ဘီးလိယက်နှင့် ကျွှန်တော် ၏ ဆုံးဖြတ်ချက်

in #life7 years ago (edited)

ကျွန်တော် တကယ် ဘီးလိယက် မထိုးတတ်ပါဘူး။ ဒါပေမယ် ကျွန်တော် ဘီးလိယက် ခုံ ကိုသူငယ်ချင်းတွေခေါ်လို့ လိုက်သွားလိုက်တယ်။ကိုယ်ကိုယ်တိုင်လည်းလိုက်ချင်တာပါတာပေါ့။
ဘီးလိယက်ခုံရောက်တော့ဖဲတွေစဝေကြတယ်။သူတို့ကတစ်ယောက်ကိုဖဲရှစ်ပြားကျွန်တော်ကိုမထိုးတတ်လို့ဆိုပြီး ဖဲငါးပြားဘဲ ပေးတယ်၊ အဲ့တာနဲ့ထိုးကြတာပေါ့။21761522_1761564780810164_2751963690756872650_n.jpg

ဇယ်သီးတွေမှာက နံပတ်တွေရှိတယ် ကိုယ့်ဖဲမှာ ပါတဲ့နံပတ်နဲ့တူတာထိုးရတာဆိုတော့အေးဆေးပေါ့၊ဒါပေမယ့် ပြဿနာ စတာကဖဲ ချပ်မှာ ပါတဲ့ K,Q,J ဆိုတဲ့ဟာတွေ ကျွန်နော်မသိဘူး။ သူငယ်ချင်းတွေကိုမေးတော့သူတို့က ကျွန်တော့ကို ဝိုင်းလှောင်ကြတာပေါ့။

မတတ်နိုင် ဘူးလေ ကိုမှ မသိတာ အလှောင်ခံရတာပေါ့ 😀။တစ်ယာက်တစ်လှည့်ကိုယ်စီထိုးကြရင်းကျွန်တော့ အလှည်ရောက်တော့ ထိုးဆိုလို့ ထိုးလိုက်တာသူတို့ပြောတဲ့လက်ကိုင်သီးဆိုတဲ့အဖြူရောင်အလုံးလေးကြွင်းထဲ ကျသွားပါလေရော။
ဘာမှမသိတဲ့ကျွန်တော်ကကိုယ်ထိုးတဲ့အလုံးကျသွားတော့ပျော်ပြီးငါကွလို့မာန်ချီမယ်ရှိသေးသူငယ်ချင်းတွေကဝိုင်းရယ်ပြီး ဖဲတစ်ချပ် ထပ်ပေးတယ်၊အဖြူလုံးဝင်ရင်မရဘူးတဲ့ ဖဲတစ်ချပ်ဆွဲရတယ်တဲ့။ အဲ့တာနဲ့ ကျွန်တော့မှာ ပထမ ရှိတာ ဖဲ ငါးချပ် ခုတစ်ချပ်ဆွဲလိုက်ရတော့ ဖဲ ခြောက်ချက်ဖြစ်သွားရော 😃။21731603_1761564707476838_179011245232464873_o.jpg

ဆက်ထိုး ရင်းနဲ့ ကျွန်တော့အလှည့်ရောက်တော့ ကျွန်တော် ထပ်ထိုးတယ် အခြားအသီးကို အဖြူသီးနဲ့ ဝင်အောင်တိုက်ထိုးတာ ပေါ့။ ထိုးလိုက်တယ် အားရပါးရ၊ ဒါပေမယ် ကျတော် တိုက်ထိုးလိုက်တဲ့ အသီးကို မထိဘဲ လွဲပြီး အဖြူသီး တစ်လုံးထဲ ခုံးပေါ်မှာ ပတ်ပြီးသွားနေတယ်။

အဖြူသီး ရပ်သွားတော့ ကျွန်တော့ကို အားပေးလိုက်ပါဦးဆိုပြီး ဖဲတစ်ချပ်လာပေးတယ်၊ ကျွန်တော်က ဘာလဲပေါ့အဖြူသီးလည်းကျ မသွားပါဘူးပေါ့။မဟုတ်ဘူးတဲ့ တစ်လုံးမှ မထိလို့ ဖဲတစ်ချပ်ဆွဲရတာတဲ့၊ သြော် အဲ့လိုလားဆိုပြီး တစ်ချပ်ယူလိုက်ရတယ် စုစုပေါင်း ခုနှစ်ချပ်။ နောက်တစ်လှည့် ကျွန်ထပ်ထိုးရပြန်တယ်၊ သေချာချိန်ပြီး သေချာထိုးလိုက်တာ တန်းပြီးတော့ ဝင်ခါနီး အပေါက်ဝနားရောက်မှ ဇယ်သီးက ဘာနဲ့ ခုပြီးတော့လဲ မသိဘူး ခုံအပြင်ကို ပြုတ်ကျသွားတယ်။21730798_1761564790810163_7233647597706397717_n.jpg

