thank you steemit and steemit myanmar group
ဘာလိုလိုနဲ့ steemit မှာ post တွေတင်ဘို့ အတွက် steemit rules တွေလိုက်နာရင်းရေးလာလိုက်တာ စာရေးဆရာမလေးတောင်ဖြစ်တော့မလားမသိ :P
အိမ်ကလူကြီးတွေနားကပ်ပီး ကိုယ်ငယ်ငယ်ကမှတ်မိတဲ့အကြောင်းတွေပြန်မေးရတာလဲ အိမ်ကဖြေရလွန်းလို့ မေးရမှာကိုတောင် အားနာလာတဲ့အဖြစ်မျိုးပေါ့ ဒါအပြင်ဘယ်လို steem ကိုဝယ်စုထားရင် ဘယ်လိုမြတ်တာ သူများတွေဆိုဘယ်လောက်ရှိနေကြပီ အစုံပြောဆိုပြီး ဝယ်ပေးဘို့ ပူဆာတော့တာ
ဒေါ်စတီးမစ်လို့ တောင် အခေါ်ခံရသေးတာ နည်းတဲ့ကုသိုလ်လား
ကိုယ့်တင်ထားတဲ့ post လေးတခုကို ကိုယ့်ထက်သိသူနားလည်သူတွေက good အရေးအတွေးကောင်းတယ်ဆက်ကြိုးစားပါပြောလိုက်တဲ့အချိန်တွေဆို ပီတိများစွာနဲ့ ဟုတ်ကဲ့ရှင့် thanks ပြန်ဖြေမိပီးပျော်နေရတာ
အမှားပါခဲ့လို့လမ်းညွှန်ပေးခဲ့ရင်လည်း စိုးရိမ်တကြီးနဲ့ ချက်ချင်းပြန်ပြင်လိုက်ရမှ ကျေနပ်သူဟာ ကျမပြည့်စုံခင်ခင်ပေါ့
ဟာသလေးပြောရပြအုံးမယ်နော်
steemit မလုပ်ခင်က ထားမိတဲ့ရီးလေးတောင် ကွဲချင်ပြတ်ချင်တဲ့အခြေအနေမျိုးရောက်နေတယ် ဟီးးး
online ဖွင့်မှတွေ့ရတဲ့ချစ်သူတွေဆိုတော့ steemit အတွက်ကျမစာရေးနေချိန်မျိုးမှာ line ပိတ်ထားတော့ သူနဲ့လွဲလာတဲ့အချိန်တွေများလာတာပေါ့
သူနဲ့တွေ့လို့line ပေါ်မှာစကားပြောနေချိန်ကျပြန်တော့လည်း steemit myanmar chatgroup က noti တတိန်တိန်ဆိုတော့ ဘာတွေများပြောပါလိမ့်ပေါ့ သွားစပ်စုမိတော့တာ groupမှာပြောတဲ့မှတ်သားစရာတွေပါလာတော့ ကျမလိုက်မှတ် လိုက်ဖတ်တော့အချိန်အနည်းငယ်ကြာသွားတယ်
ချစ်သူကလဲ သူရေးတဲ့စာမဖတ်ဖူး seen မပြဘူး စုံနေအောင်မေး စုံအောင်တွေးပြီး သူ့ထင်မြင်စွပ်စွဲချက်တွေက စက်သေနတ်လိုဘဲ တရစပ်ပစ်ခတ်နေတော့တာလေ အပူတွေပါလို့ဒါကြောင့်ပြောတာပေါ့ ခ်ခ်
ကျမကလဲ ကိုယ်ချင်တာဆို ဖြစ်အောင်လုပ်ရမှကျေနပ်တာဆိုတော့ ချစ်သူလဲ စိတ်ကောက်ကောက် သူဘာသူဘာပြောပြော ဂရုမစိုက်ဖူး ကျမရေးချင်တဲ့ steemit အတွက်စာမပြီးမချင်းရေးတာဆိုတော့
ကျမတို့ နှစ်ဦးအခြေအနေက သိပ်မဟန်ဘူးပေါ့
မှန်တာကိုလုပ်တဲ့သူအဖို့  ဘာကိုမှကြောက်စရာမလိုပါဘူး
သူနားလည်အကျိုးအကြောင်းရှင်းပြလို့မှမရရင် ကံကိုပုံချရုံပေါ့
သင်တန်းသွားလို့ လမ်းမှာမြင်သမျှ ကိုယ့်စိတ်ကူးနဲ့တိုက်ဆိုင်လာရင်
ဖုန်းထဲကောက်မှတ်ရတာလဲများပြီ ကုန်ကြမ်းလေးတွေစုဆောင်းရတာပေါ့လေ
steemit ကအောင်မြင်နေသူတွေကို အားကျမိတာကတကြောင်း
steemit နဲ့ပတ်သက်ပီး ကိုယ်ကမြန်မာဆိုတော ကိုယ့်အတွက်နဲ့ Steemit Myanmar Group သိက္ခာမကျစေချင်တာကတကြောင်း
ပက်ဆံရချင်တာကတကြောင်း
ကိုယ်ရေးတဲ့စာလေးတွေကို တခြားနိုင်ငံကသူတဦးဖတ်မိပြီး အသိတခုရစေချင်တာကတကြောင်း
