အိမ်မှာမွေးထား တိရိစ္ဆာန်လေးများ

in #myanmar7 years ago (edited)

တိရိစ္ဆာန်ချစ်တတ်သော B Pyae ရဲ့မောင်လေးအကြောင်းကို ရေးပြရအုံးမယ် ။ မိမိကိုယ်ကို သုံးသပ်ရတာလဲ ကြာတော့ငြီးငွေ့လာပြီ ။

IMG20171231140317.jpg

  • ရာသီဥတုရဲ့ အပူဒဏ်ကြောင့်ကတမျိုး

  • ဒီရက်ပိုင်း မီးခနခနပျက်နေတာကတမျိုး ( ထရန်စဖော်မာ ပျက်လို့ ပြင်တာပါတဲ့ )
    ချစ်သူနဲ့အဆင်မပြေတာကတမျိုး

  • steem နဲ့ sbd ဈေးတက်ချိန်မှာ ကိုယ့်မှာမရှိတာကတမျိုး

  • ဒီကြားတဲ့ သင်္ကြန်တရက်ရေထွက်ပက်မိတာ ဖုန်းပျက်တာကတမျိုး

အဲ့လိုအမျိုးမျိုးသော ဒုက္ခတွေကြောင့် အေးရာအေးကြောင်း နေမယ်စိတ်ကူးပြီး မောင်လေးမွေးသမျှ တိရိစ္ဆာန်တွေနဲ့ အစာကျွေးလိုက် စကားပြောလိုက်လုပ်နေလိုက်တော့တာ ။

IMG20180421094102.jpg

စကားပြောတယ်ဆိုတာကတော့ သူတို့ လေးတွေနဲ့ကိုယ် နှစ်ဦးနှစ်ဖက်နားလည်မယ်ယူဆထားတဲ့ စကားတချို့ကို ဆိုလိုတာပါ ။ တော်ကြာ တိရိစ္ဆာန်စကားတတ်လား အကပ်မေးမှာလဲစိုးရသေးတယ်ရှင့် ။

အိမ်မှာက တအိမ်လုံးလိုလို တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့အကျင့်ရှိကြတဲ့အတိုင်း အိမ်မှာမွေးထားကြတာ အစုံဆိုပါတော့ ။ ကျမပြောတာနဲနဲများသွားတယ် ။ ဆင်တွေကျားတွေမိကျောင်းတွေတော့ မပါဘူးနော် ခ်ခ် ။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ဆိုလိုတာပါ ။

received_879275448918973.jpeg

အိမ်မှာမွေးထားတာတွေက ခွေး ကြက်တူရွေး ရှဥ့် ဟမ်းစတား ငါးတို့ ပေါ့ ။ မွေးထားသမျှ သူတို့ လေးတွေကလည်း လူစကားမပြောရုံဘဲရှိတယ် တအားကိုလည်ကြ နားလည်ကြပါတယ် ။

သားရေလို့ ခေါ်လိုက်တာနဲ့ ကြက်တူရွေးဖြစ်တ့ဲကိုရွှေဂဲက တဂစ်ဂစ်ထအော်တတ်ပါတယ် ။ နောက်တခါ တကျွတ်ကျွတ်နဲ့ မနာလိုပြီး ဆူညံနေအောင်ထအော်တတ်တဲ့အကောင်ကတော့ ရှဥ့်ပါ ။ ရှဥ့်နာမည်ကို မာမီက သားရှဉ့်လို့ လဲခေါ်ပါသေးတယ် ။

IMG20180421093044.jpg

နာမည်မတပ်ဘဲ သားရေလို့ ခေါ်လိုက်တော့ ကြက်တူရွေးနဲ့ရှဉ့် အလုအယက်ထူးကြတော့တာပါ ။ ဒါကို မာမီကသဘောကျပြီး တမင်ခေါ်နေခဲ့တာ ။ အဲ့လိုခေါ်တိုင်းလည်း အလုအယက်ပါဘဲ ။ မာမီက သားငယ်လေး သားရှဥ့်လို့ ခေါ်လိုက်ရင်တော့ ကြက်တူရွေးဖြစ်တဲ့ ကိုရွှေဂဲက သူ့ မခေါ်တာသိလို့  လှည့်တောင်မကြည့်ခဲ့ပါ ။ ဒီလိုပါဘဲ သားငယ်ကိုရွှေဂဲလေးလို့  ခေါ်လိုက်ရင်လည်း သားရှဥ့်က လှည့်မကြည့်ပါ ။ အဲ့လိုနားလည်နေကြတဲ့သူတွေပါ ။

IMG20180421093234.jpg

ဆက်ရန် ……
@pyaesonekhinkhin

MSC 021

Sort:  

ဟုတ်တယ် သနားစရာလေးတွေပါ

ချစ်စရာလေးတွေ....
သူတို့လေးတွေက ကိုယ့်ကိုနာကျင်အောင်မလုပ်ဖူးလေ

ဟုတယ်

ဟီး တိရိစ္ဆာန်တော့ ချစ်တတ်ဘူး

ချစ်တာထက် သနားတာပါ

အဲဒီအ​ကောင်​က​လေး​တွေအကုန်​လုံးကိုချစ်​ပါ့

ဟုတ်

ဖုန်းကို ရေစိမ်ခံဖုန်းဝယ်ထားပါ။ ဖိုးဖိုးကတော့ ရှဥ့်ကို ဘီယာတိုက်မွေးထားတာ အနားကမခွာတော့ ကြောင်ကခုတ်သွားတော့ ပြီးပါလေရော။

ကြောင်မမွေးပုအဖိုး သူနဲ့မတည့်ဘူး ခ်ခ်

စုံနေရောပဲမွေးထားတာ😂😂

ဘာပုလို့ လားအေ

You got a 1.64% upvote from @postpromoter courtesy of @komoezaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.22
TRX 0.25
JST 0.039
BTC 95470.30
ETH 3313.37
USDT 1.00
SBD 3.15