အမေတို့ရွာ

in #myanmar6 years ago (edited)

FB_IMG_1508099222808.jpg

photo credit # facebook

နေ့စဉ်မိသားစုစားဝတ်နေရေးကို ရှာဖွေနေတဲ့အမေ့အကြောင်းလေး တစိတ်တပိုင်းလေးကို ရေးရအုံးမယ်ရှင် ။

တောသူဆိုတော့လည်း အမေက သူ့ဝါသနာကိုမစွန့်နိုင်ဘူး ။ မန်းလေးနဲ့သိပ်မဝေးတဲ့ မြစ်ငယ်အရှေ့ဘက်မှာရှိတဲ့ သလင်းကြီးရွာမှာ ခြံလေးဆီ အားရင်းပြန်တတ်ပြီး စိုက်တဲ့ပျိုးတဲ့အလုပ်ကို သွားလုပ်တတ်တာ ။

တရွာလုံးလိုလိုက သံပုရာပင် ရှောက်ပင်နဲ့ သရက်ကို အဓိကထားစိုက်ကြပြီး ငှက်ပျော သင်္ဘော ဟင်းသီးဟင်းရွက် အသီးအနှံရာသီပေါ် လိုက်ပြီး စိုက်ပျိုးကြပါတယ် ။ အမေ့ခြံလေးထဲမှာကလဲ အဲ့ဒီအပင်တွေဘဲ စိုက်ပျိုးထားပါတယ် ။ အမေမန်းလေးမှာနေတဲ့အချိန်တွေမှာ ရွာက အမျိုးတော်စပ်သူက ခြံကိုစောင့်ရှောက်ပြုစု ကူပေးပြီး ခြံထဲက တဲကလေးမှာ နေကြတာပေါ့ ။

ထွန်ယက်တဲ့အလုပ်ကိုတော့ နွားများ စက်များ သုံးကြပြီး ရွာနဲ့နောက်က ဒုတ္ထဝတီမြစ်တည်ရှိနေတော့ ရေသွင်းရင် အဲဒီမြစ်ကနေ စက်နဲ့စုပ်ပြီး လယ်ရေသွင်း ခြံရေသွင်းကြပါတယ် ။

ရွာကို မဝင်ခင် တောင်အင်းမြောက်အင်းဆိုတဲ့ရွာ ကိုတွေ့ရမှာပါ ။မန်းလေးနေထိုင်တဲ့သူအများစုကတော့ ဒီနာမည်နဲ့ မစိမ်းလောက်ပါဘူး ။ ဘာလို့လဲဆို အဲ့ရွာမှာက နာရေးမီးသင်္ဂြိုလ်စက်တည်ထားတော့ လူမှုနာရေးပို့ ရတိုင်း ရောက်လေ့ရှိလို့ပါဘဲ ။

IMG_20180219_100038.jpg

အမေရွာပြန်လို့ ဒီတခေါက်ကျမလိုက်ဖြစ်တော့ ရွာ၃ရွာလောက်ကို ပတ်သွားပြီး တောင်အင်းမြောက်အင်းရွာကို မဖြတ်ဖဲ သွားခဲ့တာ သရဲကြောက်တတ်လို့ လေ ။ ဆိုင်ကယ်နဲ့သွားတာဆိုတော့ နေကလဲပူ ဖုန်ကလဲထူ ရွာလမ်းတလျှောက်က လက်ပံပင်ကြီးတွေက ရဲပြီး အပွင့်တွေကြွေနေတာကလဲ လှမှလှ ။