ကိုယ်တိုင်ကလဲ သူများလိုတိုးတက်ချင်တဲ့စိတ်ကလဲအပြည့်ရှိတာကတကြောင်း စသည့်အကြောင်းကြောင်းတွေကြောင့် ကြိုးစားအားထုတ်မိတာပါ
ဒီလိုစိတ်တွေဖြစ်ပေါ်လာစေတဲ့ steemit ကို ကျေးဇူးအထူးတင်မိပါတယ်ရှင်
ကျမတိုးတက်လာအောင်အထောက်အပံ့အများဆုံးပေးကြသူတွေကတော့ steemit myanmar မှအကိုတွေပါ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဘယ်လိုပုံစံရေးရင် ဘယ်လိုတိုးတက်မယ် ဘာအကြောင်းရေးမယ်ဆို ဘယ်လို tag ထဲ့ရတယ်ကအစ အသေးစိတ်သင်ပြတဲ့ အကိုသက်နဲ့ steemit စလုပ်ဖြစ်အောင်ကူညီခဲ့တဲ့ အကိုကျော်စံထွန်းတို့ကိုလည်းကျေးဇူးပါ
steemit မြန်မာရဲ့အားကျစရာ အားထားစရာဖြစ်သော ကျမတို့ အသစ်တွေကိုကူညီအားပေးသော အကိုဟင်နရီကိုလဲကျေးဇူးပါ
ကျမပထမဆုံးပိုစ့်တွေကိုမန့်ပေးရင်းသင်ပြလမ်းညွှန်သူ ဆရာတင်လှိုင်ဦးကိုလည်းကျေးဇူးတင်ကြောင်း ပြောပါရစေရှင်
steemit myanmar group ထဲကိုရောက်အောင် ခေါ်ဆောင်လာခဲ့သော အကိုdomelay ကိုလည်းကျေးဇူးတင်ပါတယ်နော်
Thank you Steemit
Everywhere i go…
Everything i do……
Everything i see………
Steemit is the first in my mind
Love you steemit
Love you steemit myanmar group
steemit မှာအောင်မြင်ကြပါစေလို့ ဆုတောင်းလျှက်
@pyaesonekhinkhin
အရေးအသား တော်တော်လေးကောင်းပါတယ်။ကျွန်တော် တို့ ရေးဖို့လဲ ကုန်ကြမ်းလေးကျန်ထားပါအုံး။ အမြဲ တမ်းအားပေးနေပါတယ်။
ဟိ!! အများကြီးကျန်ပါသေးတယ်ရှင်
ချန်ထားစရာမလိုအောင်များနေတာပါ ကျေးဇူးအကိုရေ
@pyaesonekhinkhin got you a $1.65 @minnowbooster upgoat, nice! (Image: pixabay.com)
Want a boost? Click here to read more!
ကျိုင်းဇူးပါ၊ ဒိဒါန်းလေးပျိုးပြီးအစီစဉ်တကျရေးတာကောင်းတယ်၊ စာရေးနုန်းကတော့ကိုယ်တွေထက်အများကြီးသာတယ်။ :)
ခိခိ ခညားအမကြောင့်စာကျန်နေခဲ့တယ်
အရေးအသားကတော့
good တယ်လားဟင် ခိခိ
ဒါလေးနဲ့လည်း original post တခုဖြစ်သွားတာပဲ.... ဝမ်းသာပါတယ်, ဒီအတိုင်းသာ original content တွေဆက်ရေးသွားပါ, အောင်မြင်ပါလိမ့်မယ်။ မိတ်ဆက်ပေးထားတဲ့ ပြည့်ရဲ့ သူငယ်ချင်းတွေကိုလည်း လက်တွဲခေါ်သွားအုံး
ဟုကဲ့အကို
ပြည့်တို့ လွဲနေတာမြင်ခဲ့ရင်လည်း သင်ပြပေးပါအကို
အကို့ ကိုအရမ်းကျေးဇူးတင်ပါတယ်
ပုနှိပ် တိုက် အပ်လိုက်
ဘာလို့ လဲဟင် အဟက်
တွေးတတ်ပါ့
အဟက် ဟက် ဒီလိုဘဲတွေးတတ်ရတာပေါ့နော့
ကောင်းတယ်ဗျာ ဆက်မေးပါအုန်းလို့ဟားးးးးး စတာပါဗျ
မေးပီးတဲ့အခါ ဆက်တင်ပေးပါ့မယ်ရှင် ခိခိ
ကြည့်စမ်း နောက်တက်တယ် လူကြီးကို ဟွန်း.........😂😂😂😂😂😂😂😂😂😂
နောက်ပါဘူး
good writing ပါဗျား
thanks bro
Carry On Sis.
ဟု အကို
ကျေးဇူးပါ