ဘယ်သူတွေခေတ်နောက်ကျနေလဲရှင်

in #myanmar7 years ago (edited)

ရေးတင်ချင်တာက စတီးမစ်ရွာအပိုင်းဆက်ပါ ။ ရေးတင်ဖြစ်သွားတာက လတ်တလော၂ရက်အတွင်း ခေတ်စားသွားတဲ့ Zappl application မှာ steemit post တင်ကြတဲ့ Myanmar နိုင်ငံက steemit လုပ်ကိုင်ကြတဲ့သူတွေအကြောင်းပါ ။ ကျမအပါအဝင်ပေါ့ ။

Zappl မှာ post တင်ရင် ကျမတို့ အရင်တင်နေကျ application ဖြစ်တဲ့ esteem လိုပါဘဲ post ကို application နဲ့ ပတ်သက်သူက လာပြီး vote ကြပါတယ် ။ esteem မှာဆို ကျမတို့ မြန်မာတွေခေါ်နေတဲ့ good karma လို Zappl မှာတော့ zappl ပေါ့ လာဘုတ်ကြပြီး esteem ကလာဘုတ်တာထက် zappl လာဘုတ်တာဟာ လောလောဆယ်မှာ ပိုရနေပါတယ် ။ ပျမ်းမျှအားဖြင့်တော့ 1.3$ ကျော်ဖြင့် esteem က တနေ့ တခါ post တင်လို့ တောင် ဘုတ်မှာမသေချာပေမယ့် zappl မှာတော့ တနေ့ ၎ကြိမ်ထိ ဘုတ်ပေးသွားတာ မနေ့ ကတွေ့ရပါတယ် ။

မြန်မာတွေထဲမှာတင် လက်တွေ့ရသွားတဲ့သူတွေ မြင်နိုင်ပါတယ် ။ ဒီနေ့ မနက်မှာတော့ ကျမနဲ့ MSC က အကိုတွေက သိလာပြီး ကျမတို့ လဲလိုချင်ကြတော့ အစမ်းတင်ကြပါတယ် ။ တကယ်လဲ 1.3$ ကျော်နဲ့ zappl က လာဘုတ်ပါတယ် ။ Zappl ရဲ့ ထူးခြားချက်က စာအများကြီးရေးတင်စရာမလိုတာပါဘဲ ။ ကျမတို့နဲ့အကိုက်ပေါ့ ဟီးးး ။

မနေ့ က သူများတွေ post 4 ခု 1နာရီ 2 နာရီခြား ဆက်တိုက်တင်တာကို zapple ဘုတ်သွားတော့ ဒီနေ့ လည်းလာဘုတ်မလားဆိုတဲ့အတွေးနဲ့ post တွေထပ်တင်ကြပါတယ် ။ လာဘုတ်တော့လဲအမြတ်လေ ။ ဒါပေမယ့် ထင်သလိုမဟုတ်တော့ဘဲ လာမဘုတ်တော့ဘူး ။

zappl မှာက esteem လို မြန်မာလိုရေးတင်လို့  ဖတ်မရတဲ့ လက္ခာတွေပေါ်တာဆိုတော့ English လို တတ်သူရော မတတ်သူရော ဖျစ်ညှစ်တင်ကြတာပေါ့ရှင် ။ ကျမအမက အစ zapple မှာ 2 နာရီခြားပြီး နောက်တပုဒ်ထပ်တင်လို့  ကျမက တားရပါတယ် ။ zappl မှာမတင်ခင် ကျမခနဖတ်ကြည့်တော့ အရင်တင်ထားသူတွေကို လာမဘုတ်တာတွေ့ရပါတယ် ။ ဒီတော့ ကျမထက်စာရင် ကျမက steemit ကိုပိုနားလည်သူပီပီ ဆရာလုပ်ပြီး ပြောရတာပေါ့ ။ ရမ်းတင်မနေနဲ့ မဘုတ်တော့ဘူးဆိုပြီး တားပါတယ် ။ သူ့ အဖြေကလဲရှင်းနေရော့ စနေနေ့မို့ လို့ သူနားတုန်းတင်တာတဲ့လေ ရုံးဖွင့်ရက်တွေဆို တနေ့ ၂ပုဒ်မပြောနဲ့ တနေ့ တပုဒ်တောင် တင်နိုင်ပါဘူးအေတဲ့ ။

