အမြဲတမ်းပြုံ​နေသူ

in #esteem6 years ago (edited)

image
တစ်ချို့လူတွေကို ကြည့်ကြည့်လိုက်ရင်
အမြဲပြုံးပျော်ပြီး သွက်လက်နေတာကို တွေ့ရလိမ့်မယ် ။
သူတို့ရဲ့
အမြဲလိုလို ကြည်နူးစရာရုပ်ပုံလေးတွေ ၊ အကျိုးရှိတဲ့အကြောင်းလေးတွေနဲ့ ပြည့်နှက်နေလိမ့်မယ် ။

ဒီလူတွေဟာ အရာခပ်သိမ်း အဆင်ပြေနေကြတာတော့ မဟုတ်ဘူး ။
သူတို့မှာလည်း သူတို့အတိုင်းအတာနဲ့ စိတ်ညစ်စရာလေးတွေ ရှိကြတာပါပဲ ။
ဒါပေမယ့် တိုးတိုးတိတ်တိတ်ဖြေရှင်းပြီး
ဘဝကိုနေပျော်အောင်နေကြတော့ ဘေးလူကကြည့်ရင် အပူပန်မရှိဘူး ထင်ရတာပေါ့ ။

တကယ်တော့ သူတို့ဟာ ....
လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ငြူစူနေတာထက်
ရင်ဆိုင်ဖြေရှင်းပြီး ပြေလည်အောင်လုပ်လိုက်ကြတယ် ။
ဖြစ်ပြီးတဲ့ ပြဿနာတွေနဲ့ အကြောင်းတရားတွေကိုတော့
လက်တွေ့ဘဝထဲကို သယ်မလာတော့ပဲ စိတ်ရှင်းရှင်းနဲ့ နေလိုက်ကြတယ် ။
အနာဂတ်အတွက် ဘာဆက်လုပ်ရမလဲဆိုတာကိုပဲ အချိန်ပေးတွေးပြီး တစ်ပါးသူအကြောင်းတွေကို စိတ်မဝင်စားတတ်ကြဘူး ။

ဒီလိုကြောင့် သူတို့ဘဝလေးတွေကိုကြည့်လိုက်ရင် ပတ်ဝန်းကျင်ကပါ ကြည်နူးသွားကြရတယ် ။
တကယ်တော့ လူတိုင်းဒီလိုစိတ်ကလေးပေါ့ပေါ့ပါးပါးနဲ့ ရှေ့ဆက်လို့ရပါတယ် ။
ဒါပေမယ့်လည်း
အဆိုးမြင်တတ်တဲ့ ဝါဒတွေကြောင့် မပျော်မရွှင်နဲ့
ကိုယ့်ကိုမြင်ရင် ပူလောင်နေတဲ့ မီးတောက်လိုပဲ သူများပါ ညှိုးနွမ်းကြရကုန်တယ်လေ ။

###— မာရင်ရင် •
SMT-59 @pocker

Sort:  

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly � Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

SMT67
that right nyi

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30