အေးရာအေးကြောင်း … ၁
ကိုယ်လုပ်မိတာတွေက ခုတလောမှာ အလွဲလေးတွေရှိလာခဲ့တယ် ။ တခုလွဲရင်း တခုထပ်လုပ်ရင်းနဲ့ လွဲလာလိုက်တာ အလွဲလေးတွေအတော်များလာခဲ့ပါတယ် ။
လွဲနေတဲ့အရာတွေဟာ ဘာကြောင့်လဲဆိုတာ သုံးသပ်ရင်း ကိုယ့်အတွက် သင်ခန်းစာအသစ်တွေရခဲ့လို့  ဆင်ခြင်စရာအသစ်တွေလဲ သိလာခဲ့ရတယ် ။
ကိုယ်လွဲခဲ့လို့ ဆုံးရှုံးရတာဟာ ကိုယ်ပြန်ကြိုးစားလို့  ရတဲ့အရာလား ?
ကိုယ်ပြန်ကြိုးစားလို့  မရတဲ့ဆုံးရှုံးမှုလား ?
ဒီ ၂ချက်ကို သေချာအဖြေရှာခဲ့ပြီး ကိုယ်ဘယ်လိုကြိုးစားပြီး ပြန်ယူရမယ်ဆိုတာကို နည်းလမ်းရှာဖွေထားတာပေါ့ ။ ဒီလိုဆုံးဖြတ်ပြီးသကာလ စိတ်ကိုအရင်အနားပေးလိုက်ပါတယ် ။
မနေ့က မနက်ခင်းမှာ Ocean Market ကိုသွားပြီး စားစရာရှိတာစားပြီး အလည်သွားလိုက်တယ်လေ ။ မန်းလေးရဲ့ညနေက တအားပူပေမယ့် နန်းတွင်းထဲက မြနန်းစံကျော်ရွှေနန်းတော်ကိုလည်း အလည်တခေါက်ထပ်သွားဖြစ်တယ် ။
ည၇နာရီလောက်မှာ နန်းတွင်းကအပြန် မန်းသူမန်းသားတို့  ညခင်းမှာ လေညှင်းခံရင်း ဘုရားလည်းဖူးတတ်ကြသော ကျောက်တော်ကြီးဘုရားနဲ့ကုသိုလ်တော်ဘုရားကို သွားခဲ့ပါသေးတယ် ။ အိမ်ကမိသားစုနဲ့ အစ်မဝမ်းကွဲတွေပျော်ပျော်ပါးပါး ဘုရားဖူးရင်း လေညှင်းခံရင်း ဓာတ်ပုံရိုက်ရင်းဆိုပါတော့လေ ။
စိတ်အပန်းဖြေပြီးရင်တော့ ကိုယ်ဆက်လုပ်စရာရှိတဲ့အလုပ်ကို ကိုယ်စီကိုယ်ငှ ပြန်လုပ်ကြဘို့  တိုင်ပင်ပြီး sunday ထိ လည်ပတ်အနားယူဘို့  သဘောတူလိုက်ကြတာ ။ monday မှ ပြန်လည်ပြီး လုပ်စရာရှိသည်တို့ ကို စိတ်ဝင်တစားလုပ်တော့မယ်လေ ။
B Pyae ရဲ့ တရက်တာ အေးရာအေးကြောင်းလေးက ဘုရားဖူးပြီးကုသိုလ်လဲယူတယ် ။ လေညှင်းခံရင်း အအေးသောက်တယ် ။ ပျော်ရွှင်စွာ တရက်တာ ဖြတ်သန်းခဲ့ပါတယ် ။
MSC 021
https://steemit.com/myanmar/@hnineikhaing/myaing-charity
@hnineikhaing
အေးချမ်းသာယာနေပါလား မယ်ပြည့်လေး
မမရေ အိမ်ကပ်နေရင် bot မိနေတာ အရှုံးချည်းဖြစ်နေတာ ဈေးကျတော့
https://steemit.com/myanmar/@chitsone/ethyakhngtyaane-skawundefinedngae-kang-apundefinedng-2
မမစကန်ထရီ ဘုတ်ပေး😍😍
မမစကန်ထရီ်. ခေးပိုစ်ဆီကိုလည်းအလည်လာပါအုးံ
inn လာမယ်ခေး
စိတ်လက်ပေါ့ပါးစေသတည်း။
ဟုကဲ့