စပ်မိစပ်ရာ … ၁
အပေါင်းအသင်းသည် တကန့် 
အလုပ်သည်အလုပ် တကန့်
ရောယှက်၍ မဖြစ်နိုင်ပါ ။ စကားပုံထဲက သလဲသီးများလို သူ့ အကန့် နဲ့သူတော့ ရှိစေချင်ပါတယ် ။
အကူအညီများစွာပေးခဲ့ဘူးသည်ကို အမှတ်မထားခဲ့ပေမယ့် တခါမကူညီခဲ့သည်ကို တသက်လုံးမှတ်သွားမလားဟု ထင်ရသော အပေါင်းအသင်း သူငယ်ချင်းများကြောင့် တခါတရံစိတ်ပျက်ရပါတယ် ။
ဘာမှမဖြစ်လောက်သော ကိစ္စအသေးအဖွဲလေးအတွက် ပုံကြီးချဲ့ကာတွေးတော စိတ်ဆိုးနေသော အပေါင်းအသင်း သူငယ်ချင်းများကြောင့်လည်း စိတ်ပျက်ခဲ့ရပါတယ် ။ စိတ်မကောင်းလဲဖြစ်ရပါတယ် ။
ကိုယ်ပိုင်မဟုတ်သော အများနဲ့လုပ်ရသည့် အလုပ်တခု အဖွဲ့တခုတွင် သတ်မှတ်ထားသော စည်းကမ်းကို လိုက်နာရမှာဖြစ်သောကြောင့် ကိုယ်ကစ၍ စည်းကမ်းမချိုးဖောက်ချင်ပါ ။ ကိုယ့်ကိစ္စအတွက်လဲ ချိုးဖောက်မှာမဟုတ်သလို သူများကိစ္စအတွက်နဲ့လဲ ချိုးဖောက်ပေးမှာ မဟုတ်ပါ ။
အရေးတကြီး သေရေးရှင်ရေးကိစ္စလဲ မဟုတ်ပါဘဲ အသေးအဖွဲမဖြစ်စလောက်နဲ့တော့ ကိုယ်ဖောက်ဖျက်မိသော စည်းကမ်းကြောင့် သူတပါးပြောဆိုတာလဲ မခံနိုင်၍ ကိုယ့်စည်း သူ့ စည်းကို ကြည့်စေချင်ပါတယ် ။
သင်သာ သူငယ်ချင်းကောင်းပီသလျှင် သင့်သူငယ်ချင်းအလုပ်လုပ်ရသော စည်းကမ်းကို နားလည်ပေး၍ ကိုယ်ချင်းစာကြည့်ပေးပါ ။
သင့်ရဲ့ အသေးအဖွဲကိစ္စတခုကြောင့် သင့်သူငယ်ချင်းသိက္ခာကျမည်ကို သင်တွေးမိပါသလား ?
photo credit # facebook
MSC 021

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်လေ အမ ကိုယ်ကောင်းရင် ကောင်းမယ် ကိုယ်မကောင်းရင် ဘယ်ကောင်းပါ့မလဲဗျ
ကိုကကောင်းပြီး သူမကောင်းတာ မတွေ့ဘူးလို့  ခုလိုစကားပြောတာပါ ကြုံလာရင်သိပါလိမ့်မယ်
စပ်မိစပ်ရာလည်း 27ထိတက်အောင်Botနိုင်တယ်
တော်ချက်
ဟာဟ ကျွမ်းစကီးလား
အကူအညီများစွာပေးခဲ့ဘူးသည်ကို အမှတ်မထားခဲ့ပေမယ့် တခါမကူညီခဲ့သည်ကို တသက်လုံးမှတ်သွားမလားဟု ထင်ရသော အပေါင်းအသင်း သူငယ်ချင်းများကြောင့် တခါတရံစိတ်ပျက်ရပါတယ် ။
စိတ်မပျက်ပါ နဲ့လေ သဘာဝဟာသဘာဝပါ
ဒါကဖြစ်တတ်တဲ့သဘော စိတ်မဆိုးနဲ့
လှတဲ့မျက်နှာလေး ပျက်သွားမှ
ဟုကဲ့ပါ အူးထွေးရေ
စေတနာ အကျိုးပြန်ပေးပါလိမ့်မယ် sister
fighting
5tin!
ဟုတ်တယ်...အစ်မရေ။
inn
လူ့စည်းဘီလူးစည်းထားသင့်တယ်ဆိုတာမျိုးပေါ့ဗျာ.
yes bro
အဟမ်း