Mother love part- 1 ( အမေ ရဲ့မေတ္တာ)steemCreated with Sketch.

in #mother7 years ago (edited)

အမေ ရဲမေတ္တာ

အမေဟာ

*ကျွန်တော် တစ်နှစ်အရွယ်မှာ ကျွန်တော်ကို အစာကျွေးခဲ့တယ်။ကိုယ်လက်သန့်စင်ပေးခဲ့တယ်။ဒါပေမဲ့ ကျွန်တော် ကတော့ တစ်ညလုံး ငိုရင်းနဲ့ပဲ အမေကို ကျေးဇူးဆပ်ခဲ့တယ်။


*ကျွန်တော် နှစ်နှစ် အရွယ်ရောက်တဲ့အခါ ကျွန်တော်ကို လမ်းလျှောက် သင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ကတော့ အမေ ခေါ်တဲ့ အချိန် မှာ အဝေးကို ထွက်ပြေးခဲ့တယ်။
*ကျွန်တော်သုံးနှစ်အရွယ်ရောက်တဲ့အခါ ကျွန်တော် စားဖို့ အစားအသောက်တွေကိုမေတ္တာ အပြည့်နဲ့ ပြင်ဆင်ပေးတယ်။ ဒါပေမဲ့ ကျွနိတော်ကတော့ထမင်း ပန်းကန်ကို အဝေးတွန်းထုတ်ပစ်ပြီး သွား ကစားတယ်။
*ကျွန်တော်လေးနှစ်အရွယ် ရောက်တဲ့အခါ ပုံဆွဲဖို့ ရောင်စုံခြယ် ဖယောင်းတွေ ကျွန်တော်ကို ပေးတယ်။ကျွန်တော်ကတော့ ထမင်းစားပွဲကို ညစ်ပတ်နေအောင်ခြယ်ပစ်တယ်။
*ကျွန်တော်ငါးနှစ်အရွယ်ရောက်တဲ့အ ခါ လျှောက်လည်ရင် ဝတ်ဖို့ အင်္ကျီအသစ်တွေ ဆင်ပေးတယ်။ကျွန်တော်ကတော့ အင်္ကျီ အသစ်တွေ ပေတူးနေအောငိ ဆော့ကစားပစ်တယ်။
*ကျွန်တော်ခြောက်နှစ်အရွယ်ရောက်တဲ့အခါ စာသင်ကျောင်းကို လိုက်ပို့တယ်။ကျွန်တော်ကတော့''' ကျောင်းမသွားချင်ဘူး'''လို့  အော်ဟစ်ငိုယိုပြီး အမြဲတမ်း ဂျီကျတယ်။
*ကျွန်တော် ခုနှစ်နှစ် အရွယ်ရောက်တဲ့အခါ ကျွန်တော် ကစားဖို့ အတွက် ဘေ့ စ်ဘော ဘောလုံးတစ်လုံး ဝယ်ပေးတယ်။ ကျွန်တော် ကတော့ အိမ်နီးချင်း အိမ်ရဲ့ ပြတင်းပေါက် ကိုပစ်ခွဲပြီး အမေကို ကျေးဇူး ဆပ်တယ်။
*ကျွန်တော် ရှစ်နှစ် အရွယ်ရောက်တဲ့အခါ ကျွန်တော် ကို ရေခဲမုန့်ဝယ်ကျွေးတယ်။ ကျွန်တော် ကတော့ အမေ အဝတ်အစားပေါ်ကို ရေခဲမုန့် ညစ်ပေစေတယ်။
တေးရေး တေးဆို မင်းဂျွန်စိုး သီဆို ထားတဲ့ "အမေမျက်ရည် ကြွေမှာစိုး" သီချင်းနားထောင်ရင်းဖြငိ့ နှလုံးသားဖြင့် ခံစားရေးသားထားသည်။

နှလုံးသားဖြင့် ရေးသားသူ phyowaiaung

   https://steemit.com/@phyowaiaung
Sort:  

ကောင်းတယ်ညီ

woow very good အားပေးလျှက်ပါ

tag တွဲတဲ့အခါ myanmar ကိုရှေ့ဆုံးကထားပါ

ဟုတ် ခုလို့ပြောပေးတဲ့ အတွက် ကျေးဇူးပါ

good post bro. give my regard to your mother for me.

Really good post @phyowaiaung, thanks.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50