမသိတော့ဘူး။

အဖိုး ဘာမှရှောင်မနေနဲ့ လာမယ့်ဘေး ပြေးတွေ့လိုက်မယ်လေ ခ်ခ်

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.081
BTC 66465.96
ETH 1789.20
USDT 1.00
SBD 0.43