ဒိုင်ယာရီ……… ၁၁

in #myanmar7 years ago

တခါတလေပေါ့
ကိုယ်ဘာလုပ်လုပ် အကောင်းမမြင်တဲ့ လူတချို့ရယ်
ကိုယ်ဘာလုပ်လုပ် မအောင်မြင်တဲ့ ကိုယ့်အဖြစ်တွေရယ်
ကိုယ်ဘာလုပ်လုပ် နှိမ့်ချနေတဲ့ ကိုယ့်ချစ်သူရယ်
ကိုယ်ဘာလုပ်လုပ် တားမြစ်နေတဲ့ ကိုယ့်မိသားစုတွေရယ်
သူတို့ အားလုံးတွေနဲ့ဝေးရာ တခြားတနေရာမှာ
ပုန်းအောင်နေထိုင်သွားတော့မယ်လို့  စိတ်ကူးအသစ်တွေ မွေးခဲ့မိတယ် ……

တခါတလေပေါ့
ကိုယ့်ကို တစိမ်းတွေက အားပေးကြရင်
ကိုယ့်ကို မဆိုင်သူတွေက ချီးမြှောက်ကြရင်
ကိုယ့်ကို တခြားပတ်ဝန်းကျင်က ကြိုဆိုကြရင်
ကိုယ့်ကို မသိတဲ့သူတွေက နားလည်ပေးကြရင်
သူတို့ အားလုံးနဲ့ပေါင်းစုရင်း ကိုယ့်ဘဝတိုးတက်ရေးအတွက် ကြိုးစားသွားရမယ်လို့ 
စိတ်ကူးတွေ ယဉ်ခဲ့ဘူးတယ် ……

တခါတလေပေါ့
ကိုယ်လိုချင်တာက တခြား
ကိုယ်ရတာက တခြား
ကိုယ်ဖြစ်ချင်တာက တခြား
ကိုယ်ဖြစ်နေတာက တခြား
ကိုယ်ထင်တာက တခြား
သူတို့ မြင်နေတာက တခြား
သူတို့ အထင် သူတို့ အမြင်မှာ
ကိုယ်ဖြစ်ချင်တာ ကိုယ်ရချင်တွေဟာ အလကား
အသုံးမကျသူတယောက်လို ကိုယ်ဖြစ်နေခဲ့ရတယ် ……

@pyaesonekhinkhin

MSC 021

မည်သူ့ မျှမရည်ရွယ်ပါ ။ စိတ်ကူးယဉ်သက်သက်ရေးဖွဲ့ခြင်းဖြစ်သည် ။

Sort:  

ခုချိန်မှာတော့နားလည်အုံးမှာမဟုတ်ဘူး :)

နားကမလည်ပါ နားထင်နားကပ်နေတာကို

လှည့်ပေးမယ်

စိတ်ဓာတ်မကျပါနဲ့ ဘဝဆိုတာ တိုက်ပွဲတခုပါ. အောင်မြင်မှုတွေဆွတ်ခူးနိုင်ဖို့ သဘာဝကပေးတဲ့သင်ခန်းစာတွေကို အကောင်းမြင်စိတ်နဲ့လက်ခံပေးတတ်ဖို့ပဲလိုပါတယ်ဗျာ

ဒီလိုပါပဲ​လေ

ကိုယ်​ဖြစ်​ချင်​တဲ့ အရာကို ဖြစ်​​အောင်​လုပ်​ပြစ်​လိုက်​ ​နောက်​မှာ လက်​ခုပ်​သံ​တွေ ​ရောက်​လာမှာပါ

Be patient sis

စာသားလေးတွေ အရမ်းကောင်းတယ်ညီမငယ်

ကျေးဇူးပါ

တခါတလေပေါ့လေ
ကိုယ့်ကိုနားလည်းပေးပါမယ်ဆိုတဲ့သူတွေက
နာလည်ပေးမှုအနည်းဆုံးသူတွေ ဖြစ်နေတတ်တယ်::::---:::==::!!

တခါတလေ မဟုတ်ပါဘူး
အမြဲတမ်း ဖြစ်ဖြစ် ဆယ့်တမီးငြိမ်းစေချင်ပါတယ် အေ ...
But life is like this.

ဗြဲ မခံစားနိုင်ဘူးဂျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67401.36
ETH 2611.38
USDT 1.00
SBD 2.68