စတီးမစ်ရွာ ၉

in #myanmar8 years ago (edited)

စတီးမစ်ရွာမှာ ကျမအဖွဲ့ဝင် admin စဖြစ်တဲ့နေ့မှာ အမှတ်တရလေးတခုရှိခဲ့ပါတယ် ။ ကျမနဲ့အတူ admin အဖွဲ့ထဲကို အတူစရောက်ခဲ့သူက ကိုအတာဦးပါ ။ အကိုတာက admin အဖွဲ့ရဲ့ Organizer 1 နေရာနဲ့ ကျမက secretary နေရာအသီးသီးမှာ leader နှင့် admin အကိုတွေရဲ့သဘောတူချက်အရ နေရာတခုစီရခဲ့ကြပါတယ် ။

ကျမရဲ့အမှတ်တရကတော့ ပထမဆုံးမီတင်မှာပါ ။ leader က မီတင်မှာသူပြောသမျှ ကျမကို " ပြည့်စုံ take note " လို့ သတိပေးတော့ leader ကလဲခနခန take note ပြော ကျမကလဲ ဟု ဆိုပြီး မှတ်တော့တာပေါ့ ။ အဲ့ဒီမှာဘဲ နောက်တခါ leader ကလဲ MSC နဲ့ပတ်သက်တဲ့ စည်းကမ်းချက် ၂ချက်ကို နဂိုစည်းကမ်းချက် ၉ချက်ထဲ ထပ်ပေါင်းမယ်လဲပြောရော admin အကို@ansoe က အကိုဟင်မအော်ခင် ပြည့်စုံ take note ဆိုပြီး ဦးအောင်ပြောလိုက်တာ မီတင်လာတဲ့သူတွေလဲ ရီကြ ကျမလဲရီခဲ့ရတာ အခုထိအမှတ်တရဖြစ်နေတာပါ ။

တခုခုစကားစမြည်ပြောမိလို့  သတိရတာနဲ့ ပြည့်စုံ take note ဆိုပြီး စကြ နောက်ကြတာ ခုထိပါဘဲ ။ Steemit myanmar gp မှာတင်ထားတဲ့ meeting minute 1 ဟာ ကျမရဲ့ MSC admin ထဲစပြီးရေးခဲ့တဲ့ အမှတ်တရလေးပါဘဲ ။

MSC မှာက လူအစုံရှိသလိုပါဘဲ ။ ကဗျာဆရာတွေ စာရေးဆရာတွေ ကျောင်းဆရာ ဆရာမတွေနဲ့ အွန်လိုင်းငွေရှာနည်းအတတ်ပညာတွေရှိကြတဲ့သူ စုံလို့ပါဘဲ ။ steemit တခုထဲသာ စဝင်လာစဉ်က ကျမသိခဲ့တာပါ ။

Piggy Lay နဲ့ ဖီသက်ရဲ့ သင်ပြပေးမှုတွေကြောင့် တခြား trade နည်းတွေနဲ့ online ငွေရှာနည်းတွေကို အများဆုံးတတ်ခဲ့တာပါ ။ စာရေးတာနဲ့ပတ်သက်လို့ ကတော့ ကျမအကြံတောင်းဘူးတဲ့ အကို @donjon နဲ့ အဖိုးလို့ ကျမခေါ်နေတဲ့ ဆရာတင်လှိုင်ဦး ( သရက် ) ပါ ။ ကျန်အကိုတေဆီကလည်း ကျမမသိတာ အကုန်လေ့လာခွင့်ရခဲ့ပါတယ် ။

ကျမဆိုလိုခြင်တာက MSC ဟာ စတီးမစ်နဲ့ငွေအလွယ်ရရုံ မြန်မာနိုင်ငံသားတွေအတွက် ကူညီတာမျိုးအပြင် လေ့လာစရာစုံလင်စွာရှိတဲ့နေရာတခုလို ကျောင်းကြီးလိုဖြစ်တာကြောင့် မိမိမသိသေးတဲ့အရာတွေကို များစွာလေ့လာနိုင်တယ်လို့  ပြောချင်တာပါ ။

အသေးအဖွဲလေးတွေကအစ မသိတာမေးခဲ့ရင် leader ကိုယ်တိုင်က ရှင်းပြနေတော့ ကျမတော့ MSC ကို သဘောကျမိသလို MSC ရဲ့ admin တနေရာကို ကျမနေရတော့ ကျေနပ်ပီတိဖြစ်ရသလို ကျမကို ရွေးချယ်ခဲ့သော leader အကိုဟင်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့  ရိုသေစွာနဲ့ ပြောပါရစေရှင် ။

@pyaesonekhinkhin

MSC 021

Sort:  

ခုလည်း Take Noteပဲလားညီမလေး😁😁😂

မနက်ဖန် admin meeting ရှိတယ်
take note ရအူးမာဘဲ အကိုမိုးဇော်ရေ

နယ်ပယ်စုံက လူတွေစုနေကြတာဆိုတော့
ပညာစုံရတာပေါ့
steemit က

ဟုတာပေါ့ရှင့်

Unforgetable memo ....

ဟုတ်တယ်

သေ​သေချာချာမှတ်​ 😄

ဟုကဲ့

မှတ်တမ်းလိုက်ရတာ ထင်သလောက်လည်း မလွယ်ဘူး ညီမလေးရေ

ဟုတယ်မမရေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.092
BTC 62728.49
ETH 1763.30
USDT 1.00
SBD 0.39