ချောင်းဆိုး​ဆေ​သော​ဆေးများ

in #busy7 years ago

နာတာရှည် ချောင်းဆိုးရောဂါကြောင့် ငွေကုန်၊ လူပန်း ဖြစ်နေကြသူ အများအပြားကို တွေ့ရတတ်ပါတယ်။
သတိမမူမိကြတဲ့ နာတာရှည် ချောင်းဆိုးစေတဲ့ အချက်တွေထဲမှာ သောက်နေတဲ့ ဆေးဝါးတွေလည်း ပါတတ်ပါတယ်။ ဒါကြောင့် လူနာတစ်ယောက်ဟာ ကိုယ်သောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါတယ်။ ဒါ့အပြင် ဆေးတွေရဲ့ တစ်ခုနဲ့တစ်ခု ဓာတ်ပြုမှုတွေ ရှိတတ်တယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။

ချောင်းဆိုးစေတတ်တဲ့ ဆေးဝါးတွေကတော့ -

  1. Lisinopril (သွေးပေါင်ကျဆေး) Enalapril, Quinapril, Ramipril နဲ့ Benazepril စတဲ့ ဆေးအနွယ်ဝင်များဟာ သွေးပေါင်ကျဆေးအဖြစ် အသုံးများပါတယ်။ ဒီဆေးအနွယ်ဝင်များဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတို့အတွက် ဈေးနှုန်းသင့်တော်ပြီး အကျိုးရှိတဲ့အတွက် အသုံးများတဲ့ဆေးများပဲ ဖြစ်ပါတယ်။ Lisinopril ဟာ ဆေးသောက်သူ 3% - 20% မှာ ဆေးသောက်ပြီး ရက်ပိုင်းကစလို့ နှစ်နဲ့ချီအောင် သလိပ်ကပ်၊ ချောင်းခြောက် ဆိုးတတ်ပါတယ်။ တချို့မှာ ချောင်း တစ်ချိန်လုံး ဟန့်နေရတဲ့အတွက် ရာသီလိုက် ဓာတ်မတည့်ရောဂါနဲ့ မှားလေ့ရှိပါတယ်။ Lisinopril သောက်နေသူတွေမှာ ချောင်းခြောက်ဆိုးတဲ့အခါ အကြောင်းအရင်းကို ရှာချင်တဲ့အတွက် ဆရာဝန်ရဲ့ ထောက်ခံပေးမှုအရ 4 ပတ်ခန့် ဆေးဖြတ်ပြီး ပြန်လည်စစ်ဆေးသင့်ပါတယ်။ Lisinopril ကြောင့် ဆိုးတဲ့ချောင်းဟာ 6 လအထိ ကြာတတ်ပါတယ်။

  2. Fluticasone နှာဖြန်းဆေး ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာရည်ယိုခြင်းမှာ အသုံးပြုလေ့ရှိတဲ့ စတီးရိုက် နှာဖြန်းဆေးဟာလည်း ချောင်းခြောက်ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

  3. Carvedilol သွေးတိုးခြင်းနဲ့ နှလုံးအားနည်းရောဂါ စတဲ့ ရောဂါအတော်များများမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီဆေး သောက်သုံးသူ 5% - 8% တို့ဟာ ချောင်းခြောက်ဆိုးတတ်ကြပါတယ်။

  4. Simvastatin သွေးတွင်း ကိုလက်စထရော ကျဆေးတစ်မျိုးဖြစ်ပြီး နှလုံးရောဂါဖြစ်နှုန်းကို လျော့နည်းစေပါတယ်။ ဒါပေမဲ့ 9% သော ဆေးသောက်သူတွေမှာ ချောင်းဆိုးဝေဒနာ ခံစားရတတ်ပါတယ်။

  5. Actonel နဲ့ Fosamax Risedronate ခေါ် Actonel နဲ့ Alendronate ခေါ် Fosmax စတဲ့ အရိုးပါးရောဂါ ဆေးဝါးတွေဟာ 10% သော သောက်သုံးသူတွေမှာ အအေးမိရောဂါလက္ခဏာတွေ၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုတွေ၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှူပြွန် ရောင်ရမ်းမှုတွေကို ဖြစ်စေတတ်ပါတယ်။

  6. Keppra Levetiracetam သို့မဟုတ် Keppra ဟာ အတက်ရောဂါအတွက် သုံးတဲ့ ဆေးတစ်လက်ပဲ ဖြစ်ပါတယ်။ 11% သောသူတွေမှာ ချောင်းဆိုးတတ်ပြီး 14% မှာ နှာစေး၊ လည်ချောင်းနာခြင်းကို ခံစားရတတ်ပါတယ်။ အချုပ်ဆိုရသော် ဆေးများမှာ ဘေးထွက်ဆိုးကျိုးအမျိုးမျိုး ရှိတတ်တဲ့အတွက် ချောင်းဆိုးတာ ပုံမှန်ထက် ပိုကြာနေပြီး ဘယ်လိုလုပ်လုပ် မသက်သာခဲ့ရင် သောက်သုံးနေတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60638.91
ETH 2449.26
USDT 1.00
SBD 2.52