အော် …… တိုက်ဆိုင်လိုက်တဲ့ စနေနေ့ ရယ်လို့  ကျမပြန်ပြောပြီး သူ့ ကို စသလိုနဲ့ပြောလိုက်တာက မနေ့ ကလဲသောကြာနေ့ညလေ အားရဲ့သားနဲ့ဘာလို့  steemit ကို မလေ့လာဘဲ နေလဲ သူများတွေ zappl မှာတင်တာ မနေ့က မမသာဖတ်မိရင် ညကထဲတင်ရင် တင်သလောက်လာဘုတ်မှာလို့  စ လိုက်ပါတယ် ။

ဒီတခါသူ့ အဖြေကလဲရှင်းရှင်းလေးပါဘဲ ။ အဲ့ဒါနင်အ လို့ တဲ့ ။ MSC ကလူတွေ zappl မှာ တင်နေတာ သူတို့ရနေတာ နင့်မသိလို့  နင့်ကိုမပြောကြလို့  နင်ရောငါရော မသိတာတဲ့ ။ မြန်မာအချင်းချင်း တကဟ်ဆို သေချာရနေတာမှန်ရင် လက်တို့ ရမှာကို ကိုယ်ဘုတ်ပေးရတာလဲမဟုတ်ပါဘဲ ကြိတ်တင်နေတော့ မြန်မာတွေအားလုံးမရတာပေါ့တဲ့ ။

အော် …… မမပြောတာလဲ ဟုတ်တာပေါ့လေ ဆိုပြီး အသာနေခဲ့ရတယ် ။ ရှင်းနေတာဘဲ ဘာမှပြန်ပြောစရာမရှိတော့ တခါလာဘုတ်ပေးတဲ့ zappl ကိုဘဲ ကျေးဇူးတင်မိတော့တယ် ။ လာမဘုတ်ရင် ခေတ်နောက်ကျနေမှာမို့ ပါ ။ ခုတော့ zappl လာမဘုတ်တော့လို့  ဘယ်သူတွေခေတ်နောက်ကျနေလဲဆိုတာ စပ်စုလိုက်ပါအုံးမယ်ရှင် ။

@pyaesonekhinkhin

MSC 021

Sort:  

ပြီတော့မှ အကောင့် ဝင်မရတော့ဘူး၊ password ဘယ်သူချိန်သွားလဲ မသိဘူး မပြောနဲ့နော်....

ဟိ နောက်မတင်တော့ပုကိုကြီး

ပြောပြောကစောပါလား ဟယ်

ကျမလဲ ဒီမနက်မှသိရတာ သိပီးတခါဘဲ ရလိုက်လို့  မပြောတော့တာပါ ။

Zapplဆိုတာဘာမှန်​​တောင်​မသိ​သေးပါဘူးခင်​ဗျာ

တကယ်လား

စမ်းတင်ကျိထားပါတယ်Zapplမှာ

လာဘုတ်လား ! မပေးတော့ဘူးနော်

မပေးတော့ဘူးရယ်

အို ...
အဲ့ဆို ... သားက ခေတ်နောက်ကျ သွားပြီပေါ့ ကွာ

ဟုတယ်သားရေ

နောက်ခါတင်ရင် 6.5$ နဲ့ ဘုတ်ပါစေ
$$$$

အွံ

တင်ချင်ပါသော်လဲ acc တခုပဲ ရှိတဲ့ ဘဝ လေးမို့ ငြိမ်နေရပါတယ် ပါသွားရင် ကုန်မှ

ဟောဂျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63476.24
ETH 2487.86
USDT 1.00
SBD 2.68