ပွင့်သောပန်းတိုင်း လန်းစေချင် အပိုင်း (၂)

in #myanmar7 years ago (edited)

image
ဒေါင်ဒေါင်ဒေါင် ....
ကျောင်းဆင်းခေါင်းလောင်းထိုးသံနှင့်အတူ ကျောင်းသားများ တစ်ပျော်တစ်ပါး ဆင်းကြသည်။ သက်ထားလည်း လွယ်အိတ်ယူကာ ဆရာမ ဒေါ်မြဆင့် အိမ်သို့ ထွက်လာခဲ့သည်။ ဆရာမဒေါ်မြဆင့်၏သင်ကြားပို့ ချချက်များကို အားကြိုးမာန်တက်သင်ယူကာ အချိန်ကုန်မှန်းမသိ ကုန်လာခဲ့သည်။
သမီးရေ ဒီနေ့ တော့ဒီလောက်ပဲ။၅နာရီတောင်ထိုးသွားပြီသမီး ရလား ပြန်ရဲရဲ့လား ဆရာမလိုက်ပို့ ရမလား '။
ဆရာမ အမေးကို သက်ထားသွက်လက်စွာ ခေါင်းခါလိုက်သည်။ ရပါတယ်ဆရာမ သမီး ပြန်ရဲပါတယ် ၆နာရီမှ မှောင်မှာ သမီး မြန်မြန်စီးရင် ၄၅မိနစ်ဆို ရွာရောက်ပါပြီ ဆရာမ ' ။
အေးအေးသမီး ဒါဆိုလည်း စက်ဘီးဂရုစိုက်စီးအုံးနော် ' ။ ဆရာမ စကားကို သွက်လက်စွာ ခေါင်းငြိမ့်ကာ စက်ဘီး ပေါ်တက်ပြီး စီးလာခဲ့သည်။
ဆရာမဒေါ်မြဆင့်ကို သက်ထားလေးစားသည်။ သက်ထားကျူရှင်ယူဖို့ အဆင်မပြေမှန်းသိ ၍အပင်ပန်းခံကာ အချိန်ပိုယူ သင်ပေးခြင်းပင်။ ဆရာမကို ဒိထက်ပိုပြီး မပင်ပန်းစေချင်ပေ။ ဒီလမ်းဒီခရီးသည် သက်ထားအတွက် ရေအိုးနှင့် ရေမှုတ်ပင်။
စက်ဘီးကို သွက်သွက်စီးလာသောသက်ထား အဝေးမှ ရွာဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ နေလုံးက အနောက် မိုးကုပ်စက်ဝိုင်းတွင် မေးတင်နေပေပြီ။ အမှောင်ရိပ်နှင့် အလင်းအနည်းငယ်အားပြိုင်နေသည်။
ရှေ့ မှ လျိုရိုးကို ဖြတ်ပြီး ယာ ခင်း ဆယ်ခင်းလောက် ကျော်လျှင်တော့ ရွာဝင်ပေပြီ။ အိမ်ပြန်ချင်စောဖြင့် လျိုအကွေ့ တွင် ခက်သွက်သွက် စီးလိုက်သည်။
ဝုန်း !!
အား. ..!!
သက်ထားလူကော စက်ဘီးကောု လျိုတွင်းသို့  နောက်ပြန်ကျသွားသည် ။ သမီးသက်ထား ရလား ။အသံကြောင့် သက်ထား လဲရာမှ ထထိုင်ကာ ကြည့်လိုက်တော့ ရွာမှ ဦးကြီးအောင်ကို တွေ့ ရသည်။ တစ်ဖက်မှလာသော ဦးကြီးအောင်စက်ဘီးနှင့် သက်ထား စက်ဘီး ၀င်တိုက်မိခြင်းပင်။
ဦးကြီးအောင်ကိုမြင်တော့ သက်ထား အားတက်သွားသည်။ ဦးကြီး အောင်က ရွာတွင် လူကြီးလူကောင်းဖြစ်သည်။ ရပ်ရေးရွာရေး အကုန်လုံးတွင် ဦးကြီးအောင်မပါလျှင် မပြီးချေ ။ လူငယ် ၊လူကြီး ၊ ကလေးပါမကျန် တစ်ရွာလုံးက ဦးကြီးအောင် ကို လေးစားကြသည် ။ သက်ထား ထရပ်လိုက်သောအခါ ဦးကြီးအောင် ကဘေးနားရောက်လာသည်။ သက်ထား လက်မောင်း တစ်ဖက်ကို ကူတွဲလိုက်သည်။ ရပါတယ် ဦးကြီး '
သက်ထားပြောရင်း မော့ကြည့်လိုက်သော အခါ ဦးကြီးအောင် ၏မရိုးသားသော မျက်လုံးများ နှင့်ဆုံမိသည်။ ကလေး သာဖြစ်သေးသော်လည်း လူကောင်းလူဆိုးကို သက်ထားခွဲတတ်သေးသည်။ လက်ကို ဇွတ်ရုန်းသော်လည်း သက်ထား နောက်ကျသွားခဲ့ပေပြီ။ အနောက်မှ နေလုံးက တောင်အောက်သို့ ငုံ့ လျိုးပျောက်ကွယ်သွားသည်။ ကလေးတစ်ယောက် ၏ကံကြမ္မာဆိုးကို သူမသိနိုင်တော့ပြီ။ ဒီအချိန်ဆို အိမ်မှ ထမင်းဝိုင်းတွင် အဖေနှင့် အမေ သက်ထားကို မျှော်နေရှာရော့မည် .....။
ဒေါ်ထားမြင့်တစ်ယောက် ထမင်းစားပွဲတွင် စိတ်လေးနေမိသည်။
ခင်ပွန်းဖြစ်သူဦးသက်လွင်က ရွာအလှူရှိ ၍ ပြန်မလာသေး ။ နာရီကို လှမ်းကြည့်တော့ ၆နာရီခွဲနေပေပြီ။ အပြင်ဘက်တွင် အမှောင်ထုက ကြီးစိုး
နေသည်။ ချစ်ရတဲ့သမီးလေးသက်ထား ဒီချိန်ထိ နောက်မကျဘူးပေ။ အချိန်ပိုရှိသည်ဟု သူ့ သူငယ်ချင်းမလေးလာပြောသောကြောင့် အေးအေးသာနေခဲ့သည်။ ယခင်က အချိန်ပိုရှိလျှင်တောင် ဒီလောက်ထိ နောက်မကျဘူးပေ။
စိတ်ပူပန်စွာဖြင့် အလှူအိမ်သို့ ထွက်လာမိသည်။ ဦးသက်လွင်ကို ပြောရမည်။ အလှူအိမ်အရောက် ဒေါ်ထားမြင့် ပြောစကားကြောင့် ရွာမှ လူကြီးများ စိတ်ပူသွားကြသည်။
ယောက်ကျာ်း လေးငါးယောက် မိန်းမ၃ယောက်လောက် လူစုကာ ဦးသက်လွင် ဒေါ်ထားမြင့်နှင့် အတူ သက်ထားကို ရှာ ရန်ရွာသစ်ဘက် လမ်းဆီသို့ လိုက်ပါလာကြသည်။
လျိုရိုးအတွင်းမှ တွေ့ လိုက်ရသော မြင်ကွင်းကြောင့် ဒေါ်ထားမြင့်မိုက်ခနဲ ဖြစ်သွားသည်။ သက်ထားက မြေပေါ်တွင် သတိလစ်နေသည်။ ခန္ဒာကိုယ်တွင် သွေးများ ဖြင့်ပေလူး ၍
အ၀တ်အစားများလည်း စုတ်ပြတ်နေသည်။ ခနအတွင်းပင် ဒေါ်ထားမြင့် အခြေအနေကို သဘောပေါက်သွားသည်။ အမလေး အမေ့သမီးလေးရဲ့ 'ဒေါ်ထားမြင့် ၏၀မ်းခေါင်းသံဖြင့် အော်ဟစ်ငိုလိုက်သံအဆုံး ခင်ပွန်းဖြစ်သူ ဦးသက်လွင်က ချစ်သမီးကို ယူကြုံး မရကောက်ပွေ့ လိုက်သည်။ ခနအတွင်းတွင် အော်ဟစ်ငိုယိုသံများ ဆူညံပွက်လောရိုက် သွားလေသည်။
သက်ထားအားရွာသစ်ဆေးရုံတွင် တက်ရောက်ကုသနေရပြီး တရားခံဖြစ်သူ ဦးကြီးအောင်အား သူ့ အိမ်မှထွက်ပြေးမည်အလုပ် ရွာသစ်ရဲစခန်းမှ ဖမ်းမိခဲ့သည်။
တရားရုံးတော်တွင် သက်ထားအမှုအား စစ်ဆေးသည်။ ဦးသက်လွင်မှဦးကြီးအောင်အား လူအများ ဆွဲထားသော ကြားမှ ထထိုးကာ လည်ပင်းညှစ်သောကြောင့် ဦးသက်လွင်အား ၀ိုင်း ၍ ချုပ်ထားရသည်။ အဖေလုပ်သူ ဦးသက်လွင်ရင်ထဲတွင် ရင်နှင့်မမျှအောင် ခံစားနေရသည်။ ဖြစ်နိုင်လျှင် ဦးကြီးအောင်ကို သတ်ပစ်ချင်သည်။ ငါ့သမီးလေးမှာမှ အဖြစ်ဆိုးကြုံရလေခြင်းဟူသော ဖြေမဆည်နိုင်စိတ်က ရင်နှင့်အမျှကြီးစိုးနေသည်။
လူရိုးကြီးဦးသက်လွင်ခမျာ နေ့ စဉ်နှင့်အမျှ သမီးဘေးနားသွား၍ အားပေးစကားပြောလိုက် အရက်ကို အဖော်ပြုလိုက် ၊ ကျိတ်၍မျက်ရည် ကျလိုက်ဖြင့် ဘ၀ကို ဖြတ်သန်းနေရတော့သည်..........

