တွေးကြည့်ပါ

in #myanmar8 years ago

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်တော့ ရှိတတ်ကြတာပါဘဲ ။

  • ပြောလို့ မရတဲ့အကြောင်းအရာတွေ

  • ပြောလို့ ရပေမယ့် မသင့်တော်တဲ့အကြောင်းအရာတွေ

  • ပြောလို့ ရတဲ့အကြောင်းအရာတွေ

  • ပြောလို့ ရပေမယ့် ကိုယ့်သိက္ခာအတွက် မပြောသင့်တဲ့ အကြောင်းအရာတွေ

အမျိုးမျိုးရှိတတ်ကြပါတယ် ။

2091742_S.jpg

crd image source

အဓိက တရားခံကတော့ ကိုယ်ပါဘဲ ။ ကိုယ်ပြုလုပ်ခဲ့သမျှတို့ သည် ကောင်းလို့ ဘဲဖြစ်ဖြစ် ဆိုးလို့ ဘဲဖြစ်ဖြစ် ကိုယ့်ကိုတန်ဘိုးတူတဲ့ တုန့်ပြန်မှုဟာ အချိန်တန်ရင် မလွဲမသွေ ကိုယ်ရရှိမှာပါ ။

  • ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ။

  • မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ။

  • ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်ပြန်လာမှာပါဘဲ ။

မည်သူကမှတော့ မကောင်းတာကို ဖြစ်လိုတဲ့ဆန္ဒရှိကြမှာ မဟုတ်ပါဘူး ။ အခန့် မသင့်လိုဘဲ မကောင်းတာကို ဖြစ်ချင်ဖြစ်သွားမယ် ။ အကြောင်းတခုခုအတွက် ဒါမှမဟုတ် ခံစားရမှုတခုခုအတွက် မကောင်းတာကို မကောင်းတာသိရက်နဲ့ အရွက်တိုက်လုပ်ချင်လုပ်မယ် ။ ပင်ကိုယ်ဆန္ဒကတော့ မကောင်းတာကို ဘယ်သူလိုလားမလဲလေ ။

2091735_S.jpg

crd image source

မကောင်းတာလုပ်တဲ့သူတွေကိုလည်း သူတို့ မကောင်းကြဘူးဆိုပြီး အများက ပစ်ထားတာကြတာမျိုးလည်း ရှိနေကြတတ်ကြပါတယ် ။ ပစ်ပယ်ရုံမကဘဲ မတူမတန်သလို အမူအရာတွေနဲ့ စကားအသုံးအနှုံးတွေသုံးကြပြီး တဖက်ရဲ့ မှားနေတဲ့ မကောင်းမှုကိုအကြောင်းပြပြီး ထင်တိုင်းမပြောသင့်ပါဘူး ။

  • မှန်တာကိုပြောတာတော့ မှန်ပါတယ် ။

  • မှန်တိုင်းလည်း ပြောသင့်သလား စဉ်းစားပါ ။

  • မှန်တာပြောလို့  ရွာပြင်ထုတ်ခံရတယ်ဆိုတဲ့ ဥပမာစကားကို သတိရပါ ။

  • သူ့ နေရာနှင့်သူ ပြောဆိုတတ်မှသာ သင့်တော်မှာပါ ။

2091720_S.jpg

crd image source

မိမိမှန်တိုင်းပြောဆိုလိုက်သောစကားသည် တဖက်သားအတွက် ဘယ်လိုရှိမယ်ဆိုတာကို မှန်တိုင်းဖိပြောနေသည့်လူများ နားလည်နိုင်ကြပါစေ ။

3172569_S.jpg

crd image source

@pyaesonekhinkhin

MSC 021

Sort:  

မှတ်သားစရာ အချက်များပါဗျာ။ အနှစ်သာရပါတဲ့ အတွေးစာစုလေးတွေပါပဲ။

ကျေးဇူးပါ

ဟုတ်​တယ်​ မှန်​တယ်​ ဆို​ပေမယ့်​ ဘယ်​သူ့မှာမှ အကျိုးမရှိရင်​ မ​ပြောတာ.အ​ကောင်းဆုံးလို့ ထင်​မိပါတယ်​ မ Pyae ခင်​ဗျ ..

ဟုကဲ့ရှင့်

right! တော်တေသာမီး

ဟုတယ်နော့ အူးလေး

https://steemit.com/myanmar/@chitsone/ekh-ne-duyangthi

မမစကန်ထရီ ဒူးရင်းသီးချား😊😊

I will upvote and resteem your last blog post to my 36,000+ followers for free if you reply to this comment. Follow @a-0-0

မှန်​တာ​ပေါ့ကို့အ​ကြောင်းကိုသူများကိုဘယ်​လို​ပြောပြလို့ရမာလဲ

Thank u so much bro for the important informative post bro.. Really it contains many important thigs to know.

me too bro
thanks for reading for my post

most welcome bro!

Good မှန်တယ်ဆိုတိုင်
တစ်ဖက်သာမှာထိခိုက်ရင်
ကိုယ့်အတွက် အများအတွက် အကျိုးမရှိရင်
No ပါ

ူးထွေးလဲတော်တယ်

မှန်ပါတယ် bro။မှန်တိုင်းလည်းမပြောသင့်ပါ။(အပေါ်မှာ broလို့ခေါ်ထားတာတွေ့လို့။

ဟုပ ဟားး

အစားမတော်တလုတ်၊အသွားမတော်တစ်လှမ်း၊အပြောမတတ်တော့ဆဲသလို၊အဲ နာရေးတာမှန်လား မယ်ပြည့်။

မှန်ပါ့တော် ဇာမဏီသိုင်းဂိုဏ်းချုပ်ကြီး တော်တယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64799.28
ETH 1861.42
USDT 1.00
SBD 0.38