ကျွန်တော်လဲ ဘာမှ ပြောမနေတော့ဘူး ဖဲတစ်ချပ်ထပ်ဆွဲလိုက်တယ် ၊ သူတို့က ရတယ် ပြုတ်ကျတာ ဖဲမဆွဲရဘူးဆိုပြီးပြောတော့မှ တော်သေးတာပေါ့ဆိုပြီး သတ်ပြင်းချလိုက်ရတယ်။
နောက်တော့ကျွန်တော်လည်း ကြိုးစားပြီး ထိုးရင်း ကစားရင်းနဲ့ အတော်အသင့်ထိုးတတ်သွားပါတယ်။ နောက်နေ့ကျပြန်တော့လည်း သူတို့နဲ့အတူ လိုက်သွားပြီး ဘီးလိယက် ကစားကြည့်တယ် ပထမ နေ့ကလောက် မခက်တော့ဘူး။

ဆော့ရင်း ဆော့ရင်းနဲ့ သုံးနာရီလောက်ကြာသွားတယ်။အမေက စိတ်ပူပြီးဖုန်းလှမ်းဆက်တယ် "သား ဘယ်မှာလဲ”ဆိုတော့ ဘီးလိယက်ဆော့နေတယ် လို့ပြောလိုက်ရော ဆူပူပြီး မြန်မြန် ပြန်လာခဲ့တဲ့။ အိမ်ပြန်ရောက်တော့ အမေ က ဆူပါလေရော တချိန် တည်းမှာဘဲ အဖေကပြန်ရောက်လာပြီး အကျိုးကြောင်းသိတော့ အဖေပါထပ်ဆူပြန်ရော။

နောက်နေ့ သူငယ်ချင်တွေက ထပ်ခေါ် သေးတယ် ကျွန်တော် လည်း မိဘတွေမကြိုက်တဲ့ အလုပ်ကို မလုပ်တော့ဘူးဆိုပြီး၊ဒီနေ့ငါမလိုက်တော့ဘူးကွာဆိုပြီးနေခဲ့တယ်။နောက်နေ့တွေနောက်နေ့တွေလည်းသူတို့ကခေါ်တယ်ကျွန်တော်ကမလိုက်ဘဲ ကြည့်ကောင်းအောင်ပြောပြီးနေခဲ့လိုက်တယ်။

ကိုယ် မလုပ်တတ်တဲ့ အရာတစ်ခု ကို လုပ်တတ်ခဲ့ပြီ မိဘတွေက မကောင်းဘူးပြောပြီး တားမြစ်တယ် ဒီတော့ ကျွန်တော်လည်း မိဘမကြိုက်တာ ဘယ်တော့မှ ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
မိတ်ဆွေတို့လည်း ဘယ်အရာမဆို လေ့လာစမ်းသပ်ပြီး အကောင်းနဲ့အဆိုးကို ခွဲခြားဆုံဖြတ်နိုင်ကြပါစေ။

@phyozawooburmes
ကိုယ်ပိုင်ရေးသားသောကျွန်တော်၏ဆုံးဖြတ်ချက်။
Steemit myanmar

Sort:  

ဘိလယက်ဟာ အရက် ဘီယာ မူးယစ်ဆေးဝါး ထက်ပိုကောင်းပါတယ်
ဒါပေမယ့်လို့ အချိန်နဲ့ကန့်သတ်ချက်လေးထားပီးကစားမယ်ဆိုရင်
ဦးနှောက်အာရုံကြောကို ပိုပီတိုးတက်စေပီး ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်းအထူးကောင်းမွန်ပါတယ် ညီငယ်ဆော့တာဟာနည်းလမ်းမမှန်လို့ပါ အားကစားကိုအားကစားလိုသဘောမထားဘဲ လောင်းကစားလုပ်ပီးဆော့မယ်ဆိုရင်တော့ ဒါဟာ ဘယ်သူအမှားလဲ ဝေဖန်ထောက်ပြတာပါ

ဟုတ်ကဲ့

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64081.52
ETH 3398.85
USDT 1.00
SBD 2.62