စပ်မိစပ်ရာ …… ၎

in #myanmar6 years ago

ကျမကမန်းလေးသူဆိုတော့ မန်းလေးမြို့ရဲ့အမှတ်တရဖြစ်ခဲ့ရတဲ့ အကြောင်းလေးတွေကို ရေးပြချင်ပါတယ် ။ မန်းလေးမှာ နှစ်ရှည်စွာနေထိုင်လာခဲ့ဘူးကြသော မန်းလေးသူ မန်းလေးသားတွေလဲ သိကြပြီးဖြစ်လောက်ပါတယ် ။

ကျမဆယ်နှစ်သမီးအရွယ်ကအဖြစ်အပျက် ရီစရာတချို့ပါ ။ အဲ့ဒီတုန်းကတော့ ရီစရာအဖြစ်မဟုတ်ခဲ့ဘူး ။ တကယ်ကြောက်စရာကောင်းတဲ့အဖြစ်မျိုးပါ ။ နောက်မှ လူကြီးတွေကလဲ ပြောပြ ကိုယ်တိုင်ကလဲ စာတွေဖတ်ပြီး စဉ်းစားရင်း ရီစရာအဖြစ် ပြောစမှတ်တွင်လာတာပါ ။

မန်းလေးမှာ သတင်းအတော်ကြီးတာက ညဘက်တွေဆို ဘီလူးကြီးတကောင်က မုန့် ရောင်းချင်ဟန်ဆောင်ပြီး ကလေးတွေကိုစားပစ်နေတယ်လို့  အဲ့ဒီချိန်က သတင်းထွက်ပါတယ် ။ ကြောက်ကြတာပေါ့ ။ ကြားကြားချင်းမှာ ကျမတို့ အိမ်က ပထမဆုံးအကြောက်ကြီးတဲ့သူတွေကတော့ တီတီကြီးနဲ့ မမသက်ပါ ။ နီးစပ်ရာ ဗေဒင် / ဘုန်းကြီးနှင့် တခြားယတြာဆောင်ကြ အဆောင်လေးတွေပေးကြတာတွေကို သူတို့ နှစ်ယောက်က အကုန်သယ်လာပြီး တအိမ်လုံးကိုလည်း ပရိတ်ကြိုးတွေပတ်နဲ့ ရှုပ်နေအောင်ကို ကြောက်ကြတာပါဆို ။

ကျမက သူတို့ လုပ်ပေးသမျှ အကုန်ခံရတယ် ။ ကျမလက်နဲ့လည်ပင်းမှာကလည်း အဆောင်ကြိုးတွေကလဲ မနဲမနောဘဲ ရှုပ်ပွနေတာ ။ မန်းလေးမှာက ညဘက်တွေဆို ပြောင်းဘူးပြုတ် မြေပဲပြုတ် ဝက်မြေဥပြုတ် ပဲမြစ်ပြုတ်နဲ့ ဋ္ဌာပနာထုတ်ဆိုပြီး ရာသီပေါ်အစားအစာများကို စက်ဘီနဲ့လှည့်အော်ရောင်းတဲ့ ဓလေ့ရှိတာ ခုထိပါဘဲ ။ ခေတ်ကလဲပြောင်းလဲလာတော့ အခုရောင်းတဲ့သူတွေအများစုက ဆိုင်ကယ်တွေနဲ့ လမ်းကြိုလမ်းကြားမကျန် ဝင်ထွက်အော်ရောင်းနေကြပါပြီ ။ စက်ဘီးနဲ့ရောင်းတဲ့ တချို့သူတွေလဲရှိနေပါသေးတယ် ယခုချိန်ထိပေါ့ ။