Author: Pyae Sone Aung
MSC.023

Sort:  

အရေးအသားဒေလန်းဘာဒေ

ကျေးဇူးပါဗျ

မိဘတိုင်းဒီအဖြစ်ဆိုးမျိုးမှ မကြုံကြပါစေနဲ့ဗျာ

ဟုတ်တယ် ဘဒိုရေ

အပိုင် ၂ ကိုစောင့်မျှော်နေပါတယ်။

အပိုင်းသုံးမျှောာ်ရမှာပါဗျာ

ငိုရအောင်လာဖန်ပြန်ပြီလေ

ဇာတ်သိမ်းပိုင်းက ပိုငိုရမယ်ချစ်ရေ

အားပေးလျှက်

ဖတ်ရတာခံစားရတယ်၊စိတ်မကောင်းစရာ

ကျေစဇူးပါအမရေ

ဇာတ်​လမ်း​ကောင်း​​လေးပါ

ကျေးဇူး

ဝမ်းနည်းစရာဇာတ်လမ်းလေးပဲ။

ရင်ကိုထိစေတယ်လေ....

ကောင်းတယ်

စေစကဈးဇူး ဘဒို

ခံစားရတယ်​ ဖတ်​တဲ့သူရင်​ထဲထိပါတယ်

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 65777.74
ETH 2616.43
USDT 1.00
SBD 2.68