ခနရပ်ပြီး ရှု့ခင်းတွေနဲ့လယ်ကွင်းတွေရေသွင်းနေတာကြည့်ရင်း လက်ပံပင်ကြီးနား ဓာတ်ပုံရိုက်အုံးမှစိတ်ကူးရပီး လက်ပံပင်ရှိတဲ့ဘက်သွားဘို့  မြောင်းဘောင်ကိုကျော်ခွမယ် အလုပ်မှာ ဘေးကဖြတ်သွားတဲ့ရွာခံလူက အော်လိုက်တာ ထွက်ပြေးယူရတယ် ။ ဟေ့ အဲ့အပင်နား လက်ပံပွင့်သွားကောက်မလို့လား ? မနေ့ကမှလူတယောက် လက်ပံပွင့်ကောက်ရင်းကနေ အဆုံးစီရင်သွားတာတဲ့လေ အော်ပြောတာ မပြေးဘဲနေမလား ။

ဆိုင်ကယ်တွေကို ရွာဘက်သို့ဆက်မောင်းလာကြပြီး တဝါးဝါးနဲ့ပြောပြီးရယ်ကြ မောကြပြီး ရွာမဝင်ခင်နားမှာ မုန့် လာပို့တဲ့အသိ သုံးဘိမ်းဆိုင်ကယ်က ဝုန်းဆို ရှေ့ဘီးပြုတ်ထွက်သွားတာ လန့်အော်ရင်းကြည့်လိုက်တော့ ရွာက အမေ့တူမရဲ့မုန့်ဆိုင်ကို လာပိုတဲ့လူဖြစ်နေတာ ။ ဒါနဲ့ ဆိုင်ကယ်တွေရပ်ပြီး ဟိုမေးဒီမေးလုပ်ပြီး သူကလဲရွာက လူကို သူ့ လာခေါ်ဘို့လမ်းကြုံပါးလိုက်ရော ။ ဆက်သွားမယ်လုပ်တော့ မောင်လေးနဲ့မမကို လှမ်းကြည့်မိတာ အဲ့ပျက်နေတဲ့ မုန့်ထုတ်တွေချိတ်ထားတဲ့ သုံးဘီးဆိုင်ကယ်နားသွားပြီး ဆယ်ဖီဆွဲနေတာ ။ သူတို့ နဲ့ ဒုက္ခဘဲ ။

IMG_20180222_153626.JPG

ကိုယ်တွေကဘဲ ရွာသူဖြစ်နေလို့လားမသိ ပျော်စရာကောင်းတယ် ရွာပြန်ရတဲ့အချိန်တိုင်းမှာပေါ့ ။

ဆက်ရန် ………

@pyaesonekhinkhin

MSC 021

Sort:  

ဖတ်ကောင်းပါတယ်.. အဆက်ပိုင်းမျှော်နေမယ်အမ

အခုက မန်းလေးမှာ နေတာပေါ့

ဟုကဲ့

ဆက်ဖီးအဆွဲကောင်းတယ် ဟားးး

ခ်ခ် ရိုက်ပျစေတွေ

ရွာပဲကောင်းတယ် မြို့ကအသေကြပ်မနေကြပ်နဲ့

ဟားး နေရာကလဲကျဉ်းတယ် ရွာကအကျယ်ကြီး

လက်ပံပွင့်လေးတောင် မကောက်လိုက်ရဘူး.. :D

အေးဆို မလဲရုံဘဲ ပြေးလိုက်ရတာ

ရွာသွားပြီး​ဈေး​ရောင်းတာလား​အေ

ဟုဖူး လမ်းကြုံ ဆယ်ဖီ

လက်ဆောင်ယူခဲ့ပါ

ယူခဲ့မယ် ဇီးသီး ဖရုံသီး ပဲသီး

ဟို ​အော်​​ပြောတဲ့သူမရှိရင်​ လက်​ပံပင်
တ​ဆေနဲ့ ဆယ်​​ဖီဆွဲတာကြည့်​ရမှာ ​အေ
ဘာ​ကြောင့်​များ​ပြောလိုက်​တာပါလိမ့်​ 😀😀

အမလေး

ဆက်ပါ

ဟုကဲ့

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64614.75
ETH 3444.80
USDT 1.00
SBD 2.55