သိပါလျက်နဲ့မှားတဲ့ အမှားတခု

in #myanmar7 years ago

သေသေချာချာသတိထားနေပေမယ့် သတိလွတ်မိသွားတဲ့အခါ မှားခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရန်လေးတခု ပြောပြချင်ပါတယ် ။ steemit မှာ post ရေးတင်တာရယ် post တင်လို့ ရလာတဲ့ sbd နဲ့ steem power ကို steem setting ကိုနှိပ် currency market ထဲဝင်ပြီး sbd နဲ့ steem ကို ဟိုဘက်ပြောင်းလိုက် ဒီဘက်ပြောင်းလိုက်နဲ့ တော်တော်လေးဟုတ်နေခဲ့တာပါ ။ MSC က တင်သမျှလိုက်မှတ် လိုက်ဖတ်ပါတယ် ။ MSC က admin အကိုတွေသင်သမျှလည်း မှတ်သားပြီး လိုက်လုပ်ဖြစ်ရင်း trade တတ်လာတယ်လို့ ပြောလို့ ရပါတယ် ။

ထိုမှတဆင့် Bittrex ဆိုတဲ့ market မှာလည်း trade ရန် သင်ကြားရင်း တခြား Coin တွေလည်း ဟိုချိန်းဒီချိန်းနဲ့ trade တတ်လာခဲ့ပါတယ် ။ အမြတ်တွေလည်းရလို့ ပေါ့ ။ အဲ့တော့ ပျော်တာပေါ့နော် ။ ကျမကံမကောင်းဘူးလို့ ထင်ပါတယ် ။ ဒီအပျော်လေးဟာ တခနပါဘဲ ။ Bittrex ကို ကျမ account ဖွင့်ပြီး တပတ်လောက်အကြာမှာ policy ပြောင်းသွားပါတယ် ။ Bittrex က ငွေကိုလွှဲဘို့ ရန်အတွက် အခက်အခဲတွေ့ရပါတယ် ။

Bittrex policy အရ ငွေလွှဲရန် basic info တင်ခိုင်းတာကစပြီး အမှားတွေ့ပါတော့တယ် ။ ကျမထင်မိတာက bittrex account ဖွင့်ထားတဲ့ mail နဲ့ bittrex account password မှန်အောင်သိရင် ငွေထုတ်ငွေလွှဲ အလွယ်လေးလို့ ထင်ခဲ့မိတာပါ ။ Bittrex က မေးတဲ့ basic information ကို အလွယ်ပြီးရောဆိုတဲ့ စိတ်အထင်နဲ့ ကျန်တဲ့ info တွေကို ဖြစ်သလိုဖြည့်ဖြေမိလိုက်တာပေါ့ ။ Bittrex က လက်သင့်မခံဘူးဆိုပြီး verify မဖြစ်တော့မှ စိတ်ညစ်ရပါရော ။

image

Bittrex ထဲရှိတဲ့ ငွေကလည်း Bitcoin ဈေးတက်နေချိန်နဲ့ တွက်ကြည့်တော့ အထိုပ်အလျောက်ရှိနေတော့ လိုချင်မိတာပေါ့ ။ Bittrex က ဒုတိယနည်း verify ဖြစ်ရန်အတွက် ကျမရဲ့ passort နဲ့အတူ ဓာတ်ပုံတခုပါ ပို့ ပြီး inchance verify ဖြစ်ရန် ထပ်ဖြည့်တင်မိပြန်ရော ။ ကိုယ့်ပိုက်ဆံပြန်ရဘို့ သာ တွေးမိပြီး ကျန်တာပေါ့ပေါ့လေးစဉ်းစားမိသွားတာပါ ။

