Heardware Basic for mobile (learning 1)

in #myanmar7 years ago

Heardware ပိုင်းတွင် ဟန်းဆက် တစ်လုံး အတွက် ထောက်ပံ့ပေးသော အခြေခံပစ္စည်း (၆)မျိုးရှိသည်။

1.Resistor
2.Condenser (or) Capacitor
3.Diode
4.Coil
5.Transistor
6.Fuse တို့ဖြစ်သည်။Resistor,.Condenser and Coil တို့သည် အသုံး အများဆုံးဖြစ်သည်။

1.Resistor

images.jpg
Resistor လေးများကို ဖုန်းပတ်လမ်းနေရာတော်တော်များများတွင် တွေရသည်။Resistor ၏ ခုခံမှုတန်ဖိုး အလိုက် Volt လမ်းကြောင်း ၊ အချက်ပြလမ်းကြောင်း ၊ Data လမ်းကြောင်းများတွင် အသုံးပြုကြသည်။ Charging အ၀င်လမ်းကြောင်း ၊ DC အပေါင်း Volt ပေးသွင်း သော လမ်းကြောင်းများတွင် ခုခံမှု တန်ဖိုးနည်းသော Fuse Resistor လေးများ ပျက်စီးသွားခြင်း ဖြင့် Circult ပတ်လမ်းကို လောင်ကျွမ်း ခြင်းမှ ကာကွယ်ပေးပါသည်။ ခုခံမှု OHM တန်ဖိုး များသော Resistor များကို Network ပိုင်းနှင့် CPU လမ်းကြောင်းများတွင်တွေ့ရသည်။ Phone circuit ပတ်လမ်းတစ်လျောက်တွင် တွေ့ရသော Resistor များသည် OHM တန် ဖိုး ပုံသေ ဖြစ်သော Fix Resistor များဖြစ်သည်။

2.Condenser (or) Capacitor

com.jpg
(a) Filter Capacitor
Battery အ၀င်ပတ်လမ်းတွင် ၄င်းတို့ကို ၂လုံးမှ ၄လုံးအထိ တွေ့ရသည်။Circuit ပတ်လမ်းရှိ DC volt ကို တည်ငြိမ်အောင် ထောက်ပံ့ ပေးပြီး AC အသွင် အနှောက် အယှက် လှိုင်းများကို ဖျက်ဆီးပေးပါသည်။ ၄င်းတို့ကို Circuit ပေါ်တွင် volt လိုင်းနှင့် ground လိုင်း အကြား အပြိုင် ချိတ်ဆက်ထားည်။Circuit အ၀င် လမ်းရှိ Capacitor များ ပျက်ဆီးလျှင် Shock ကျပြီး power မတတ်နိုင်တော့ပါ။

(b) Coupling Capacitor
Circuit ပေါ်တွင် အဓိက အသုံးပြုသောနေရာမှာ IC တစ်ခုနှင့်တစ်ခုကြား Section တစ်ခုနှင့် တစ်ခုကြား Singal အချက်ပြ လှိုင်းများ ပေးပို့ရာ တွင် အသုံးပြသည်။IC တစ်လုံးနှင့် တစ်လုံးအကြား Volt အနဲ အများ ပြောင်းလဲ မှုကြောင့် IC များပျက်စီးခြင်းကို ကာကွယ်ပေးပြီး Network ပိုင်းရှိ RF Singal ကို IC တစ်လုံးမှ အခြား IC တစ်လုံးသီု့ ပေးပို့ရာတွင် အသုံးပြုသည်။Coupling Capacitor များသည် Volt ပေးသွင်းသည့်လမ်းကြောင်းနှင့်သတ်ဆိုင်မှု မရှိသည့် အတွက် အပျက် အဆီး မရှိပါ။SPK, MIC,Network နှင့် LCD လမ်းကြောင်းများတွင် တွေ့ရပါသည်။

(c)Bypass Capacitor
၎င်း Capacitor လေးများကို Network နှင့် အခြား Singal လိုင်းများ စစ် ပေးရာတွင် အသုံးပြုသည်။RF Frequency များနှင့် အတူရော ပါလာသော နှောက်ယှက် လှိုင်းများကို ခွင်ကျ လှိုင်းအဖြစ် ထုတ်ယူရာမှာ coil , Capacitor များနှင့်တွဲ ဖက် အလုပ် လုပ်ပြီး မလိုအပ် သော လှိုင်းများကို Ground ချ ပေးခြင်းဖြင့် စစ်ယူပေးသည်။Bypass Capacitor များ သည် volt လမ်းကြောင်းနှင့်စပ် ဆပ်မှုမရှိပါ ။ အပျက် အများဆုံးက input filter နှင့် Out put filter Volt အ၀င် အထွက်လမ်းကြောင်းတွင်ရှိသည်။

Capacitor တွင် Series နှင့် Parallel ဟု နှစ်မျိုးရှိသည်။
series ဆက်လျှင် သိုလှောင်မှု တန်ဖိုးနည်းမည်။
Parallel ဆက်လျှင်သိုလှောင်မှု တန်ဖှိုးများမည်။

(3)Diode

diode.png
(a)Rectifier diode
(b)Zener Diode
(c)LED Diode
(d)Photo diode
(e)Schottky diode
(f)ESD/TVS Diode

(a)Rectifier diode
AC Volt အားကို DC Volt အား အဖြစ်ပြောင်းလဲရာတွင် အသုံးပြုသူသည်။Diode Cathode + နှင့် Anode - ဟုရှိသည်။Anode - မှ AC Volt အားပေးသွင်းလျှင် Cathode + ဘက်မှ အပေါင်း Volt ထွက်သည်။ Cathode + ဘက်မှ AC Volt အားပေးသွင်းလျှင် Anode - မှ DC - volt ထွက်သည်။DC Volt အားကိုတစ်ဖက်တည်းစီးဆင်းခွင်ပြုသည်။ Battery အ၀င် အထွက် လမ်းကြော့င်းတွင် တွေ့ရသည်။
Volt အားပေးသွင်းမှူ အပေါင်း အနုတ် မှားပါက IC ပျက်ဆီးမှု မရှိအောင် ထည့်ပေးထားခြင်းဖြစ်ည်။

AC မှ DC ပြောင်းသော circuit တွင် Rectifier diode
တစ်လုံးဖြစ်ပါက Half wave Rectifier
နှစ်လုံးဖြစ်ပါက Full wave Rectifier
လေးလုံးဖြစ်ပါက Being Full wave Rectifier

(b)Zener Diode ဆက်ရန်...... Heardware Basic for mobile (learning 2)............

MSC-071
@phyozawooburmes
Photo credit ; Google image

Sort:  

အခုလိုရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်ဗျာ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

ကျွန်တော်လည်း eletronic ပိုင်းကိုလေ့လာနေတာဗျ ၊ ထဲထဲဝင် ဝင်တော့နားမလည်သေးဘူး ၊ ပြောရရင်ဖုန်းတစ်လုံး တည်တောက်ထားပုံ ၊အလုပ်လုပ်ပုံ အသေးစိတ်နားလည်ချင်တယ် သိချင်တယ် ၊သိရင်ဆက်ပြီးပြည့်ပြည့်စုံစုံရေးပေးပါဦး ၊

ဟုတ်ကဲ့ ဆက်ပြီးတင်ပြပေးသွားပါမယ်ခင်ဗျာ

Good, love it work.thank you brother.
Waiting for next post.💖💖💖

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64359.49
ETH 2619.41
USDT 1.00
SBD 2.83