ရေးမိရေးရာ ……
မိုးလေးက အုံ့ 
သွားလေးက ကိုက်
လေလေးကပါ တိုက်တော့
အသဲကွဲလို့  ခံစားရတာလည်း မိုက်
ဟော … မီးလေးကပျက်ပြန်
ဒီမှာလေ … ရင်တခုလုံးဗြောင်းဆန်
အခန်းထဲက စိတ်ပြေလက်ပျောက်ထွက်လိုက်ပါတယ်
သစ်ခွပင်တွေ ရှဥ့်က ကိုက်နေတာမြင်လိုက်တော့
အနီးရှိတဲ့ ခဲနဲ့ထုလိုက်တာ
ရှဥ့်ကိုလဲ မမှန် သစ်ခွအိုးလဲပြုတ်ကျပြန်
ဆူဆူညံညံအသံကြားတော့
မွေးစားသမီး ခွေးတွေတပြုံကြီးက
ဘုမသိ ဘမသိ ထွက်ဟောင်
ယောင်တောင်တောင် ဟိုဒီကြည့်ပြီး ဘာမှလဲမမြင်ရော
ဟောင်တာရပ်ပြီး အရှက်ပြေ အိမ်ရှေ့နဲ့အိမ်နောက် ပတ်ပြေးပြီးဆော့နေလိုက်ကြတာ
ကိုယ်တယောက်ထဲ ခါးထောက်လျှက် ကျန်
မထူးပါဘူးဆိုပြီး စိတ်တိုလက်စနဲ့
ပြုတ်ကျနေတဲ့ သစ်ခွအိုးကိုပိတ်ကန်
ဆုံးပြန်ပေါ့ သုံးသောင်းတန်
မာမီက ဆူ
ခွေးတွေကနားပူ
ကိုယ့်အခန်းပြန် နေရာယူ
နေရာမှန် ပြန်ရောက်သွားသူ
B Pyae ဆိုတဲ့ အူဝဲလိုလူ
အဆင်မပြေတာတွေ များလွန်းလို့  အရေထူ
မိုးအုံ့ချင် အုံ့
လေတိုက်ချင် တိုက်
ဂရုမစိုက်တော့ဘူး ခပ်မိုက်မိုက်
လောကကြီးကို အရွဲ့တိုက်
👉👉 အဲ့ဒါ B Pyae စရိုက် 👈👈
MSC 021
https://steemit.com/@a-0-0
ဖြစ်တတ်တဲ့သဘောလေးတွေကိုတော့...
ဆက်ဆိုပါအုံးရှင့်
ဖြစ်တတ်ပါတယ်တိုက်ဆိုင်လိုက်တာနော်ဖြစ်လိုက်ရင်မိုးထဲလေထဲပဲတန်းကိုစီနေတာပဲကီးညှီစရာမလိုဘူးအတန်းလိုက်လာတတ်တယ်
ဟားး
ငှယ့်
ဒါလည်း post ဖြစ်တာပဲ
ခိခိ
😁😁😁
ရေးတက်တော့လည်းစာဖြစ်သွားတာပဲ
စာမဖြစ်တော့လည်း စာထက်ပိုကြီးတဲ့ ဇီးကွက်ဖြစ်တာပဲ😂
ဟားး