အစထဲကဖြည့်ထားတဲ့ Basic information မှာထဲက အမှားတွေပါနေလို့  veridy မဖြစ်ခဲ့တာကို ဒုတိယနည်းနဲ့ ထပ်တင်တော့ ထပ်ပြီးတလွဲဖြစ်တာပေါ့လေ ။ ကျမBittrex account ဟာ passport နဲ့ verify ထပ်တင်လိုက်တော့မှဘဲ permanent ကျပြီး account ထဲကို ဝင်လို့  trade လို့ တောင်မရတော့ဘူးဖြစ်သွားခဲ့ရတယ် ။

image

Bittrex က ကျမ mail မှာစာပို့ တာပါ ။ Support ticket တင်ခိုင်းတာပါ ။ ကျမတင်တာကိုကြည့်ပြီး ပြန်ပေး မပေး ကတော့ သူတို့ အပေါ်မှာဘဲ မူတည်ပါတယ် ။ MSC က သိနားလည်တဲ့သူတွေက Bittrex က ငွေလွှဲမရဖြစ်နေတာ သတိပေးတာ အကြိမ်ကြိမ်ကြားနေပါလျှက်နဲ့ ကျမ စမ်းမထုတ်မိတာ ကျမအပြစ်ပါ ။

Bittrex က သူ့ account ငွေကိုသာ ထုတ်မရတာ ။ သူ့  account ထဲ ငွေလွှဲတာကျ လက်သင့်ခံတယ် ။ ထုတ်မရတာကို သိသိကြီးနဲ့ bittrex account ထဲကို steemit account ထဲက steem နဲ့ sbd ကို ထပ်ပြီး လွှဲခဲ့မိတဲ့ ကျမကိုယ်ကျမ တွေးပြီးစိတ်တိုနေရပါတယ် ။ ဟိုပြောင်းဒီပြောင်း လှည့် trade ချင်တဲ့ မြတ်ချင်တာသာသိပြီး ထုတ်မရတာကို သတိမမူခဲ့မိတာ ။

နောက်ဆုံးမှာတော့ steemit ကပေးတဲ့ ကြိုးစားစာရေးခဲ့လို့ ရတာလေးတွေရော Bittrex ထဲ trade ဖို့  ဝယ်ထားတဲ့ငွေပါ ၂ခုလုံး ဆုံးတဲ့အဖြစ်မျိုးကြုံခဲ့ရတဲ့ သင်ခန်းစာတခုပါ ။ ကိုယ့်မှာ အပြည့်အစုံ verify ဖြစ်ရန်အတွက် ရှိနေပါလျက်နဲ့ အလွယ်ပေါ့ပေါ့ဖြေမိတဲ့ ကိုယ့်အပြစ်တွေပါဘဲ ။

ဘယ်လိုေဖြေ သူတို့ မေးတာတွေကို စာရိုက်ဖြေရတာချင်းအတူတူ အမှားတွေကို သွားရေးမိခဲ့တာ နောင်တရလို့ မဆုံးခဲ့ပါဘူး ။ ကံမကောင်းဘူးလို့  ကံကိုလွှဲချလိုက်ရပေမယ့် တကယ်တမ်းက ကိုယ်အသုံးမကျခြင်းပါ ။ ကျမလိုဖြစ်ဖူးသူတွေလည်း ရှိနေတော့ စကားစပ်မိလို့  Bittrex အကြောင်းလေးပြောမိရင်း အဖော်တော့ရသေးတာပေါ့လေ ။ ကျမလို အဖြစ်မှ ရှောင်နိုင်ကြပါစေ ။

@pyaesonekhinkhin

MSC 021

Sort:  

ကိုယ်​ပိုင်​စာ​ရေးထားတဲ့ပိုက်​ဆံ​လေး​တွေ​တော့ နှ​မြောတယ်​ဗျာ။

ဟုတ်တယ်

thank for sharing your knowledge

ဟုတ်

I also had made vote as possible.

thank you

နှ​မြောလိုက်​တာ 😪

ဟုတ်ပ

Thanks for sharing your knowledge

yes bro

ခုလိုတင်ပြပေးတဲ့အတွက် ကျေးကျေး

ဟုတ်ကဲ့

Thz for sharing

me too

ရှောင်တော့ရှောင်နေတယ်

ဟုတ်

ကိုယ်​တိုင်​ကြုံ​တွေ့ရတာပြန်​​ပြောပြ​ပေးလို့​ကျေးဇူးပါ...

ဟုတ်

take care ပြည့်

thank you

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61726.97
ETH 2392.47
USDT 1.00
SBD 2.60