My Birthday
ဒီနေ့က B Pyae ရဲ့ ၁၇နှစ်ပြည့်တဲ့ မွေးလ မွေးရက်ဆုံတဲ့ရက်လေးပါ ။ မိဘများနဲ့ ဆွေမျိုးများကို ကန်တော့ပြီး ဘုရားသွား ဖြစ်ပါတယ် ။ မနက်အစောဆွမ်းခံကြွလာတဲ့ သံဃာများကိုလည်း ဆွမ်းနဲ့ ဝက်သားဟင်း ဆွမ်းလောင်းကုသိုလ်ယူဖြစ်ပါတယ် ။
မဟာမြတ်မုနိဘုရားကြီးမှာလည်း ရေလှူဒါန်းခြင်း အလှူငွေထည့်ခြင်းနှင့် ခိုစာတွေလည်းကျွေးရင်း ကုသိုလ်လုပ်ခဲ့ပါတယ် ။
အတူလိုက်လာကြတဲ့ အမများနဲ့သူငယ်ချင်းများ ဆွေမျိုးများနှင့်လည်း အမှတ်တရ ဓာတ်ပုံတွေရိုက်ကြ အစားအစာတွေ အတူစားကြနဲ့ ကျမအတွက် ပျော်ရွှင်ဖွယ်ရာ မွေးနေ့ကို ဖြစ်စေလို့  ကျေနပ်မိပါတယ် ။
ကျမအတွက်ဆုတောင်းပေးကြသော အားလုံးသော မိတ်ဆွေများကိုလည်း ကျေးဇူးတင်မိပါတယ် ။
ကျမမွေးနေ့အတွက် ဒီနှစ်အမှတ်ရဆုံး တခုကိုလည်း ကျမအတွက်ဖြစ်စေခဲ့တာလဲကြုံရလို့  ကျမမေ့မယ်မထင်တော့ပါဘူး ။ အရာရာအတွက် ဖြစ်လာသမျှကို ကျမရင်ဆိုင်ရမှာမို့  အဆင်သင့်ပြင်ထားပါတယ် ။ ထူးထူးခြားခြား အမှတ်တရလို့ ဆိုလို့ ရတာပေါ့နော် ။
ကျမနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ဘေးခနထားပြီး သူငယ်ချင်းမိတ်ဆွေများအားလုံးကို ယနေ့ယခု ကျမပြုခဲ့သော ကုသိုလ်ကောင်းမှုအဝဝကိုလည်း အမျှပေးဝေလိုက်ပါတယ်ရှင် ။
ကျမရဲ့တခုတည်းသောတောင်းဆုကတော့ နောက်ဘဝ ဘဝတွေဆိုတာရှိခဲ့ရင် ကျမနဲ့အတူ မိဘ၂ပါးစုံလင်လျှက် မောင်နှမတတွေ တစုတဝေးထဲ နှစ်တွေကြာမြင့်စွာ နေထိုင်သွားရပါလို၏ ဆိုတဲ့ ဆုတောင်းလေးပါ ။
MSC 21
ပျော်ရွှင်စရာ နေ့လေးတစ်နေ့ဖြစ်ခဲ့ရပြီပေါ့ဟုတ်
ဆုတောင်းလေးလည်း ကောင်းမွန်ပါတယ်ဗျာ။
မွေးနေ့ရှင်ရဲ့ဆုတောင်းလေးလည်းပြည့်ဝနိုင်ပါစေဗျာ။
thank you bro
me too ; love you Ko Ko
thank for your wish
အဲ့လိုလေး နေကြပါအေ။
ဘယ်လောက် စိတ်ချမ်းသာပြီး ပျော်ဖို့ကောင်းတုန်း
😊
လူပျိုကြီးရဲ့ အားကျကောမန့်.. :P
အခုထသတ်တာပဲ 😕
Happy Birthday ပါနော်
ဟုတ်ကဲ့ ကျေးဇူးပါ
ဘ၀အဆက်ဆက် မိဘ၂ပါးစုံလင်လျှက် မောင်နှမတတွေ တစုတဝေးထဲ နှစ်တွေကြာမြင့်စွာ နေထိုင်သွားရပါစေဗျာ
thank you ပါ
အူးလေးရေ ကျေးဇူးပါရှင့်
ဟုခက်ဘာဗျ ပျော်ရွှမ်ပါစေခွယ်
Happy Birthday ပါမမစကပ်ထီ😍😍
thank you chitsone
happy birthday ပါ ညီမရေ သက်ဆုံးတိုင်ကျန်းမာပျော်ရွင်စွာမိမိချစ်ရသူများနှင့်အတူနေထိုင်သွားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်
ကျေးဇူးပါ
HBD lovely sister
thanks sis
မွေးနေ့လက်ဆောင်ဘုပ်တချက် ပေးပါအိ
ကျေးဇူးတင်ပါ၏
ညီမ အငယ်ဆုံး အချောဆုံးလေး မွေးနေ့မှာ ပျော်ွှင်ပါစေ ညီမလေးရေ😊😊
ကျေးဇူးပါမမရေ