အဲဒီမုန့်သည်တွေလို ဘီလူးက ဟန်ဆောင်ရောင်းပြီး တလမ်းဝင်တလမ်းထွက် လှည့်အော်ပြီး ကလေးတွေကိုလိုက်စားနေတာဆိုတဲ့ သူတို့ နှစ်ယောက်ဘယ်ကသယ်လာတဲ့သတင်းလဲမသိတဲ့ သတင်းတခုဟာ ကြားပြီးတပတ်လောက်ထိ ညရောက်တိုင်း မုန့် သည်အော်သံကြားရင် ကုတင်အောက်ကိုဝင် စောင်ခြုံပုန်းနေခဲ့ရတာ ကြောက်လွန်းလို့  ။

ပိုဆိုးတာက ကျမက ညတိုင်းဝယ်စားဖြစ်တဲ့အသည်ဦးလေးကြီးကို မှာထားတာက သမီးအိမ်ရှေ့ရောက်ရင် ခနရပ်ပြီး အိမ်ထဲကကြားအောင် အော်ပေးပါ ။ မသိလိုက်ရင် ဝယ်မစားရမှာစိုးလို့  မှာထားမိတာပေါ့ ။ ဈေးသည်ဦးလေးကြီးက ကျမကြားအောင်လို့  အိမ်ရှေ့ရပ်ပြီး မှာထားသလိုအော်နေချိန် ကျမတို့ကလဲ ဘီလူးများလာအော်တာလားဆိုပြီး ကြောက်ခဲ့ရတာဟာ တပတ်လောက်ကိုကြာခဲ့တာ ။ အခုတော့ ပြန်တွေးပြီး ကျမတော့ရီနေတော့တာ ။ ခုထိမရီဘဲ ကြောက်ကြတဲ့သူ နှစ်ဦးတော့ ရှိပါသေးတယ် ။

အဲ့လိုကြားဘူး ကြောက်ခဲ့ကြဘူးသူတွေ ဒီစာကိုဖတ်မိရင်တော့ ပြန်သတိရမှာ အမှန်ပါ ။ မန်းလေးတွင်သာမက တခြားမြို့တွေမှာလည်း အဲ့လိုအဖြစ်တွေရှိနေပါတယ် ။ အခုတော့ပြန်တွေးပြီးရီကြပေါ့နော် ။

FB_IMG_1520062014547.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

ဖြစ်ဖူးတယ် ငယ်ငယ်ကဆို သရဲကားလည်းကြည့်ချင်တယ် အခွေထည့်ပြီး ပြန်သွားမထုတ်ရဲတော့ဘူ

ဟားး နာ့လိုလူရှိသေးသားအေ

မုန့်သည်လည်းမနေရ ကြောက်နေရတာပဲပေါ့😁😁
ဒါနဲ့ ဝက်မြေဥပြုတ်ဆိုတာ ဘယ်လိုဟာပါလိမ့် မသိဘူး😐

လက်‌မည်းကြီးလည်း ‌ပေါ်လိုက်‌‌သေးတယ်‌‌နော်‌။

ဟုပ ကျောက်ပန်းတောင်းကဆိုလား ခ်ခ်

မမစကန်ထရီ😍😍😍
ခေးကို reward ပေးနော်😍😍🙄🙄

သရဲကားကြည့်မားဟင်😁😁

ကြည့်ဘူးဆို မမ

ကျူပ်တို့အညာမှာတော့ လူမဲကြီးဆိုတာခေတ်စားဘူးတယ်ဗျ

မန်းလေးမှာလဲ ခေတ်စားတာပါဘဲ

ရှိခဲ့တဲ့အချိန်တွေကိုတွေးပြီး ရယ်လိုက်ဦးမယ် အစ်မရယ်

ဟုကဲ့ဘဘ

မန်​​လေး မှာအလုပ်​အတူတူလုပ်​ခဲ့ဖူးတဲ့​ဘော်​ဒါ​တွေကိုသတိရတယ်

ပျော်စရာနော့

မန်းလေးမှာ ၆နှစ်ခွဲ နေခဲ့ဖူးတယ် ..
ပျော်စရာ ကောင်းတယ် ..

ဟုကဲ့ အန်တီ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51